Group Discussion မှာ ဘာတွေမလုပ်သင့်ဘူးလဲ

April 30, 2024 Aung Khant Mon 0

Group Discussion တွေပြုလုပ်တယ်ဆိုတာက အချင်းချင်းအသိပညာတွေဖလှယ်ဖို့၊အကြောင်းအရာတစ်ခုအပေါ် တစ်ဦးချင်းရဲ့ထင် မြင်ယူဆချက်တွေကို ပြောပြနိုင်ဖို့၊အဖွဲ့လိုက်လုပ်ဆောင်မှုနဲ့ ဆက်သွယ်မှုစွမ်းရည်တွေကို မြှင့်တင်ဖို့လုပ်ဆောင်ကြတာဖြစ်ပါတယ်။အ ဖွဲ့လိုက်ဆွေးနွေးတဲ့နေရာမှာ ကိုယ်ပြောချင်တာတွေပြောလိုက်ရုံ ဒါမှမဟုတ်ဘာမှမပြောဘဲထိုင်နားထောင်နေရုံနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ အဖွဲ့လိုက်ဆွေးနွေးမှုတွေလုပ်တဲ့အခါ လိုက်နာသင့်တဲ့အရာတွေနဲ့ရှောင်သင့်တဲ့အရာတွေလည်းရှိပါတယ်။ ကိုယ်ကပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်အဖွဲ့လိုက်ဆွေးနွေးချိန်မှာဒီအချက်တွေကို သတိထားပေးရမှာဖြစ်ပါတယ်။ 1. ဘာကိုမှမစောင့်ဘဲပြောချင်တာကိုအမြန်အဆန်ပြောလိုက်တာမျိုးမလုပ်သင့်ပါဘူး။စကားကိုစွတ်ပြောလိုက်တာက ကိုယ်မပြင်ဆင်ထားတာကိုသိသာစေပါတယ်။ဒါကိုရှောင်နိုင်ဖို့အတွက် တခြားသူတွေဘာပြောနေသလဲဆိုတာကိုစောင့်ပါ၊ကိုယ်ကဒီစကားဝိုင်းမှာ တစ်ခု ခုပြောရမယ်၊ ဘာကိုပြောရမလဲမစဥ်းစားရသေးဘူးဆိုရင်ဒီလိုနားထောင်နေတဲ့အချိန်ကကိုယ့်အတွက်ပြင်ဆင်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်စေပါတယ်။ 2. […]

ကိုယ်လုံးတီးနဲ့ရေကူးလေ့ရှိတဲ့ Nicole Kidman အကြောင်းဖော်ကောင်လုပ်လိုက်တဲ့ Meryl Streep

April 30, 2024 Aung Khant Mon 0

ဝါရင့်မင်းသမီးကြီးနှစ်လက်ဖြစ်တဲ့ Meryl Streep နဲ့ Nicole Kidman တို့ဟာ 2019 ကထွက်ရှိတဲ့ Big Little Lies ရိုက်ကူးစဥ်ကအတူ တူတွဲဖက်သရုပ်ဆောင်ရင်း ဆုံခဲ့ကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့စနေနေ့က လော့စ်အိန်ဂျလိစ်ရှိ Dolby ပြဇာတ်ရုံမှာပြုလုပ်တဲ့ American Film Institute Life Achievement Award Gala […]

Shin Hye Sun နဲ့ Lee Jin Wook တို့ခေါင်းဆောင်ပါဝင်မယ့် အချစ်ဇာတ်လမ်းတွဲ

April 30, 2024 Aung Khant Mon 0

မင်းသမီး Shin Hye Sun နဲ့ မင်းသား Lee Jin Wook တို့ဟာ အချစ်ဇာတ်လမ်းတွဲတစ်ခုမှာခေါင်းဆောင်ပါဝင်မယ်လို့ တောင်ကိုရီးယားတီဗီချန်နယ်ဖြစ်တဲ့ ENA ကအတည်ပြုပြောကြားခဲ့ပါတယ်။ဒီဇာတ်လမ်းတွဲကို To My Haeri လို့ယာယီနာမည်ပေးထားတယ်လို့ဆိုပါတယ်။ Haeri ဆိုတာဟာကိုရီးယားလို အက်ကွဲမှုလို့အဓိပ္ပါယ်ရပါတယ်။ To My Haeri ဟာ […]

Queen of Tears ရဲ့ဇာတ်ဝင်တေးသီချင်းများစတင်ရောင်းချ

April 29, 2024 Aung Khant Mon 0

လက်ရှိမှာလူကြိုက်အများဆုံးလို့ဆိုရမယ့် ကိုရီးယားဒရာမာ Queen of Tears ရဲ့ဇာတ်ဝင်တေးသီချင်းတွေကို စတင်ရောင်းချနေပြီလို့သိရပါတယ်။ဒီဇာတ်လမ်းတွဲထဲက တေးသီချင်းတွေကို Heize ၊ Seventeen မှ BSS၊ Crush လိုပေါ်ပြူလာဖြစ်တဲ့အဆိုတော်တွေနဲ့ တခြားသောအနုပညာရှင်တွေများစွာကသီဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ထဲမှာ ဇာတ်ဝင်တေး 10 ပုဒ်ပါဝင်မှာဖြစ်ပြီးသီချင်းတွေက The Reasons for My Smiles […]

The Lord of the Rings ရုပ်ရှင်ကားသစ်ကိုဒီဇင်ဘာမှာကြည့်ရတော့မယ်

April 29, 2024 Aung Khant Mon 0

The Lord of the Rings ရုပ်ရှင်ကားသစ်ကို ဒီဇင်ဘာလ 13 ရက်နေ့မှာရုံတင်ပြသမယ်လို့ Warner Bros. ကထုတ်ပြန်ထားပါတယ်။ ဒီကားသစ် The Lord of the Rings: The War of the Rohirrim ကို ဒါရိုက်တာ […]

နောင်တစ်ချိန်မှာ အောင်မြင်လာမယ့်သူရဲ့ လက္ခဏာ 8 ချက်

April 29, 2024 Aung Khant Mon 0

အောင်မြင်မှုဆိုတာက လက်ရှိကိုယ်ပိုင်ဆိုင်နေရတာတွေနဲ့တိုင်းတာလို့မရပါဘူး။ သူကလူတွေဆီကိုအချိန်တစ်ခုရောက်တော့မှ တိုးဝင်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လူတွေဟာအကောင်းဆုံးလုပ်နေပေမယ့် အောင်မြင်မှုကိုမရသေးတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အောင်မြင်တော့မယ့်လူတွေမှာ တူညီတဲ့ဝိသေသလက္ခဏာတွေရှိတတ်ကြပါတယ်။ အဲဒီအချက်တွေသာကိုယ့်ဆီမှာရှိတယ်ဆိုရင် တစ်ချိန်မှာအောင်မြင်မှုရမယ့်လူဆိုတာမုချမလွဲပါပဲ။ 1. ဘဝတစ်လျှောက်လုံးသင်ယူနေတယ် သင်ယူခြင်းဆိုတာကိုဘယ်တော့မှရပ်တန့်ပစ်လို့မရပါဘူး။ကိုယ်လုပ်ကိုင်နေတဲ့နယ်ပယ်အတွက်ပဲဖြစ်ဖြစ်၊ ပညာရပ်အသစ်တွေကိုပဲဖြစ် ဖြစ်တစ်သက်လုံးသင်ယူနေရမှာဖြစ်ပါတယ်။ အမြဲတမ်းစူးစမ်းလေ့လာချင်သူ၊ ပညာဗဟုသုတကိုငတ်မွတ်သူအတွက် ဆုတ်ယုတ်နိမ့်ပါးသွားတယ်ဆိုတာမရှိနိုင်ပါဘူး။ အမြဲတမ်းစာဖတ်နေတယ်၊အမြဲတမ်းမေးခွန်းထုတ်နေတယ်ဆိုရင် ကိုယ်ဟာ Smart ဖြစ်တဲ့သူထဲပါဝင်နေပါပြီ။ ဒီလိုတစ်သက်လုံးသင်ယူနေသူတွေဆီကနေ အောင်မြင်မှုဆိုတာဟာလည်း […]

သေဆုံးပြီးမှလုပ်စားခံနေရပြန်တဲ့ အေမီဝိုင်းဟောက်စ်

April 26, 2024 Aung Khant Mon 0

ထူးခြားတဲ့အသံပါဝါနဲ့ အဆိုရှင်ကောင်းတစ်ယောက်၊ ဆန်းသစ်တဲ့စတိုင်လ်ရှိသူတစ်ယောက်အဖြစ်တစ်ကမ္ဘာလုံးကပရိသတ်တွေနှစ် သက် အားပေးခဲ့ရတဲ့အေမီဝိုင်းဟောက်စ်ဟာ 2011 ခုနစ်၊ဇူလိုင်လ၊သူမအသက် 27 နှစ်အရွယ်မှာ အရက်အဆိပ်သင့်ခြင်းကြောင့်ကွယ် လွန်သွားခဲ့တာဖြစ်ပါတယ်။သူမသေဆုံးပြီး 13 နှစ်အကြာမှာ သူမအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်၊အယ်လ်ဘမ်တွေပြန်လည်ထုတ်ဝေခြင်း၊ သူမကို သတိရအောက်မေ့တဲ့အနေနဲ့သူမသီချင်းတွေကိုပြန်ဆိုကြခြင်း စတဲ့အရာတွေကို ဆက်တိုင်လုပ်ဆောင်လာကြတာဖြစ်ပါတယ်။ သူမသေဆုံးချိန်မှာ အယ်လ်ဘမ်နှစ်ခုသာကျန်ရစ်ခဲ့ပေမယ့် သူမရဲ့ဂီတနဲ့ယဥ်ကျေးမှုက Lana Del Rey ၊ […]

ဇာတ်လမ်းတွဲသစ်ရိုက်ကူးနေပြီဖြစ်တဲ့ ကင်မ်ဆောင်ဟို

April 26, 2024 Aung Khant Mon 0

Hometown Cha Cha Cha နဲ့ မြန်မာပရိသတ်အားပေးမှုအများကြီးရခဲ့တဲ့ မင်းသားကင်မ်ဆောင်ဟိုဟာ Hometown Cha Cha Cha ဇာတ်လမ်းတွဲကြောင့် ပေါ်ပြူလာဖြစ်နေဆဲအချိန်မှာပဲ ချစ်သူဖြစ်သူကိုကိုယ်ဝန်ဖျက်ချခိုင်းတယ်ဆိုတဲ့သတင်းကြောင့် အနုပညာလှုပ်ရှား မှုတွေနှောင့်နှေးသွားခဲ့ရပါတယ်။လက်ရှိအချိန်မှာတော့ သူဟာအနုပညာအလုပ်တွေပုံမှန်လုပ်ဆောင်နေပြီး Can this love be translated ဆိုတဲ့ဇာတ်လမ်းတွဲကို စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ […]

တကယ်တတ်ချင်စိတ်သာရှိဖို့လိုပါတယ်

April 26, 2024 Aung Khant Mon 0

အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကိုသင်ယူကြတဲ့အခါ အောင်လက်မှတ်တွေ၊ Certificate တွေကတကယ်ကျွမ်းကျင်တတ် မြောက်ခြင်းဆိုတဲ့ Skills လောက်အရေးပါရဲ့လား။သင်တန်း‌တွေက ပညာရပ်တစ်ခုကိုသင်ပေးတဲ့အခါ အခြေခံသဘောတရားကိုသာအဓိ ကသင်ပေးကြတာပါ။ဒီသင်တန်းကနေဆင်းတာချင်းအတူတူ ဒီဘွဲ့ကိုရတာချင်းအတူတူ အခြေအနေချင်းအတူတူတစ်ယောက်ကပိုပြီးတော်နေတတ်နေတယ်ဆိုရင် ဒါဟာသူ့ရဲ့စိတ်အားထက်သန်မှု၊ လေ့လာမှုနဲ့ပညာကိုလိုချင်မှုကြောင့်သာဖြစ်ပါတယ်။အခုခေတ်မှာဆိုရင် အင်တာနက်ရှိလာပြီမို့ ပညာရပ်တစ်ခုကိုလေ့လာစရာသင်ယူစရာနေရာတွေမှအများကြီးပါ။ လူငယ်တချို့က Graphic Design တော့စိတ်ဝင်စားတယ်၊ အိမ်ကကွန်ပျူတာလည်းဝယ်မပေးဘူး၊သင်ပေးမယ့်ဆရာလည်းမရှိဘူးဆိုပြီး ညည်းတတ်ကြပါတယ်။ တကယ်တော့ပညာရပ်တစ်ခုကိုစိတ်ဝင်စားရင် ကိုယ့်ဦးနှောက်တစ်စုံရှိရုံနဲ့ လေ့လာလို့ရပါပြီ။ […]

အွန်စောနဲ့အတူဇာတ်လမ်းတွဲရိုက်မယ့် Gong Yoo

April 25, 2024 Aung Khant Mon 0

Coffee Prince ၊ Train to Busan ၊ Goblin မင်းသားကြီး Gong Yoo ကအွန်စောနဲ့အတူဇာတ်လမ်းတွဲတစ်ခုကို တွဲဖက်ရိုက်ကူးမယ်လို့သိရပါတယ်။ ဒီသတင်းကို Gong Yoo ရဲ့အေဂျင်စီဖြစ်တဲ့ SOOP က အတည်ပြုထားပါတယ်။ အွန်စောလို့သိကြတဲ့ ဆောင်းဟေဂျိုက တော့ဒီဇာတ်လမ်းတွဲအတွက် စကားပြောဆိုဆွေးနွေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ဇာတ်လမ်းတွဲအကြောင်းအရာကတော့ […]