အလုပ်ပိလွန်းတဲ့အချိန်မျိုးမှာဝန်ထမ်းတွေစိတ်အားတက်ကြွနေအောင်ဘာတွေလုပ်ပေးမလဲ

November 8, 2023 Aung Khant Mon 0

လုပ်ငန်းတိုင်းမှာ အလုပ်ရှင်အတွက်ရော၊ အလုပ်သမားတွေအတွက်ပါ စိတ်ဖိစီးရတဲ့အချိန်၊အလုပ်ဖိစီးလွန်းတဲ့အချိန်ဆိုတာရှိကြစမြဲပါ။ ကိုယ်ကမန်နေဂျာ၊ ဒါမှမဟုတ်ခေါင်းဆောင်တစ်ဦးဖြစ်နေခဲ့မယ်ဆိုရင်ဘယ်လိုအခြေအနေမှာဖြစ်ဖြစ်ဝန်ထမ်းတွေကိုစိတ်အားတက်ကြွအောင်လုပ်ဆောင်ပေးနိုင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းတဲ့အပြင်စိတ်ဖိစီးမှုများလွန်းတဲ့ကာလမျိုးတွေမှာ ဒီအချက်တွေကိုမဖြစ်မနေလုပ်ဆောင်ပေးပြီး ဝန်ထမ်းတွေကို Motivate ဖြစ်စေနိုင်ပါတယ်။ ဆက်သွယ်ပြောဆိုမှုမြန်ဆန်ပါစေ၊ ပွင့်လင်းမြင်သာရှိပါစေ စိတ်ဖိစီးမှုများတဲ့ကာလမှာ ကိုယ်ကဝန်ထမ်းတွေနဲ့များများစကားပြောပေးတာ၊ သွားရမယ့် Goal တွေကိုရှင်းရှင်းလင်းလင်းချမှတ်ပေးတာ၊ Feedback မြန်မြန်ဆန်ဆန်ပေးတာမျိုးတွေကဝန်ထမ်းတွေကိုစိတ်ကျေနပ်မှုပေးစွမ်းပါတယ်။ ဒီအချိန်မျိုးမှာရှေ့တဆင့်တိုးဖို့ခေါင်း ဆောင်ရဲ့ဆုံးဖြတ်ချက်ကို အကြာကြီးစောင့်နေရတာမျိုးကပိုပြီးစိတ်ဖိစီးမှုများစေနိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့ […]

ကေတီပယ်ရီပွဲကိုလာအားပေးတဲ့အော်လန်ဒိုဘလွန်းနဲ့သမီးလေး

November 7, 2023 Aung Khant Mon 0

ကေတီပယ်ရီရဲ့ Show နောက်ဆုံးဖျော်ဖြေပွဲညကို တက်ရောက်ခဲ့ကြသူတွေထဲမှာတော်ဝင်မင်းသားဟယ်ရီ၊ မီဂန်မာကယ်လ်၊ စလင်းဒီယွန်နဲ့အော်လန်ဒိုဘလွန်းတို့လည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဟယ်ရီနဲ့မီဂန်မာကယ်လ်တို့ကယ်လ်ဖိုးနီးယားကိုပြောင်းရွှေ့လာချိန်မှာ ကေတီပယ်ရီနဲ့အိမ်နီးချင်းဖြစ်ခဲ့ပြီးခင်မင်ရင်းနှီးခဲ့ကြတယ်လို့သိရပါတယ်။ နေပြန်ကောင်းလာပြီဖြစ်တဲ့အဆိုတော်ကြီးစလင်းဒီယွန်ကလည်း ကေတီပယ်ရီ Show ရဲ့ VIP နေရာမှာကျန်းမာလှပစွာဓာတ်ပုံအရိုက်ခံခဲ့တာကိုတွေ့မြင်ရပါတယ်။ ပြီးခဲ့တဲ့စနေကကျင်းပခဲ့တဲ့ ကေတီပယ်ရီရဲ့ဖျော်ဖြေပွဲနောက်ဆုံးညမှာ အော်လန်ဒိုဘလွန်းကလည်းသူနဲ့ကေတီပယ်ရီတို့ရဲ့ ၃ နှစ်အရွယ်သမီးလေး Daisy Dove Bloom နဲ့အတူတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ဖျော်ဖြေပွဲအတွင်းကေတီပယ်ရီက သီချင်းကိုခဏရပ်ပြီး သမီးလေးဒေစီကိုအော်ခေါ်ကာအားလုံးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ […]

Doona ဇာတ်လမ်းတွဲထဲကဝန်ဂျွန်းကိုချစ်တယ်ဆိုရင်ထပ်ကြည့်သင့်တဲ့ဇာတ်ကားများ

November 7, 2023 Aung Khant Mon 0

Doona ဇာတ်လမ်းတွဲထဲမှာ Bae Suzy နဲ့တွဲဖက်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုပိုပြီးရရှိလာသူကတော့သရုပ် ဆောင်ရန်ဆယ်ဂျောင်ပဲဖြစ်ပါတယ်။မမနဲ့မောင်လေးတို့ရဲ့အချစ်၊အလွမ်းမှာပျော်ဝင်ခံစားရင်း သရုပ်ဆောင်ရန်ဆယ်ဂျောင်ရဲ့သရုပ်ဆောင်မှုတွေကိုထပ်ပြီး အားပေးချင်တယ်ဆိုရင်တော့သူ့ရဲ့ကြည့်သင့်တဲ့ဇာတ်ကားလေးတွေရှိပါတယ်။အဲဒါတွေကတော့ Dr. Romantic ၊ Degree of love ၊ My Country: The New Age နဲ့ 30 But 17 တို့ပဲဖြစ်ပါတယ်။ […]

Digital Marketing အလုပ်နဲ့အသက်မွေးမယ်ဆိုရင်မရှိသင့်တဲ့အရာများ

November 7, 2023 Aung Khant Mon 0

ခုခေတ်မှာ Digital Marketing နယ်ပယ်ကိုလူအများအပြားစိတ်ဝင်စားလာပြီး Digital Marketer တစ်ယောက်အဖြစ်ရပ်တည်လိုသူတွေများပြားလာပါတယ်။ Digital Marketing Field ထဲကိုဝင်မယ်၊ Digital Marketing အလုပ်နဲ့ကိုယ့် Career ကိုစတင်မယ်ဆိုရင်ရှောင်သင့်တဲ့အရေးအကြီးဆုံးအချက်တွေရှိပါတယ်။ အဲဒါတွေကတော့… ရှင်းလင်းတဲ့ရည်မှန်းချက်မရှိခြင်း ကိုယ်ကဘာလိုချင်တာလဲ၊ ကိုယ့်အောင်မြင်မှုကိုဘယ်လိုတိုင်းတာမှာလဲဆိုတဲ့အချက်ကအလုပ်နယ်ပယ်တိုင်းမှာ ရှင်းရှင်းလင်းလင်းသိထားရမယ့်အရာဖြစ်ပါတယ်။ Digital Marketing မှာဆိုရင်လည်း SEO၊ […]

Olivia Rodrigo ရဲ့သီချင်းကို The Hunger Games ရဲ့အဖွင့်သီချင်းအဖြစ်အသုံးပြုမယ်

November 3, 2023 Aung Khant Mon 0

Grammy ဆုသုံးကြိမ်ဆွတ်ခူးထားတဲ့ Olivia Rodrigo ရဲ့ သီချင်းသစ်တစ်ပုဒ်ဟာရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်လာဖို့ရှိနေပါတယ်။ အသက် ၂၀ သာရှိသေးတဲ့သူမက သီချင်းတွေကိုကိုယ်တိုင်ရေးဆိုလေ့ရှိသူပါ။ သူမကိုယ်တိုင်ရေးသားသီဆိုထားတဲ့ Can’t Catch Me Now သီချင်းဟာ The Hunger Games: The Ballad of Songbirds and […]

မင်းသားကြီးမာဒုံဆော့ရဲ့ အက်ရှင်ကားသစ် Badland Hunters

November 3, 2023 Aung Khant Mon 0

ကမ္ဘာကျော်တဲ့ကိုရီးယားအက်ရှင်မင်းသားကြီးမာဒုံဆော့ကိုတခြားသောသူ့ရဲ့ဇာတ်ကားတွေနဲ့တွဲမသိရင်တောင် Train to Busan ဇာတ် ကားနဲ့တွဲပြီးသိကြမှာဖြစ်ပါတယ်။လက်ရှိမှာ မာဒုံဆော့နဲ့အတူ လီဂျွန်ယောင်း၊ နိုဂျောင်အီ၊ လီဟီဂျွန်တို့တွဲဖက်ပါဝင်မယ့် Netflix ရုပ်ရှင်ကားသစ်တစ်ကား စတင်ရိုက်ကူးတော့မယ်လို့သိရပါတယ်။Netflix အနေနဲ့ သူတို့ထုတ်လုပ်မယ့်အက်ရှင်ကားသစ် Badland Hunters မှာပါဝင်မယ့်အနုပညာရှင်တွေအကြောင်းနဲ့ ဇာတ်လမ်းဇာတ်အိမ်အကြောင်းကို နိုဝင်ဘာလ ၂ ရက်နေ့ကအတည်ပြုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Badland Hunters ဟာ […]

ဒီအချက်တွေကြောင့် အင်တာဗျူးမအောင်တာပါ

November 3, 2023 Aung Khant Mon 0

‘အင်တာဗျူးခဏခဏဝင်ပါတယ်။ ဒါပေမဲ့အလုပ်လည်းမရဘူး။ စိတ်ဓာတ်ကျလာပြီ’ဆိုတဲ့သူတွေဟာလိုအပ်ချက်ကြီးတစ်ခုခုတော့ ရှိနေပြီလို့သုံးသပ်ရမှာပါ။ ကိုယ်သတိမထားဘဲလုပ်မိတဲ့အရာတွေကအင်တာဗျူးနေသူရဲ့မျက်စိထဲ၊ အတွေးထဲမှာကန့်လန့်ဖြစ်နေလို့အင်တာ ဗျူးတိုင်းကိုကျရှုံးရတာဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အပြုအမူတွေကအခုဖော်ပြမယ့်အချက်တစ်ခုခုနဲ့ငြိနေလားဆိုတာ သုံးသပ်ကြည့်ပါဦးနော်။ – အင်တာဗျူးမယ့်သူက အင်တာဗျူးနေရာကို ၁၅ မိနစ်လောက်နောက်ကျပြီးမှလာတာဘာမှမဖြစ်ပေမယ့် အင်တာဗျူးဖြေမယ့်သူက ၅ မိနစ်လောက်တောင်နောက်ကျဖို့မသင့်ပါဘူးနော်။ အင်တာဗျူးချိန်းထားချိန်ထက် ၁၅မိနစ်ခန့်စောပြီးရောက်နေသင့်ပါတယ်။ အင်တာဗျူးဖြေဖို့နောက်ကျပြီးရောက်လာခဲ့တယ်ဆိုရင်ဒါကအမှတ်လျော့သွားနိုင်တဲ့အချက်ပါ။ – အလုပ်တစ်ခုရဖို့အတွက် အရည်အချင်းကအဓိက၊ ကိုယ့်သွင်ပြင်အတိုင်းပဲကိုယ်နေမယ်ဆိုတဲ့အယူအဆတွေရှိနိုင်ကြပါတယ်။ […]

ဟယ်ရီပေါ်တာရုပ်ရှင်ရိုက်ရင်း အကြောသေသွားခဲ့ရတဲ့စတန့်မင်းသားအတွက် ကူညီနေဆဲ Daniel Radcliffe

November 2, 2023 Aung Khant Mon 0

HBO ကထုတ်လွှင့်မယ့် David Holmes: The Boy Who Lived နာမည်ရ Documentary ထဲမှာဟယ်ရီပေါ်တာမင်းသား Daniel Radcliffe လည်းပါဝင်လာမှာဖြစ်ပါတယ်။ ဒီ Documentary ဟာဟယ်ရီပေါ်တာရုပ်ရှင်တွေတိုင်း စတန့်မင်းသားအဖြစ်နဲ့ပါဝင်ခဲ့တဲ့ David Holmes ရဲ့အကြောင်းပဲဖြစ်ပါတယ်။David Holmes ဟာဟယ်ရီပေါ်တာဇာတ်ကားတွေစရိုက်စဉ်ကဆယ်ကျော်သက်ကျွမ်းဘားသမားလေးဖြစ်ပြီး Daniel Radcliffe […]

ကြော်ငြာဘုရင်မအဖြစ်တစ်ခေတ်ထလာပြန်တဲ့ လီဟိုရီ

November 2, 2023 Aung Khant Mon 0

K-pop ရဲ့ပထမဆုံးမျိုးဆက်ဖြစ်ပြီး ဆွဲဆောင်မှုအပြည့်နဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့ လီဟိုရီကအခုဆိုရင်ကြော်ငြာရိုက်ကူးမှုများစွာ လက်ခံရိုက်ကူးနေရပြီး ကြော်ငြာဘုရင်မဖြစ်လာခဲ့ပြန်ပါပြီ။နိုဝင်ဘာလ ၁ ရက်နေ့က သူမရဲ့ Instagram Account မှာ My Heart Runs ဆိုတဲ့ Caption နဲ့ကားအငှားဝန်ဆောင်မှုကုမ္ပဏီအတွက်ကြော်ငြာရိုက်ကူးနေကြောင်း ဖော်ပြလာခဲ့တာဖြစ်ပါတယ်။လီဟိုရီဟာ ၂၀၁၂ ခုနစ်က သတ္တဝါလေးတွေနဲ့ သဘာဝပတ်ဝန်းကျင်ကိုအကာအကွယ်မပေးနိုင်တဲ့ကုန်အမှတ်တံဆိပ်ကြော်ငြာမျိုးတွေ လက်ခံရိုက်ကူးမှုမပြုတော့ဘူးဆိုတဲ့ကြေညာချက်နဲ့အတူကြော်ငြာလောကကိုစွန့်ခွာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရဲ့ဇူလိုင်လမှာတော့ […]

အလုပ်နားခံရပြီဆိုရင် ကုမ္ပဏီကိုပြန်မေးသင့်တဲ့မေးခွန်း ၅ ခု

November 2, 2023 Aung Khant Mon 0

အလုပ်နားတယ်ဆိုတာက အလုပ်ဖြုတ်လိုက်တာ၊ အလုပ်ထုတ်ခံရတာနဲ့ကွဲပြားပါတယ်နော်။ကုမ္ပဏီဘက်က ဝန်ထမ်းတွေကိုအလုပ်နားခိုင်းတယ်ဆိုတာဟာ ဝန်ထမ်းတွေရဲ့အပြစ်၊အမှားတွေကြောင့်မဟုတ်ပါဘူး။ စီးပွားရေး၊ ဘဏ္ဍာရေးအခြေအနေကြောင့်ကုမ္ပဏီဆက် လက်လည်ပတ်ဖို့ခက်တဲ့အခါမျိုးမှာ ဝန်ထမ်းလျှော့ချလိုက်တာမျိုးကို ခေါ်ပါတယ်။အလုပ်နားရတော့မှာကိုသိလိုက်ပြီဆိုရင် ခေါင်းထဲမှာမေးခွန်းမျိုးစုံကဝဲလည်နေမှာပါ။ဘာ့ကြောင့်ငါ့ကျမှဒီလိုဖြစ်ရတာလဲ၊ အိမ်ကိုဘယ်လိုပြောရမလဲ၊ ငါအခုဘာလုပ်ရမလဲဆိုတဲ့မေးခွန်းတွေက ခေါင်းထဲမှာပိုပြီးကြီးစိုးနေမှာဖြစ်ပါတယ်။ ဒီလိုအလုပ်နားခံရခြင်းဟာ ဘယ်ရာထူး၊ ဘယ် Level မဆို ကြုံတွေ့နိုင်တဲ့အရာမျိုးပါ။ ဒါကြောင့်အလုပ်နားခံရတယ်ဆိုတိုင်းစိတ်ဓာတ်ကျစရာမလိုပါဘူး။ကိုယ့်မှာအရည်အချင်းရှိနေသရွေ့အလုပ်တစ်ခုမဟုတ်တစ်ခုအဆင်သင့်စောင့်ကြိုနေတတ်ပါတယ်။ဒီအချိန်မှာအရေးအကြီးဆုံးက ခေါင်းအေးအေးထားပြီးအလုပ်ရှင်ကိုဒီမေးခွန်းတွေပြန်မေးဖို့ဖြစ်ပါတယ်။ ၁. နောက်ဆုံးလုပ်အားခဘယ်တော့ရမှာလဲ၊ ဘယ်လိုရမှာလဲ […]