EMA ပွဲမကျင်းပဖြစ်ပေမယ့်ဆုအများဆုံးပိုင်ဆိုင်နိုင်ခဲ့တဲ့ တေလာဆွပ်ဖ်

၂၀၂၃ ခုနစ်အတွက် MTV Europe Music Awards EMA ပွဲကို အစက နိုဝင်ဘာလ(၅) ရက်နေ့မှာပဲရစ်မြို့မှာကျင်းပဖို့ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့လက်ရှိဖြစ်ပေါ်နေတဲ့ အစ္စရေး-ဟားမားစ်စစ်ပွဲကြောင့်ဖျက်သိမ်းလိုက်ကြောင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ကကြေညာခဲ့တာပဲဖြစ်ပါတယ်။ဒီလိုဖျက်သိမ်းမှုမျိုးဟာ EMA သမိုင်းကြောင်းမှာ တစ်ခါမှမရှိခဲ့ဖူးပါဘူး။EMA အတွက် ဆန်ခါတင်အနုပ ညာရှင်စာရင်းကို ပြီးခဲ့တဲ့လတွေကထုတ်ပြန်ခဲ့ပြီးလက်ရှိမှာတော့ဆုရရှိသူတွေကိုကြေညာပေးခဲ့ပြီဖြစ်ပါတယ်။

ဒီအထဲမှာတေလာဆွပ်ဖ်က ဆုပေါင်း ၃ ဆုနဲ့ Winner ဆုအများဆုံးရရှိသူအဖြစ် စံချိန်တင်ခဲ့တာပါ။ သူမဟာ Anti-Hero နဲ့ Best Artist ၊ Best Live နဲ့ Best Video ဆုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။ နစ်ကီမီနာ့ချ်ကတော့ Best hip-hop ဆုနဲ့ Best US Act ဆုတွေကို
ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Jung Kook(BTS) က Best K-pop ဆုနဲ့ သူ့ရဲ့ Seven သီချင်းအတွက် Best Song ဆုတွေကိုရရှိခဲ့ပါတယ်။ Best Collaboration ဆုကိုတော့ Karol G နဲ့ Shakira ရဲ့ TQG သီချင်း၊ Best New အတွက် Peso Pluma၊ Best Pop ဆုကို Billie Eilish ၊ Best Rock ဆုကို Maneskin နဲ့ Best R&B ဆုကို Chris Brown တို့ကရရှိခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi

၂၀၂၃ ခုနစ္အတြက္ MTV Europe Music Awards EMA ပြဲကို အစက ႏိုဝင္ဘာလ(၅) ရက္ေန႔မွာပဲရစ္ၿမိဳ႕မွာက်င္းပဖို႔ရည္႐ြယ္ခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမဲ့လက္ရွိျဖစ္ေပၚေနတဲ့ အစၥေရး-ဟားမားစ္စစ္ပြဲေၾကာင့္ဖ်က္သိမ္းလိုက္ေၾကာင္းကို ေအာက္တိုဘာလ ၁၉ ရက္ေန႔ကေၾကညာခဲ့တာပဲျဖစ္ပါတယ္။ဒီလိုဖ်က္သိမ္းမႈမ်ိဳးဟာ EMA သမိုင္းေၾကာင္းမွာ တစ္ခါမွမရွိခဲ့ဖူးပါဘူး။EMA အတြက္ ဆန္ခါတင္အႏုပ ညာရွင္စာရင္းကို ၿပီးခဲ့တဲ့လေတြကထုတ္ျပန္ခဲ့ၿပီးလက္ရွိမွာေတာ့ဆုရရွိသူေတြကိုေၾကညာေပးခဲ့ၿပီျဖစ္ပါတယ္။

ဒီအထဲမွာေတလာဆြပ္ဖ္က ဆုေပါင္း ၃ ဆုနဲ႔ Winner ဆုအမ်ားဆုံးရရွိသူအျဖစ္ စံခ်ိန္တင္ခဲ့တာပါ။ သူမဟာ Anti-Hero နဲ႔ Best Artist ၊ Best Live နဲ႔ Best Video ဆုေတြကိုရရွိခဲ့တာျဖစ္ပါတယ္။ နစ္ကီမီနာ့ခ်္ကေတာ့ Best hip-hop ဆုနဲ႔ Best US Act ဆုေတြကို
ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ Jung Kook(BTS) က Best K-pop ဆုနဲ႔ သူ႔ရဲ႕ Seven သီခ်င္းအတြက္ Best Song ဆုေတြကိုရရွိခဲ့ပါတယ္။ Best Collaboration ဆုကိုေတာ့ Karol G နဲ႔ Shakira ရဲ႕ TQG သီခ်င္း၊ Best New အတြက္ Peso Pluma၊ Best Pop ဆုကို Billie Eilish ၊ Best Rock ဆုကို Maneskin နဲ႔ Best R&B ဆုကို Chris Brown တို႔ကရရွိခဲ့တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*