Matthew Perry အကြောင်းဇာတ်ကားရိုက်ကူးမယ်ဆိုရင် ပျော်ပျော်ကြီးပါဝင်မယ်ဆိုတဲ့ Zac Efron

November 12, 2023 Aung Khant Mon 0

မကြာသေးခင်ကရုတ်တရက်ဆုံးပါးသွားခဲ့တဲ့ Matthew Perry အကြောင်းရုပ်ရှင်ရိုက်ကူးမယ်ဆိုရင် Matthew Perry နေရာကနေပျော်ပျော်ကြီးသရုပ်ဆောင်ချင်တဲ့အကြောင်း မင်းသား Zac Efron ကပြောခဲ့ပါတယ်။သူနဲ့ Matthew Perry တို့ဟာ 17 Again ဆိုတဲ့ရုပ်ရှင်ကားမှာအတူတကွသရုပ်ဆောင်ခဲ့ဖူးပါတယ်။ Zac Efron က Matthew Perry ဟာ သူ့အတွက်စံပြပုဂ္ဂိုလ်တစ်ယောက်လို့ဆိုခဲ့ပြီး Matthew […]

Business ဖုန်းပြောဆိုတဲ့အခါ ဒါလေးတွေသတိထားပေးပါ

November 12, 2023 Aung Khant Mon 0

အလုပ်ကိစ္စအတွက်စကားပြောဆိုတဲ့နေရာမှာဖုန်းနဲ့ပြောဆိုခြင်းကအခုချိန်ထိအရေးပါနေဆဲဖြစ်ပါတယ်။ဖုန်းနဲ့ပြောဆိုဆက်သွယ်တဲ့အခါအားနည်းချက်က ပတ်ဝန်းကျင်အနှောင့်အယှက်တွေပေါ်လာနိုင်ပြီးနားလည်မှုလွဲတာ၊ အရေးကြီးတဲ့အချက်အလက်တွေကို သေသေချာ ချာမပြောမိ၊မမှတ်သားမိတာမျိုးတွေဖြစ်တတ်ပါတယ်။ Business ဖုန်းပြောတာက Personal ဖုန်းပြောတာနဲ့မတူဘဲတစ်ဆင့်ပြီးတစ်ဆင့်လုပ်ဆောင်သွားသင့်တဲ့အချက်လေးတွေရှိပါတယ်။ ကိုယ်ကအလုပ်စဝင်ချိန်မှာဖုန်းပြောတာကအစ စနစ်တကျပြောတတ်၊မှတ်တတ်စေဖို့ ဒီအချက်တွေကိုသတိထားသင့်ပါတယ်။ ဘာမှမပြင်ဆင်ထားဘဲဖုန်းကိုမနှိပ်ပါနဲ့ အလုပ်ကိစ္စဖုန်းပြောတဲ့အခါတိုင်း ကိုယ့်အနားမှာချရေးစရာစာအုပ် ဒါမှမဟုတ် Device တစ်ခုခုယူထားပါ။ ကိုယ့်ဘက်ကပြောချင်တဲ့အချက်အလက်၊ မေးရမယ့်မေးခွန်းတွေကိုလည်းအတိုကောက်မှတ်သားထားပါ။ သူ့ဘက်ကပြောတဲ့အရေးကြီးအချက်အလက်တိုင်းကိုလည်းချရေးပြီးမှတ်သားထားဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်အပြည့်အစုံမိတ်ဆက်ပါ ဖုန်းပြောချိန်မှာ First Impression […]

Girls Aloud အဖွဲ့ပြန်လည်စုစည်းပြီး Music Tour နဲ့ဖျော်ဖြေမယ်

November 10, 2023 Aung Khant Mon 0

၂၀၀၂ ခုနစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဗြိတိန်ပေါ့ပ်ဂီတလောကမှာနာမည်ရခဲ့တဲ့ Girls Aloud အဖွဲ့အနေနဲ့လက်ရှိမှာ သီချင်းအသစ်ထွက်ရှိဖို့လုပ်ဆောင်မယ့်အပြင် Music Tour အနေနဲ့လည်းလှည့်လည်ဖျော်ဖြေမယ်လို့သိရပါတယ်။ Girls Aloud အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် Cheryl ၊ Nicola Roberts ၊ Kimberly Walsh ၊ Nadine Coyle […]

သမီးလေးထပ်မွေးတော့မယ့် လီဗြောင်ဟွန်းနဲ့လီမင်ဂျောင်

November 10, 2023 Aung Khant Mon 0

အိမ်ထောင်သက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးလီဗြောင်ဟွန်းနဲ့မင်းသမီးလီမင်ဂျောင်တို့နှစ်ဦးဟာမကြာခင်မှာဒုတိယရင်သွေးလေးရရှိတော့မယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ လီမင်ဂျောင်ကသူမအနေနဲ့ဒုတိယရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့အကြောင်း၊ သမီးလေးဖြစ်တဲ့အကြောင်းလူမှုကွန်ရက်မှာမျှဝေခဲ့တာမို့ ပရိသတ်တွေကထပ်တူဝမ်းသာနေခဲ့ကြပါတယ်။ပရိသတ်တွေက “သားလေးနဲ့သမီးလေးရပြီဆိုတော့ပိုပြည့်စုံသွားတာပေါ့။”“မင်းလိုချောမောတဲ့ကောင်မလေးထွက်လာမှာပါ” ဆိုတဲ့မှတ်ချက်မျိုးတွေရေးသားခဲ့ကြပါတယ်။ လူမှုကွန်ရက်ပေါ်သူမတင်ခဲ့တဲ့ပုံထဲမှာ ပန်းရောင်တွေနဲ့ချည်းအလှဆင်ထားတဲ့အခန်းထဲသူမရဲ့မိတ်ဆွေတွေနဲ့အတူရှိနေပြီး Welcome princess birdie! ဆိုတဲ့စာသားလေးကိုကိုင်ထားတာမို့သမီးမိန်းကလေးမွေးလာတော့မယ်ဆိုတာသေချာနေတာပဲဖြစ်ပါတယ်။လီဗြောင်ဟွန်းနဲ့လီမင်ဂျောင်တို့ဟာ ၂၀၁၃ ခုနစ်ကလက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ ခုနစ်မှာသားလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ ပထမကလေးမွေးဖွားပြီး ၈ နှစ်အကြာမှာသမီးလေးတစ်ဦးထပ်မွေးတော့မယ့်သူမက […]

အလုပ်အင်တာဗျူးတွေကိုဘယ်လို Follow-Up လိုက်မလဲ

November 10, 2023 Aung Khant Mon 0

ကိုယ်ကအင်တာဗျူးတွေဖြေထားပြီးရင် သတင်းကောင်းကိုစောင့်မျှော်နေမိတတ်တာက သဘာဝပါပဲ။စောင့်မျှော်တယ်ဆိုတဲ့နေရာမှာ ဒီအတိုင်းထိုင်စောင့်နေတာထက် ကိုယ့်ရဲ့အင်တာဗျူးကဘယ်လိုအနေအထားရှိတယ်၊ ဆက်မျှော်သင့်မမျှော်သင့်ဆိုတာကိုသိရဖို့ Follow-Up လေးပြန်လုပ်သင့်ပါတယ်။ ဒါမှလည်း နောက်အင်တာဗျူးတစ်ခုထပ်ဝင်သင့်လား၊နောက်အလုပ်သစ်ကိုလက်ခံသင့်လားဆိုတာကို ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ Follow-Up လုပ်တဲ့နေရာမှာ တစ်ဖက်ကိုလည်းစိတ်အနှောင့်အယှက်မဖြစ်ရအောင် ဒီလိုလုပ်ဆောင်နိုင်ပါတယ်။ ကျေးဇူးတင်ကြောင်းပြောပါ                    […]

Season 2 ထွက်ရှိလာမယ့် The Devil’s Plan

November 8, 2023 Aung Khant Mon 0

Netflix ရဲ့ နာမည်ကြီး Game Show တစ်ခုဖြစ်တဲ့ The Devil’s Plan ဟာ Season 2 အနေနဲ့ထွက်ရှိလာမယ်လို့ နိုဝင်ဘာလ(၇)ရက်နေ့မှာ Netflix ကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီ Game Show မှာ မတူညီတဲ့နယ်ပယ်တွေကနေလာကြတဲ့ ကစားသူ ၁၂ ယောက်က ရက်သတ္တပတ်ကြာ Camp […]

ရင်သွေးလေးဆုံးရှုံးဖူးကြောင်းကဗျာစာအုပ်ထဲမှာဖော်ပြခဲ့တဲ့ Megan Fox

November 8, 2023 Aung Khant Mon 0

ညှို့ဓာတ်ပြင်းတဲ့အလှကိုပိုင်ဆိုင်ထားနိုင်တဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့ Megan Fox ကသူမရဲ့ကိုယ်တိုင်ရေးကဗျာစာအုပ်ကိုထုတ်ဝေခဲ့တယ်လို့သိရပါတယ်။သူမရဲ့ကဗျာစာအုပ်ဟာ Pretty Boys Are Poisonous လို့နာမည်ရပြီးမကြာခင်ကထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ ကဗျာနှစ်ပုဒ်ဟာသူမအနေနဲ့သမီးလေးတစ်ယောက်ကိုဆုံးရှုံးခဲ့ရဖူးကြောင်း ရေးသားထားတာဖြစ်တယ်လို့သတင်းသမားတွေကထောက်ပြထားကြပါတယ်။ သမီးလေးကိုကိုယ်ဝန်လွယ်ခဲ့ရပြီး ၁၀ပတ်အကြာမှာပျက်ကြခဲ့တဲ့အကြောင်း သူမကဖော်ပြထားတယ်လို့ဆိုပါတယ်။ “ငါမင်းကိုထိတွေ့ချင်တယ်၊ မင်းရယ်သံလေးတွေကိုကြားချင်တယ်၊ ဒါပေမဲ့နောက်ဆုံးမှာတော့မင်းကိုနှုတ်ဆက်လိုက်ရပြီ” ဆိုတာမျိုးတွေ ရေးသားထားတာဖြစ်ပါတယ်။ Megan Fox ရဲ့သတို့သားလောင်းဖြစ်တဲ့ Machine Gun […]

Career ရွေးချယ်တဲ့အခါလုပ်မိတတ်တဲ့အမှားအကြီးကြီးတွေ

November 8, 2023 Aung Khant Mon 0

ကိုယ်ကအလုပ်မှာမပျော်တာတော့သိပေမယ့် ဘာကြောင့်မပျော်မှန်းလည်းမသိဘူးဆိုတာမျိုးရှိတတ်ကြပါတယ်။ အလုပ်မှာလုပ်သက်ကြာလာပေမယ့်လခတိုးတာ၊ရာထူးတိုးတာတွေလည်း မဖြစ်ပေါ်လာခဲ့ဘူးဆိုရင် ကိုယ့် Career မှာဘာတွေမှားယွင်းနေလဲဆိုတာကို ပြန်သုံးသပ်ဖို့လိုနေပါပြီ။ Career တစ်ခုရွေးချယ်တဲ့နေရာမှာပေါ့ပေါ့လေးလို့ထင်ပြီး လုပ်မိတတ်တဲ့အမှားကြီးတွေရှိနေပါတယ်။ဒီလိုမှား ယွင်းခဲ့မှုတွေထဲကိုယ်ပါနေပြီလားဆိုတာ ပြန်စဉ်းစားကြည့်နိုင်ပါတယ်နော်။ ပထမဆုံးတစ်ချက်က ကိုယ့် Career ကို ကိုယ့်စိတ်ဝင်စားမှု၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့မရွေးချယ်ဘဲတစ်ပါးသူကိုရွေးချယ်ခိုင်းခြင်းပါ။ ဒီနေရာမှာ ကိုယ်ကရွေးချယ်ခိုင်းလို့မဟုတ်ရင်တောင်လူကြီးတွေကအတင်းရွေးချယ်ပေးပြီးလုပ်ခိုင်းတာမျိုးကိုလူငယ်တော်တော်များများကြုံနေရပါသေးတယ်။ ကျောင်းဆရာမပဲလုပ်၊ရုံးဝန်ထမ်းပဲလုပ်ဆိုပြီး ရွေးချယ်ပေးမှုတွေအတိုင်း လျှောက်လှမ်းရတာကဘဝမှာဘယ်လိုမှပျော်ရွှင်စရာကောင်းမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်ကိုယ်လည်းဝါသနာပါ၊အသက်မွေးဝမ်းကြောင်းအတွက်လည်းအဆင်ပြေနိုင်စေမယ့်အလုပ်မျိုးကိုကိုယ်တိုင်ရွေးချယ်နိုင်ဖို့လိုပါတယ်။ […]

EMA ပွဲမကျင်းပဖြစ်ပေမယ့်ဆုအများဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ တေလာဆွပ်ဖ်

November 8, 2023 Aung Khant Mon 0

၂၀၂၃ ခုနစ်အတွက် MTV Europe Music Awards EMA ပွဲကို အစက နိုဝင်ဘာလ(၅) ရက်နေ့မှာပဲရစ်မြို့မှာကျင်းပဖို့ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အစ္စရေး-ဟားမားစ်စစ်ပွဲကြောင့်ဖျက်သိမ်းလိုက်ကြောင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ကကြေညာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဖျက်သိမ်းမှုမျိုးဟာ EMA သမိုင်းကြောင်းမှာ တစ်ခါမှမရှိခဲ့ဖူးပါဘူး။EMA အတွက် ဆန်ခါတင်အနုပ ညာရှင်စာရင်းကို ပြီးခဲ့တဲ့လတွေကထုတ်ပြန်ခဲ့ပြီးလက်ရှိမှာတော့ဆုရရှိသူတွေကိုကြေညာပေးခဲ့ပြီဖြစ်ပါတယ်။ ဒီအထဲမှာတေလာဆွပ်ဖ်က ဆုပေါင်း […]

4 နာရီကြာအစစ်ဆေးခံပြီးအိမ်ပြန်လာပြီဖြစ်တဲ့ G-Dragon

November 8, 2023 Aung Khant Mon 0

မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အစစ်ဆေးခံနေရတဲ့ G-Dragon က ၄ နာရီကြာစစ်ဆေးခံပြီးတဲ့အချိန်မှာ အိမ်ပြန်လာရပြီလို့သိရပါတယ်။ဆေးသုံးမှုရှိ၊မရှိပဏာမစစ်ဆေးချက်မှာတော့ အဖြေက Negative ထွက်ခဲ့တယ်လို့ဆိုပါတယ်။G-Dragon ကတော့ အင်တာ ဗျူးဖြေချိန်နဲ့ ပရိသတ်တွေကိုဖြေရှင်းချက်ထုတ်ချိန်တွေမှာသူ့အနေနဲ့ဆေးသုံးတာမျိုးလုံးဝမရှိကြောင်း ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုပါတယ်။မူးယစ်ဆေးနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေမှာ လုံးဝမကျူးလွန်၊ မပါဝင်ဖူးပါဘူး။ ကျွန်တော်တို့မကြာခင်မှာအဖြေသိရပါလိမ့်မယ်လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ Fan တွေကိုလည်း“တအားမစိုးရိမ်ပါနဲ့။ အစစ်ဆေးခံပြီးတာနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်” လို့ပြောသွားတာတွေ့ရပါတယ်။ သူ့အနေနဲ့ […]