ဟောလိုဝင်းအတွက်မာရီလင်မွန်ရိုးပုံပြောင်းထားတဲ့ Kendall Jenner

October 31, 2023 Aung Khant Mon 0

အောက်တိုဘာလ ၃၁ မှာကျရောက်တဲ့ ဟောလိုဝင်းနေ့အတွက် စူပါမော်ဒယ်လ် Kendall Jenner ကိုထူးခြားတဲ့ပြင်ဆင်မှုနဲ့အတူ တွေ့မြင်ရပါတယ်။ သူမဟာ မာရီလင်မွန်ရိုးရဲ့ပြင်ဆင်မှုအတိုင်းအတုခိုးပြင်ဆင်ထားပြီး ဒီပုံစံဟာလည်း သူမနဲ့ပြီးပြည့်စုံစွာလိုက်ဖက်နေတာကိုတွေ့ကြရပါတယ်။ Kendall ဟာ မာရီလင်မွန်ရိုးရဲ့အမှတ်အသားလို့ဆိုနိုင်တဲ့ ရွှေရောင်ဖျော့ဖျော့ဆံပင်ခွေလေးတွေ၊စင်ရော်တောင်မျက်ခုံး၊ မျက်တောင်ကော့ကော့၊ မှဲ့လေးအပြင် ကိုယ်လုံးအလှကိုပေါ်လွင်စေတဲ့အနက်ရောင်ကိုယ်ကျပ်အကျီကို ဝတ်ဆင်ထားပြီး ရယ် မောပုံကအစမွန်ရိုးလိုခပ်ရွှင်ရွှင်လေးရယ်မောနေပုံတွေကို ဖော်ပြခဲ့တာပါ။ ဒီ […]

ပထမပတ်အတွင်းမှာတင်အချပ်ရေ ၅ သန်းကျော်ရောင်းချရတဲ့ Seventeen ရဲ့အယ်လ်ဘမ်

October 31, 2023 Aung Khant Mon 0

ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Seventeen ရဲ့ ၁၁ ချပ်မြောက် Mini-album ဖြစ်တဲ့ Seventeenth Heaven ဟာ Kpop သမိုင်း ကြောင်းမှာမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ပြီလို့သိရပါတယ်။ သူတို့ရဲ့ Seventeenth Heaven ဆိုတဲ့အယ်လ်ဘမ်အသစ်ဟာ ပထမတစ်ပတ်အတွင်းမှာတင် အချပ်ရ ၅ သန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ Hanteo Chart ရဲ့ဖော်ပြချက်အရသိရပါတယ်။ Seventeen […]

လုပ်ငန်းအတွေ့အကြုံမရှိဘဲ အလုပ်ရအောင်ဘယ်လိုလုပ်ကြမလဲ

October 31, 2023 Aung Khant Mon 0

ကိုယ်ကအလုပ်လည်းလိုချင်နေပြီ၊ အတွေ့အကြုံကလည်းမရှိဆိုရင် လူတော်တော်များများလုပ်ကြတာကကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကနေ အတွေ့အကြုံရှိရန်မလိုသောအလုပ်များလို့ရိုက်ပြီးရှာဖွေကြမယ်။တဖြည်းဖြည်းနဲ့ရှာရခက်လာရင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မယ်၊ Career ရွေးချယ်မှုအပေါ်ဝေဝေဝါးဝါးဖြစ်လာမယ်၊ စိတ်ဓာတ်တွေကျလာမယ်။ ဒါတွေကဖြစ်တတ်ကြတဲ့ပုံစံတွေပါ။ လုပ်ငန်းအတွေ့အ ကြုံဆိုတာက သင်ဘယ်နေရာတွေမှာအလုပ်လုပ်ခဲ့တယ်၊ဘယ်ကျောင်းကနေဘွဲ့ရခဲ့တယ်ဆိုတဲ့အချက်တွေထက် ပိုအရေးကြီးတာမှန်ပါတယ်။ဒါပေမဲ့ လုပ်ငန်းအတွေ့အကြုံမရှိတာတစ်ခုတည်းနဲ့ စိတ်ဓာတ်ကျဖို့မလိုပါဘူး။ကိုယ့်မှာအတွေ့အကြုံမရှိပေမယ့် ဘယ်လိုမျိုးအ လုပ်တစ်ခုရအောင်လုပ်နိုင်မလဲဆိုတဲ့နည်းလမ်းလေးတွေရှိနေပါတယ်။အဲဒါတွေကတော့ … Soft Skill တွေကိုအသုံးချပါ ကိုယ့်မှာအလွယ်တကူဆက်သွယ်ပြောဆိုနိုင်စွမ်းရှိလား၊ကိုယ့်မှာသင်လွယ်တတ်လွယ်တဲ့အရည်အချင်းရှိလား၊ ခေါင်းဆောင်နိုင်မှုအရည် […]

Friends ဇာတ်လမ်းတွဲထဲကမင်းသားကြီး Matthew Perry ကွယ်လွန်ပြီ

October 30, 2023 Aung Khant Mon 0

English Language တိုးတက်ချင်သူတိုင်းကြည့်သင့်တယ်လို့ ညွှန်းခံရလေ့ရှိတဲ့အပြင်မင်းသမီးဂျနီဖာအန်နစ္စတန်ရယ်လို့နာမည်ရလာစေခဲ့တဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတစ်ခုကတော့ Friends ပါ။လက်ရှိမှာ Friends ဇာတ်လမ်းတွဲထဲကမင်းသားကြီး Matthew Perry ဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။ သူဟာ လော့အိန်ဂျလိစ်မှာရှိတဲ့သူ့နေအိမ်ရဲ့ရေချိုးကန်အတွင်းမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူသေဆုံးတဲ့နေရာတစ်ဝိုက်မှာတော့မူးယစ်ဆေးတွေ့တာမျိုး၊ လုပ်ကြံသတ်ဖြတ်ခံရတဲ့အနေအထားမျိုးမတွေ့ရဘူးလို့အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။ Friends ကိုထုတ်လုပ်တဲ့ Warner Bros. Television […]

ခပ်မိုက်မိုက်လေးနေချင်ပေမယ့်နေခွင့်မရပြန်တဲ့ လိပ်ပြာမလေးဟန်ဆိုဟီး

October 30, 2023 Aung Khant Mon 0

The World of the Married ၊ Nevertheless၊ My Name တို့လိုဇာတ်လမ်းတွဲတွေနဲ့ပရိသတ်ရင်ထဲရောက်လာခဲ့ပြီး သူမရဲ့အလှအပကြောင့်ကောင်လေးရောကောင်မလေးတွေပါသဘောကျတာခံနေရတဲ့မင်းသမီးလေးကတော့ ဟန်ဆိုဟီးပါ။ဟန်ဆိုဟီးကအောက်တို ဘာလ ၂၈ ရက်နေ့က သူမရဲ့လက်ရှိအခြေအနေ၊ဘာတွေလုပ်ဆောင်နေလဲဆိုတာတွေအပြင် သူမရဲ့အဘွားဆီသွားလည်တဲ့အကြောင်းတွေကို Blog post တင်ခဲ့တာတွေ့ရပါတယ်။ ဒါအပြင် သူမရဲ့မျက်စိအောက်နဲ့ နှုတ်ခမ်းမှာဖောက်ထားတဲ့ Piercings (ခန္ဓာကိုယ်အပေါက်ဖောက်ခြင်း) […]

အချိန်အကြာကြီးအလုပ်နားပြီးမှ အလုပ်ပြန်ရအောင်ဘယ်လိုလုပ်မလဲ

October 30, 2023 Aung Khant Mon 0

ကိုယ်က ကလေးအတွက်၊ မိသားစုအတွက်နဲ့ အချိန်အကြာကြီးအလုပ်နားလိုက်ပြီးမှအလုပ်ပြန်ရှာရတော့မယ်ဆိုရင် နည်းနည်းတော့ကြောက်လန့်မိတာမျိုးဖြစ်ကြမှာပါ။ ကိုယ့်ရဲ့ Professional အလုပ်ကနေထွက်ပြီး အလုပ်ဆိုတာကိုမေ့ပျောက်ထားလိုက်ပြီးမှ ပြန်ဝင်ရမယ်ဆိုတဲ့အခါကိုယ်နဂိုရခဲ့တဲ့ Position ကိုပြန်ရပါ့မလားဆိုပြီးတော့လည်းစိတ်ပူကြမှာပါ။တကယ်တော့ကိုယ်က အောက်မှာဖော်ပြထားတဲ့အချက်တွေကိုလုပ်ဆောင်ထားမယ်ဆိုရင်နဂိုအနေအထားမျိုးကို လွယ်လွယ်ကူကူပြန်ရနိုင်မယ့်အပြင်နဂိုထက်ပိုသာလွန်တဲ့အနေ အထားကိုတောင်ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့… ကိုယ့်ရဲ့ Resume ကို Update လုပ်ပါ ဒါကတော့ ပထမဆုံးလုပ်ရမယ့်အချက်ပါ။ ကိုယ့်ရဲ့ Resume […]

လီမင်ဟိုနဲ့ဂျီဆိုကို တွဲဖက်တွေ့ရမယ့်ရုပ်ရှင်

October 29, 2023 Aung Khant Mon 0

Black Pink က ဂျီဆိုအနေနဲ့ လီမင်ဟိုနဲ့တွဲဖက်ပြီးရုပ်ရှင်ဇာတ်ကားသစ်မှာပါဝင်လာဖို့ရှိတယ်လို့သိရပါတယ်။ Webtoon ရုပ်ရှင်ဖြစ်တဲ့ဒီဇာတ်ကားဟာ Omniscient Reader’s Viewpoint လို့နာမည်ရပြီး ဂျီဆိုအတွက်တော့အဓိကဇာတ်ဆောင်အဖြစ်ပထမဆုံးပါဝင်ရိုက် ကူးတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ လူတစ်ယောက်ဟာသူဖတ်နေတဲ့ဝတ္ထုထဲကိုသူကိုယ်တိုင်ရောက်ရှိသွားခဲ့ပြီး ကမ္ဘာကြီးပျက်စီးတော့မှာကိုသူတစ်ယောက်သာသိရှိနေတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ Omniscient Reader’s Viewpoint Webtoon ဟာ ၂၀၁၈ ခုနစ်ကထွက်ရှိခဲ့တာဖြစ်ပြီးပေါ်ပြူလာအဖြစ်ဆုံးဇာတ်လမ်းထဲမှာပါဝင်ပါတယ်။ ဒီရုပ်ရှင်အတွက် လီမင်ဟို ၊ […]

The Beatles ရဲ့နောက်ဆုံးသီချင်းမကြာခင်ထွက်ရှိမယ်

October 29, 2023 Aung Khant Mon 0

The Beatles အနေနဲ့ John Lennon ရေးသားသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုအပြီးသတ်မွမ်းမံပြီးသွားပြီမို့ မကြာခင်မှာထုတ်လုပ်ဖြန့်ချိတော့မယ်လို့သိရပါတယ်။ ဒါဟာ The Beatles ရဲ့နောက်ဆုံးသီချင်းအနေနဲ့ ဆယ်စုနှစ်လေးခုအကြာမှ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီသီချင်းကို Paul McCartney ၊ George Harrison နဲ့ Ringo Starr တို့က ၁၉၉၅ […]

ကိုယ်ရသင့်တဲ့လစာမရဘဲ နှပ်ချခံနေရပြီလားဆိုတာဘယ်လိုသိနိုင်မလဲ

October 29, 2023 Aung Khant Mon 0

ကိုယ်ကပိုက်ဆံအတွက် အလုပ်ကိုကြိုးစားပြီးလုပ်နေတယ်ဆိုပါစို့။ ပိုက်ဆံဆိုတဲ့နေရာမှာဘယ်လောက်ပမာဏလဲဆိုတာက စကားပြောနေပါသေးတယ်။ ကိုယ်က အလုပ်တွေကိုကိုယ်မပါရင်မပြီးသလောက်နီးပါးလုပ်နေမိပေမယ့် ဒီအတွက်ရတဲ့လခကကိုယ့်ရဲ့မွန်းကျပ်မှုတွေကိုဘာမှဖြေလျှော့မပေးနိုင်ဘူးဆိုရင် ဒါဟာတစ်ခုခုတော့မှားယွင်းနေပါပြီ။ဒီ့အတွက် ကိုယ်လုပ်နေရတဲ့အလုပ်နဲ့ရတဲ့လစာဟာ ထိုက် တန်မှုရှိရဲ့လား၊လုပ်ခလစာနည်းနေလားဆိုတာကိုသိနိုင်ဖို့ ဒီအချက်တွေနဲ့နှိုင်းယှဉ်သုံးသပ်ကြည့်ပါနော်။ – ပထမဆုံးအချက်ကတော့ Online မှာရှာကြည့်ဖို့ပါ။ မနက် ၉ ညနေ ၅ ၊ တစ်ပတ် ၆ ရက်အလုပ်လုပ်ရတဲ့ Sales […]

Walking Dead မင်းသား Erik Jensen ကင်ဆာအဆင့် ၄ ခံစားနေရ

October 26, 2023 Aung Khant Mon 0

The Walking Dead ၊ CSI ၊ Alias စတဲ့တီဗီစီးရီးများစွာမှာပါဝင်ခဲ့တဲ့မင်းသား Erik Jensen ဟာကြီးမားတဲ့ ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူဟာ အူမကင်ဆာအဆင့် ၄ ဖြစ်နေကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ သူ့ရဲ့မိသားစုက GoFundMe မှာပြောထားပါတယ်။ Erik Jensen ဟာ လက်ရှိမှာအသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။သူ့မှာ […]