အချစ်ကြီးချစ်နေကြတဲ့ GiGi Hadid နဲ့ Bradley Copper

January 30, 2024 Aung Khant Mon 0

GiGi Hadid နဲ့ Bradley Copper တို့နှစ်ဦးကတော့ သူတို့ချစ်နေကြပါတယ်ဆိုတာကိုတရားဝင်ပြသရင်းလန်ဒန်မြို့တခွင်မှာလျှောက်လည်နေကြပါတယ်။ ချမ်းအေးလွန်းတဲ့အချိန်မှာ GiGi Hadid ကသားရေဂျတ်ကက်၊ ခေါင်းလောင်းဘောင်းဘီနဲ့လှပနေသလို Bradley Copper ကတော့မီးခိုးရောင်ရှပ်အကျီပေါ်မှာ အနက်ရောင်ကုတ်အကျီရှည်၊ အနက်ရောင်လည်စီးပဝါ၊အပြာရောင်သိုးမွေးဦးထုပ်တွေ ဆင်မြန်းထားတာတွေ့မြင်ရပါတယ်။သူတို့နှစ်ဦးကိုရယ်ရယ်မောမောလမ်းအတူလျှောက်လာတာတွေ့ရပြီးလမ်းဖြတ်ကူးဖို့မီးပွိုင့်စောင့်နေချိန်မှာတော့ အချင်းချင်းပွေ့ဖက်ထားကြတာတွေ့ရပါတယ်။ လက်ရှိကာလမှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် အချစ်ကြီးချစ်နေကြတယ်လို့သေချာတဲ့သတင်းရစ်မြစ်တစ်ခုကဆိုထားပါတယ်။နှစ်ယောက်လုံးကကလေးငယ်တွေပိုင်ဆိုင်ထားတဲ့မိဘတွေဖြစ်ကြတာမို့တစ်ယောက်ကိုတစ်ယောက်ပိုမိုနားလည်ကြပြီး တစ်ယောက်ကိုတစ်ယောက်လည်းလေးစားမှုရှိကြတယ်လို့သူတို့နှစ်ယောက်လုံးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးကပြောပြတာဖြစ်ပါတယ်။ GiGi […]

လော့စ်အိန်ဂျလိစ်မှာရှိတဲ့ လီဗြောင်ဟွန်းရဲ့အိမ်ဖောက်ထွင်းခံရ

January 30, 2024 Aung Khant Mon 0

ဇန်နဝါရီလ (၂၉) ရက်နေ့က လော့စ်အိန်ဂျလိစ်မှာရှိတဲ့မင်းသားလီ‌ဗြောင်ဟွန်းရဲ့နေအိမ်ဖောက်ထွင်းခံခဲ့ရတယ်လို့ အမေရိကန်ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ TMZ မှာဖော်ပြထားပါတယ်။ဖောက်ထွင်းသူတွေက လီဗြောင်ဟွန်းအိမ်ရဲ့ဘေးတွန်းမှန်တံခါးကိုရိုက်ခွဲပြီးအိမ်ထဲကိုဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ပွားချိန်မှာလီဗြောင်ဟွန်းကအိမ်မှာရှိမနေဘဲ သူ့အေဂျင်စီရဲ့ဝန်ထမ်းတစ်ဦးကတွေ့ရှိခဲ့ပြီးရဲကိုဖုန်းဆက်တိုင်ကြားခဲ့တာဖြစ်ပါတယ်။ခိုးယူခံလိုက်ရတဲ့ပစ္စည်းအတိအကျနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့လက်ရှိအချိန်မှာမသိရှိရသေးဘူးလို့ဆိုပါတယ်။ ဖောက်ထွင်းသူတွေအနေနဲ့ လီဗြောင်ဟွန်းအိမ်ဆိုပြီးပစ်မှတ်ထားတာမျိုးမဟုတ်ဘဲချမ်းသာတဲ့အိမ်တွေကိုပစ်မှတ်ထားလုပ်ဆောင်နေတယ်လို့ ရဲတွေကယူဆကြပါတယ်။ဘာ့ကြောင့်လဲဆိုတော့ လီဗြောင်ဟွန်းရဲ့အိမ်နားမှာနေထိုင်တဲ့ မင်းသမီး Lena Waithe ရဲ့အိမ်ဟာလည်းမကြာသေးခင်ကဖောက်ထွင်းခံရပြီး အမေရိကန်ဒေါ်လာ 2 သိန်းဖိုးလက်ဝတ်ရတနာတွေဆုံးရှုံးသွားခဲ့လို့ဖြစ်ပါတယ်။ ဒီဖောက် ထွင်းမှုတွေကို […]

Job Fair တစ်ခုသွားတဲ့အခါ မလုပ်သင့်သောအချက်များ

January 30, 2024 Aung Khant Mon 0

အရင်တစ်ပတ်က အလုပ်အကိုင်ပြပွဲတစ်ခုသွားတဲ့အခါမေးသင့်တဲ့မေးခွန်းလေးတွေအကြောင်းကိုမျှဝေပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီလို Job Fair တွေမှာ ရှောင်သင့်တဲ့အရာလေးတွေအကြောင်းပြောြပချင်ပါတယ်။ ဒီအချက်တွေက အလုပ်ရှာနေတဲ့ကျောင်း သား၊ကျောင်းသူတွေအတွက်ရည်ရွယ်သလိုအခုမှအလုပ်စလျှောက်မယ့်လူကြီးတွေအတွက်လည်းရည်ရွယ်ပါတယ်။ လက်ကမ်းစာရွက်ဆွဲယူပြီးလှည့်ပြန်တာမျိုးမလုပ်ပါနဲ့ အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီကိုယ်စားပြု Booth တွေကလည်းများပြားပြီး ဝန်ထမ်းတွေရော၊လက်ကမ်းစာစောင်တွေရောအများကြီးရှိနေမှာပါ။ ဒီလိုအချိန်မှာကိုယ်က တင်ထားတဲ့စာရွက်တွေဆွဲယူလှည့်ထွက်လာတာမျိုးမလုပ်သင့်ပါဘူး။ အနည်းဆုံးတော့ မျက်လုံးချင်းဆုံ၊နှုတ်ဆက်ပြီးမှပြန်လာတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးဆိုရင်သိချင်တာလေးတွေမေးလို့ရပါသေးတယ်။ တစ်ခါ တလေမှာ […]

တေလာဆွပ်ဖ်ကို အမေရိကရဲ့သြဇာအရှိဆုံးပုဂ္ဂိုလ်လို့ပြောလိုက်တဲ့ ဒါကိုတာဂျွန်ဆင်

January 29, 2024 Aung Khant Mon 0

Fifty Shades of Grey မင်းသမီးအဖြစ်ပရိသတ်တွေသိကြတဲ့ ဒါကိုတာဂျွန်ဆင်က Saturday Night Live Monologue မှာ တေလာဆွပ်ဖ်အကြောင်းကိုဖွင့်ထုတ်ပြောဆိုခဲ့တာဖြစ်ပါတယ်။သူမက ‌ဒေါ်နယ်ထရန့်အကြောင်းပြောဆိုတူးဆွရင်း တေလာဆွပ်ဖ်က အမေရိကန်နိုင်ငံမှာဩဇာအကြီးဆုံးပုဂ္ဂိုလ်လို့ ပြောလိုက်တာဖြစ်ပါတယ်။ သူမက Saturday Night Live မှာ 2015 ခုနစ်ကဓာတ်ပုံတစ်ပုံကိုထုတ်ပြခဲ့ပြီး ဒီပုံထဲမှာကြည့်ပါဦိးဘယ်သူ့ကိုတွေ့လဲဆိုပြီး Zoom […]

စင်ကာပူမှာရှိတဲ့ Nike Store မှာဖျော်ဖြေပွဲအသေးလေးလုပ်မယ့် Newjeans

January 29, 2024 Aung Khant Mon 0

Newjeans အဖွဲ့အနေနဲ့ စင်ကာပူကိုလာရောက်ပြီးဖေဖော်ဝါရီ (၃) ရက်နေ့မှာဖျော်ဖြေပွဲအသေးလေးပြုလုပ်မယ်လို့သိရပါတယ်။ သူမတို့အဖွဲ့ဟာ Nike Store Promotion အတွက်လာရောက်ခြင်းဖြစ်ပြီးဒါဟာသူမတို့အဖွဲ့အနေနဲ့စင်ကာပူကိုပထမဆုံးလာရောက်ခြင်းဖြစ်ပါတယ်။စင်ကာပူမှာရှိတဲ့ Nike Store ဟာ တရုတ်နိုင်ငံပြီးရင် အာရှမှာအကြီးဆုံးစတိုးဖြစ်တယ်လို့သိရပါတယ်။ Newjeans ရဲ့ဖျော်ဖြေပွဲကို Nike Orchid Road မှာပြုလုပ်မှာဖြစ်ပြီး ဒီလမ်းဟာ Nike Store တည်ရှိတဲ့နေရာလည်းဖြစ်ပါတယ်။ […]

ကိုယ့်ရဲ့တစ်နေ့တာအကြောင်းမေးတဲ့အခါ ဖြေချင်သလိုဖြေလို့ရသလား

January 29, 2024 Aung Khant Mon 0

အလုပ်အင်တာဗျူးတစ်ခုဖြေတဲ့အခါ အလုပ်ရှင်လည်းမေးချင်ရာမေး၊ငါလည်းစိတ်ထဲရှိတဲ့အတိုင်ဖြေလိုက်မယ်ဆိုတဲ့ပုံစံမျိုးတကယ်လုပ်လို့ရပါသလား။ တကယ်တော့အင်တာဗျူးသူမေးတဲ့မေးခွန်းတိုင်းရဲ့နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့အဓိပ္ပါယ်တွေဆိုတာရှိစမြဲပါ။မေးခွန်းတိုပေမယ့် သိုင်းသိုင်းဝိုင်းဝိုင်းဖြေဆိုပြီး ကိုယ့်အရည်အချင်းကိုပြရတာရှိသလိုရိုးရှင်းတယ်ထင်ရပေမယ့်သတိထားဖြေရမယ့်မေးခွန်းတွေလည်းရှိပါတယ်။အင်တာဗျူးတွေမှာမေးလေ့ရှိတဲ့ “မင်းရဲ့တစ်နေ့တာကဘယ်လိုလဲ၊ပုံမှန်အားဖြင့်ဘယ်လိုဖြတ်သန်းလေ့ရှိလဲ” ဆိုတဲ့မေး ခွန်းမျိုးကို ငါကတော့ရုံးသွားတယ်၊ကော်ဖီသောက်တယ်၊ အီးမေးလ်စစ်တယ်၊ အလုပ်နည်းနည်းပါးပါးလုပ်တယ်၊ ထမင်းစားတယ်စသ ဖြင့်ရိုးရှင်းတဲ့အဖြေတွေပဲဖြေလို့အဆင်မပြေပါဘူးနော်။ ဒီလိုမေးခွန်းမျိုးအတွက်အကောင်းမွန်ဆုံးဖြေကြားနည်းပုံစံတွေရှိနေပါတယ်။ ကိုယ်လာလျှောက်တဲ့ရာထူးရဲ့ Job Description ကိုကြည့်ပါ “မင်းရဲ့တစ်နေ့တာကဘယ်လိုလဲ” ဆိုတဲ့မေးခွန်းကို လက်ရှိကိုယ်လာလျှောက်တဲ့ Position အတွက်လုပ်ရမယ့်တာဝန်တွေနဲ့ ကိုယ့်ရဲ့အရင်အလုပ်ကလုပ်ငန်းတာဝန်တွေ၊အတွေ့အကြုံတွေကိုရော‌နှောပြီး […]

5 နှစ်အတွင်းပထမဆုံးအကြိမ်အယ်လ်ဘမ်အသစ်ထွက်ရှိမယ့် Justin Timberlake

January 27, 2024 Aung Khant Mon 0

Album မထွက်ရှိတာ 5 နှစ်ကြာပြီဖြစ်တဲ့ Justin Timberlake အနေနဲ့ ဒီနှစ်အတွင်းမှာ Everything I Thought It Was ဆိုတဲ့ တေးအယ်လ်ဘမ်ကိုဖြန့်ချိတော့မယ်လို့သိရပါတယ်။ဒီအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Selfish ကိုတော့ MV အနေနဲ့ကြည့်ရှုနားဆင်နိုင်ပြီဖြစ်ပါတယ်။ Justin Timberlake ဟာ မကြာသေးခင်ကပဲ သူ့ရဲ့မွေးရပ်မြေ […]

Babymonster အဖွဲ့မှာပြန်လည်ပါဝင်လာပြီဖြစ်တဲ့ Ahyeon

January 27, 2024 Aung Khant Mon 0

ဇန်နဝါရီ 24 ရက်နေ့မှာ YG Entertainment ရဲ့ Official YouTube Channel ကနေ Ahyeon အကြောင်းကိုအသိပေးမိတ်ဆက်လာခဲ့ပါတယ်။ Babymonster အဖွဲ့ဝင်တွေကြား ပရိသတ်စိတ်ဝင်စားမှုမြင့်မားတဲ့ Ahyeon ဟာကျန်းမာရေးအခြေအနေကြောင့် အဖွဲ့ထဲမှာပြန် လည်ပါဝင်ဖို့မသေချာမရေရာသလိုဖြစ်နေခဲ့တာပါ။ဒါပေမဲ့ လက်ရှိအချိန်မှာတော့သူမဟာ ကျန်းမာရေးကောင်းမွန်ပြီဖြစ်လို့အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။ Babymonster အဖွဲ့ရဲ့အကြိုမိတ်ဆက်သီချင်းဖြစ်တဲ့ […]

Job Fair တစ်ခုရောက်တဲ့အခါ ဘာမေးခွန်းတွေမေးသင့်လဲ

January 27, 2024 Aung Khant Mon 0

အလုပ်အကိုင်ပြပွဲတွေဆိုတာ အလုပ်ရှာဖွေနေသူတွေနဲ့ဝန်ထမ်းလိုချင်နေသူတွေအတွက်တော့တကယ့်ကိုရတနာသိုက်တစ်ခုလိုပါပဲ။ အ လုပ်အကိုင်ပြပွဲတွေကို အလုပ်ရှာနေသူတွေရော၊အလုပ်ရှိပြီးသူတွေရောသွားသင့်ပါတယ်။ အလုပ်ရှိပြီးသူတွေအနေနဲ့လည်းအလုပ်အ ကိုင်ပြပွဲတွေကနေတဆင့် ကိုယ့် Career ကိုဘယ်လိုအဆင့်မြှင့်နိုင်တယ်၊ဘယ်လိုပြောင်းလဲမှုတွေဖြစ်ပေါ်နေတယ်၊ ဘယ်လို Skill တွေထပ်ဖြည့်ရမယ်ဆိုတာကိုသိရှိလာစေပါတယ်။ အခုဖော်ပြပေးမှာကတော့ အလုပ်ရှာနေသူတွေအနေနဲ့အလုပ်အကိုင်ပြပွဲတစ်ခုမှာ ဘယ် လိုမေးခွန်းတွေမေးသင့်သလဲဆိုတာပါပဲ။ Company Culture အကြောင်းပြောပြလို့ရမလား ကိုယ်ကကုမ္ပဏီရဲ့မန်နေဂျာနဲ့တိုက်ရိုက်စကားပြောခွင့်ရတယ်၊ ကုမ္ပဏီမှာလက်ရှိလုပ်ကိုင်နေတဲ့ဝန်ထမ်းနဲ့စကားပြောခွင့်ရတယ်ဆိုရင် ဒီမေးခွန်းကိုမေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ပြပွဲအတွက်သက်သက်ငှားရမ်းထားတဲ့ဝန်ထမ်းတွေကိုထားရှိတယ်ဆိုရင် ကုမ္ပဏီရဲ့တိကျတဲ့ […]

အော်စကာဆုပေးပွဲမှာ ဘာလို့ Margot Robbie ငြင်းပယ်ခံရတာလဲ

January 26, 2024 Aung Khant Mon 0

အော်စကာဆုပေးပွဲမှာဘာဘီလေး Margot Robbie ဟာ Best Actress ရဲ့ဆန်ခါတင်စာရင်းထဲမပါဝင်ခဲ့သလို ဒါရိုက်တာ Greta Gerwig ဟာလည်း Best Director ဆန်ခါတင်စာရင်းထဲမပါဝင်ခဲ့ပါဘူး။ Barbie ရုပ်ရှင်အနေနဲ့တော့အကောင်းဆုံးဇာတ်ကားဆုရဲ့ဆန်ခါတင်စာ ရင်းကိုဝင်ခဲ့ပြီး သရုပ်ဆောင် Ryan Gosling ကလည်းအကောင်းဆုံးဇာတ်ပို့ဆုစာရင်းထဲပါဝင်နိုင်ခဲ့ပါတယ်။ဒီလိုနာမည်ကြီးဇာတ်ကားတစ်ကားအနေနဲ့များပြားတဲ့အောင်မြင်မှုတွေမရယူနိုင်တာဟာအော်စကာမဲပေးသူတွေရဲ့အတွေးအခေါ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ချက်တွေထွက်ပေါ်လာပါတယ်။ကာတွန်းရုပ်ကိုအခြေခံထားတဲ့ရုပ်ရှင်တစ်ကားဟာအော်စကာဆုတွေရဖို့မထိုက်တန်ဘူးလို့ယူဆကြပုံရတယ်လို့ ဝေဖန်ထားကြတာဖြစ်ပါတယ်။ ဘာဘီဟာ စျေးကွက်မှာအောင်မြင်မှုရပြီး […]