4 နာရီကြာအစစ်ဆေးခံပြီးအိမ်ပြန်လာပြီဖြစ်တဲ့ G-Dragon

မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အစစ်ဆေးခံနေရတဲ့ G-Dragon က ၄ နာရီကြာစစ်ဆေးခံပြီးတဲ့အချိန်မှာ အိမ်ပြန်လာရပြီလို့သိရပါတယ်။ဆေးသုံးမှုရှိ၊မရှိပဏာမစစ်ဆေးချက်မှာတော့ အဖြေက Negative ထွက်ခဲ့တယ်လို့ဆိုပါတယ်။G-Dragon ကတော့ အင်တာ ဗျူးဖြေချိန်နဲ့ ပရိသတ်တွေကိုဖြေရှင်းချက်ထုတ်ချိန်တွေမှာသူ့အနေနဲ့ဆေးသုံးတာမျိုးလုံးဝမရှိကြောင်း ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုပါတယ်။မူးယစ်ဆေးနဲ့ပတ်သက်တဲ့ရာဇဝတ်မှုတွေမှာ လုံးဝမကျူးလွန်၊ မပါဝင်ဖူးပါဘူး။ ကျွန်တော်တို့မကြာခင်မှာအဖြေသိရပါလိမ့်မယ်လို့ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ Fan တွေကိုလည်း“တအားမစိုးရိမ်ပါနဲ့။ အစစ်ဆေးခံပြီးတာနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်” လို့ပြောသွားတာတွေ့ရပါတယ်။

သူ့အနေနဲ့ ၄ နာရီကြာစစ်ဆေးခံပြီး အဖြေ Clear ထွက်လာချိန်မှာ Instagram မှာပို့စ်တစ်ခုတင်ခဲ့ပါတယ်။ “နောက်ဆုံးမှာ အမှန်တရားကရောက်လာရစမြဲပါ။ အစပိုင်းမှာတော့အရာအားလုံးကမပြတ်သားမရှင်းလင်းဘဲ အမှားတွေကခဏတာအောင်မြင်မှုရနေပါလိမ့်မယ်။
နောက်ဆုံးမှာတော့ အမှန်တရားကအောင်နိုင်မြဲပါ” လို့အဓိပ္ပါယ်ရတဲ့ပို့စ်ကိုတင်ခဲ့တာဖြစ်ပါတယ်။သူ့အနေနဲ့စစ်ဆေးမှုကို အစမှအဆုံးအကောင်းဆုံးပူးပေါင်းပါဝင်ခဲ့ကြောင်းနဲ့ဌာနဆိုင်ရာဘက်ကနေလည်း မကြာခင်မှာကြေညာချက်ကို ထုတ်ပြန်နိုင်ဖို့မျှော်လင့်တယ်လို့ G-Dragon ကပြောကြားခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

မူးယစ္ေဆးသုံးစြဲတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ အစစ္ေဆးခံေနရတဲ့ G-Dragon က ၄ နာရီၾကာစစ္ေဆးခံၿပီးတဲ့အခ်ိန္မွာ အိမ္ျပန္လာရၿပီလို႔သိရပါတယ္။ေဆးသုံးမႈရွိ၊မရွိပဏာမစစ္ေဆးခ်က္မွာေတာ့ အေျဖက Negative ထြက္ခဲ့တယ္လို႔ဆိုပါတယ္။G-Dragon ကေတာ့ အင္တာ ဗ်ဴးေျဖခ်ိန္နဲ႔ ပရိသတ္ေတြကိုေျဖရွင္းခ်က္ထုတ္ခ်ိန္ေတြမွာသူ႔အေနနဲ႔ေဆးသုံးတာမ်ိဳးလုံးဝမရွိေၾကာင္း ျပတ္ျပတ္သားသားတုံ႔ျပန္ေျပာဆိုပါတယ္။မူးယစ္ေဆးနဲ႔ပတ္သက္တဲ့ရာဇဝတ္မႈေတြမွာ လုံးဝမက်ဴးလြန္၊ မပါဝင္ဖူးပါဘူး။ ကြၽန္ေတာ္တို႔မၾကာခင္မွာအေျဖသိရပါလိမ့္မယ္လို႔ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ သူ႔ရဲ႕ Fan ေတြကိုလည္း“တအားမစိုးရိမ္ပါနဲ႔။ အစစ္ေဆးခံၿပီးတာနဲ႔ကြၽန္ေတာ္ျပန္လာခဲ့ပါမယ္” လို႔ေျပာသြားတာေတြ႕ရပါတယ္။

သူ႔အေနနဲ႔ ၄ နာရီၾကာစစ္ေဆးခံၿပီး အေျဖ Clear ထြက္လာခ်ိန္မွာ Instagram မွာပို႔စ္တစ္ခုတင္ခဲ့ပါတယ္။ “ေနာက္ဆုံးမွာ အမွန္တရားကေရာက္လာရစၿမဲပါ။ အစပိုင္းမွာေတာ့အရာအားလုံးကမျပတ္သားမရွင္းလင္းဘဲ အမွားေတြကခဏတာေအာင္ျမင္မႈရေနပါလိမ့္မယ္။
ေနာက္ဆုံးမွာေတာ့ အမွန္တရားကေအာင္ႏိုင္ၿမဲပါ” လို႔အဓိပၸါယ္ရတဲ့ပို႔စ္ကိုတင္ခဲ့တာျဖစ္ပါတယ္။သူ႔အေနနဲ႔စစ္ေဆးမႈကို အစမွအဆုံးအေကာင္းဆုံးပူးေပါင္းပါဝင္ခဲ့ေၾကာင္းနဲ႔ဌာနဆိုင္ရာဘက္ကေနလည္း မၾကာခင္မွာေၾကညာခ်က္ကို ထုတ္ျပန္ႏိုင္ဖို႔ေမွ်ာ္လင့္တယ္လို႔ G-Dragon ကေျပာၾကားခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*