Doja Cat ရဲ့တေးအယ်လ်ဘမ်အသစ် Scarlet ထွက်ရှိတော့မယ်

August 31, 2023 Aung Khant Mon 0

နောက်ထပ် Doja Cat သီချင်းတွေ နေရာယူဦးမယ့်လတစ်လကို မကြာခင်ရောက်ရှိလာပါတော့မယ်။ဘာကြောင့်လဲဆိုတော့ Doja Cat ရဲ့ လေးခုမြောက်တေးအယ်လ်ဘမ်ဖြစ်တဲ့ Scarlet ကိုစက်တင်ဘာလအတွင်းဖြန့်ချိမယ်လို့ တရားဝင်ထုတ်ပြန်လိုက်တာကြောင့်ဖြစ်ပါတယ်။Doja Cat က သူမရဲ့ Instagram Account မှာ Scarlet တေးအယ်လ်ဘမ်ရဲ့ကာဗာ ဖြစ်တဲ့ကြက်သွေးရောင်ပင့်ကူပုံနဲ့အတူ Scarlet 9.22 လို့ရေးသားပြီး […]

Running Man အစီအစဥ်မှာပါဝင်လာမယ့် V

August 30, 2023 Aung Khant Mon 0

ကမ္ဘာကျော်ကိုရီးယား Boyband ဖြစ်တဲ့ BTS မှ V က Running Man Variety Show မှာပါဝင်ထားတယ်လို့သိရပါတယ်။ Running Man ဟာ ကမ္ဘာကျော် Variety Show တစ်ခုဖြစ်ပြီး ၂၀၁၀ ခုနစ်ကစတင်ခဲ့တာမို့ သက်တမ်း ၁၃ နှစ်ကြာအောင်မြင်မှုရနေဆဲလို့ဆိုရမှာပါ။ လက်ရှိအချိန်ထိ […]

VMA ပွဲမှာ Video Vanguard Award ဆုကိုလက်ခံရရှိမယ့်ရှကီရာ

August 30, 2023 Aung Khant Mon 0

ဒီနှစ်ဟာ ရှကီရာအတွက်တော့ အနုပညာဘက်မှာ ကြီးမားတဲ့အောင်မြင်မှုနဲ့အတူအလုပ်အရှုပ်ဆုံးနှစ်တစ်နှစ်လို့ဆိုရမှာပါ။သူမအနေနဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာကျင်းပတော့မယ့် MTV Video Music Awards ပွဲမှာ Video Vanguard Award ဆုကိုရရှိပိုင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒီသတင်းကို VMA ကတရားဝင်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ရှကီရာဟာ ဒီဆုကိုရရှိတဲ့ ပထမဆုံးသောတောင်အမေရိကအဆိုရှင်တစ်ယောက်အဖြစ်သမိုင်းသစ်စိုက်ထူနိုင်တော့မှာဖြစ်ပါတယ်။ ဒါအပြင် သူမအနေနဲ့ MTV Video […]

Single နှစ်ပုဒ်နဲ့အတူ BIBI ပြန်လာပြီ

August 29, 2023 Aung Khant Mon 0

ကိုရီးယားရဲ့တစ်ကိုယ်တော်အနုပညာရှင်ဖြစ်တဲ့ BIBI ဟာ သူမရဲ့ပထမဆုံးတေးအယ်လ်ဘမ်ဖြစ်တဲ့ Lowlife Princess: Noir ထွက်ရှိပြီးတဲ့နောက်မှာ ၉ လခန့်ငြိမ်သက်နေခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူမရဲ့ Hangang Gongwon နဲ့ Hongdae R&B ဆိုတဲ့သီချင်းနှစ်ပုဒ်နဲ့အတူပရိသတ်ဆီကိုပြန်လည်ရောက်ရှိလာခဲ့ပါြပီ။သီချင်းနှစ်ပုဒ်လုံးဟာ အချစ်နဲ့ပတ်သက်ပြီးရေးဖွဲ့ထားပေမယ့် Hongdae R&B ကတော့ သူငယ်ချင်းနဲ့မိသားစုအချစ်ကို ပိုအသားပေးရေးဖွဲ့ထားတာဖြစ်ပါတယ်။ BIBI အနေနဲ့ရှေ့လျှောက်မှာလည်း […]

မမှားယွင်းနိုင်သော Career ရွေးချယ်နည်း

August 29, 2023 Aung Khant Mon 0

ကိုယ်ဘယ်လိုအလုပ်မျိုးနဲ့အသက်မွေးသင့်လဲဆိုတာကို အရွယ်ရောက်ပြီးလူကြီးတွေတောင်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာမချနိုင်တာမျိုးရှိတတ်ကြပါတယ်။ လူငယ်တွေအနေနဲ့သူတို့ဘဝမှာဘာဖြစ်ချင်တယ်၊ ဘယ်လို Career မျိုးကိုရွေးချယ်ချင်တယ်ဆိုတာကိုသေသေချာချာမသိသေးဘူးဆိုရင်လည်း ဒါကဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုပါ။ ဒီလိုမသိတဲ့အတွက်အပြစ်တင်လို့မရပါဘူး။ဒါကြောင့်လူငယ်တွေအနေနဲ့ အလုပ်စလုပ်တော့မယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုခုကိုရွေးချယ်တော့မယ်ဆိုရင် ကိုယ်စိတ်ဝင်စားတာနဲ့ကွက်တိကျတဲ့အလုပ်မျိုးကိုရစေဖို့ဘယ်လိုစဥ်းစားအဖြေရှာသင့်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်နော်။ အခြေခံအကျဆုံးအချက်ကတော့ အလုပ်ရှာတဲ့အခါ ဖော်ပြထားတဲ့အလုပ်အတွက်လုပ်ဆောင်ရမယ့်တာဝန်တွေကိုဖတ်ရင်းနဲ့ကိုယ်နဲ့အဆင်ပြေမပြေဆိုတာကိုအကြမ်းဖျင်းသိနိုင်ပါတယ်။နောက်တစ်နည်းကတော့ Career test ၊ Personality Type Quizzes တွေကနေလည်းကိုယ်နဲ့ဘယ်အလုပ်သင့်တော်မလဲဆိုတာကို သိနိုင်ပါတယ်။ဒီလိုရွေးချယ်မှုလေးတွေလုပ်နိုင်ပေမယ့် တကယ့်တကယ်ဆုံးဖြတ်ရတော့မယ်ဆိုရင် မှန်ကန်တဲ့ Career […]

Park Seo Joon နဲ့ Kim Dami တွဲနေကြတဲ့သတင်းထွက်ပေါ်

August 28, 2023 Aung Khant Mon 0

ဒီလအပိုင်းအခြားတွေမှာ ခဏခဏကောင်မလေးရနေသူကတော့ မင်းသားချော Park Seo Joon ပါပဲ။အပြင်မှာတကယ်ချစ်သူတွေဖြစ်၊မဖြစ်မသေချာပေမယ့် ပြီးခဲ့တဲ့လတွေက You Tuber Xooos နဲ့ချစ်သူတွေလို့ကောလာဟလထွက်ခဲ့ပြီး ဒီရက်ပိုင်းမှာတော့ မင်းသမီး Kim Dami နဲ့ Park Seo Joon တို့တွဲခုတ်နေကြပြီဆိုတဲ့သတင်းက ထွက်ပေါ်လာပြန်ပါတယ်။ Park Seo Joon […]

Instagram ပြန်သုံးတာနဲ့ Follower တွေအံ့မခန်းတိုးလာခဲ့တဲ့မီဂန်မာကယ်

August 28, 2023 Aung Khant Mon 0

တော်ဝင်မင်းသားဟယ်ရီနဲ့လက်ထပ်ပြီးတဲ့နောက် ၂၀၂၀ ခုနစ်မှာ မီဂန်မာကယ်ဟာမင်းသားဟယ်ရီနဲ့သူမအတူသုံးတဲ့ အင်စတာဂရမ်အကောင့်ကိုဖျက်ပစ်ခဲ့ပြီး Royal Family အကောင့်ကနေပဲ သူတို့ရဲ့ပုံရိပ်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ သူမဟာကိုယ်ပိုင်အင်စတာဂရမ်အကောင့်တစ်ခုဖွင့်လိုက်ပါတယ်။ ဖွင့်ပြီးဘာPostမှမတင်ရသေးပေမယ့် Follower ၉၄၁၀၀ ထိရှိလာခဲ့ပါတယ်။ မကြာခင်မှာသူမဟာ ဘီယွန်းဆေး၊ကင်မ်ကာဒက်ရှန်တို့လိုပဲ အင်စတာဂရမ်ကနေငွေတွေအများကြီးရှာနိုင်လိမ့်မယ်လို့ PRကျွမ်းကျင်သူဖြစ်တဲ့ Mayah Riaz ကသုံးသပ်ထားပါတယ်။ သူမရဲ့ခန့်မှန်းချက်အရ မီဂန်မာကယ်ဟာကြော်ငြာ Post တစ်ခုကို […]

လစာတိုးတောင်းဖို့အကောင်းဆုံးအချိန်

August 27, 2023 Aung Khant Mon 0

ကုမ္ပဏီအလုပ်တွေဟာ လုပ်သက်ကြာလာတိုင်းလစာတိုးပေးတာမျိုးတော့မဟုတ်ပါဘူး။တချို့အလုပ်လုပ်ခါစလူငယ်လေးတွေအနေနဲ့ ဘေးလူတွေက မင်းဒီလောက်ဆိုလစာတိုးခိုင်းသင့်နေပြီဘာညာဆိုတဲ့မြှောက်ပေးမှုတွေကြောင့် လစာတိုးတောင်းမိတာမျိုးဆိုရင် တခါတလေမှာအလုပ်တောင်ထုတ်ခံလိုက်ရတဲ့အဖြစ်မျိုးရှိကြပါတယ်။ ဒါကြောင့်လစာတိုးတောင်းနိုင်ဖို့ဘာတွေပြင်ဆင်ထားရမလဲ၊ ဘယ်အချိန်မှာတိုးတောင်းသင့်သလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။အရင်ဆုံး ကိုယ့်ကိုဘာလို့လစာပိုပေးသင့်တာလဲဆိုတာကို ကိုယ်တိုင်ကရော၊သူဌေးကရောရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်နော်။ လစာတိုးတောင်းဖို့အတွက်ကိုယ့်ကိုယ်ကိုယ်ရိုးသားဖို့၊ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်ချက်ရှိဖို့လိုပါတယ်။ ကိုယ်ကတကယ်ရောတိုးတောင်းမယ့်လစာနဲ့ညီမျှတဲ့အလုပ်ကိုလုပ်နိုင်ပြီလားဆိုတာသုံးသပ်ရပါမယ်။ကိုယ်ကလစာတိုးဖို့အတွက်အရည်အချင်းမမီဘဲပြောမိတယ်ဆိုရင်လူလျှော့တဲ့ထဲပါသွားနိုင်လို့ဖြစ်ပါတယ်။ ကိုယ်ကဒီ့ထက်မကလစာပိုရဖို့ထိုက်တန်ပြီဆိုရင် စိတ်ရှည်ပါ။ အချိန်အခါကောင်းကိုစောင့်ကြည့်ပါ။အကောင်းဆုံးကတော့ နှစ်ဝက်၊သို့မဟုတ် နှစ်ပြည့်လိုအချိန်မျိုးမှာ ပြောတာအကောင်းဆုံးပါပဲ။Performance Review လုပ်တဲ့အချိန်မျိုးက လခတိုးတောင်းကြည့်ဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။ဒီလိုလစာတိုးတောင်းဖို့ရည်ရွယ်ထားပြီဆိုရင် Meeting တွေမှာလည်းကိုယ့်ရဲ့တိုးတက်လာမှုူ၊လေ့လာသင်ယူနေမှုတွေကို မြင်သာအောင်ပြောပါ၊ပြသပါ။လစာတိုးပေးဖို့အတွက် […]

စက်တင်ဘာလကုန်မှာထွက်ရှိလာတော့မယ့် Ed Sheeran ရဲ့အယ်လ်ဘမ်အသစ်

August 26, 2023 Aung Khant Mon 0

Ed Sheeran ရဲ့တေးအယ်လ်ဘမ်အသစ်ဖြစ်တဲ့ Autumn Variations ဟာ စက်တင်ဘာလ ၂၉ ရက်နေ့မှာထွက်ရှိလာတော့မယ်လို့သိရပါတယ်။ဒီအယ်လ်ဘမ်ထဲမှာ သီချင်းသစ် ၁၄ ပုဒ်ပါဝင်မှာဖြစ်ပြီး သူနဲ့သူ့သူငယ်ချင်းတွေကြားကခံစားမှုအစစ်အမှန်တွေဖြစ်တဲ့ အချစ်၊ အသည်းကွဲခြင်း၊ အထီးကျန်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းစတဲ့အကြောင်းအရာတွေပါဝင်မှာဖြစ်ပါတယ်။“ပြီးခဲ့တဲ့ဆောင်းဦးတုန်းကကျွန်တော်သူငယ်ချင်းတွေအများကြီးရခဲ့တယ်။ဘဝမှာလည်းအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့တယ်။ကျွန်တော်အခက်အခဲတွေတွေ့ကြုံရချိန်မှာသီချင်းတွေရေးတာက ကျွန်တော့်ရဲ့ဖြစ်ပေါ်နေတဲ့ခံစားချက်တွေကိုပိုပြီးနားလည်စေနိုင်ခဲ့ပါတယ်။သူငယ်ချင်းတွေရဲ့မတူညီတဲ့ဘဝတွေ၊ မတူညီတဲ့ရှုထောင့်နဲ့ခံစားချက်တွေကိုလည်းထည့်ရေးထားသလို ကျွန်တော့်ရဲ့ခံစားချက်အစစ်တွေလည်းပါတယ်”လို့ တေးအယ်လ်ဘမ်အသစ်နဲ့ပတ်သက်ပြီး Ed Sheeran ကရှင်းပြထားပါတယ်။ Ed […]

သီချင်းခိုးချတယ်လို့စွပ်စွဲခံနေရတဲ့ Jungkook

August 25, 2023 Aung Khant Mon 0

BTS အဖွဲ့ဝင် Jungkook ရဲ့ Seven သီချင်းဟာ တခြားသော K-pop အဖွဲ့တစ်ခုရဲ့သီချင်းကိုကူးယူးထားတယ်လို့ စွပ်စွဲခံနေရပါတယ်။ K-pop မျိုးဆက်ရဲ့ First Generation Producer ဖြစ်တဲ့ ယန်ဂျုံယောင်းဆိုသူက Jungkook ရဲ့ Seven ဟာ ပထမမျိုးဆက် K-pop girl group […]