
မိသားစုဘဝမှာပျော်ရွှင်နေတဲ့ စပိန်အဆိုတော်အင်န်ရီကေး အီဂလဲဆီးရားစ်
Bailamos ၊ Bailando စတဲ့သီချင်းတွေနဲ့နာမည်ကြီးခဲ့တဲ့ စပိန်အဆိုတော် အင်န်ရီကေးအီဂလဲဆီးရားစ်ဟာ လက်ရှိအချိန်မှာ သား၊သမီးတွေနဲ့ပျော်ရွှင်နေပုံကိုလူမှုကွန်ရက်မှာထုတ်ဖော်ပြသလာပါတယ်။သူဟာ အနုပညာပိုင်းမှာလည်းတော်ပြီး ချောမောပြေပြစ်တဲ့ရုပ်ရည်ကြောင့် ကမ္ဘာတစ်ဝှမ်းကအမျိုးသမီးပရိသတ်တွေကြားမှာ ပိုပြီးနေရာယူထားနိုင်သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့အင်န်ရီကေးဟာ ဇနီးဖြစ်သူရုရှားတင်းနစ်မယ်ဟောင်း အန်နာနဲ့ရထားတဲ့ သားသမီးသုံးယောက်နဲ့အတူမိသားစုအတွက်ကိုပဲအချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးဟာ ၅ နှစ်အရွယ်သားနဲ့သမီးအမြွှာနှစ်ယောက်နဲ့ ၃ နှစ်အရွယ်သမီးငယ်တစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ “ကျွန်တော့်သားက ကျွန်တော့်ကိုမီးရောင်စုံနဲ့စင်ပေါ်မှာမြင်ရတော့ […]