Season 2 ထွက်ရှိလာမယ့် The Devil’s Plan

Netflix ရဲ့ နာမည်ကြီး Game Show တစ်ခုဖြစ်တဲ့ The Devil’s Plan ဟာ Season 2 အနေနဲ့ထွက်ရှိလာမယ်လို့ နိုဝင်ဘာလ(၇)ရက်နေ့မှာ Netflix ကတရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီ Game Show မှာ မတူညီတဲ့နယ်ပယ်တွေကနေလာကြတဲ့ ကစားသူ ၁၂ ယောက်က ရက်သတ္တပတ်ကြာ Camp ထွက်လာပြီး ပြင်ပကမ္ဘာနဲ့လုံးဝကိုအဆက်အသွယ်ဖြတ်တောက်ခံရတာဖြစ်ပါတယ်။ သူတို့ဟာပြိုင်ဆိုင်မှုပြင်းထန်ပြီး ဦးနှောက်ကိုအသုံးချရတဲ့ကစားနည်းတွေကိုယှဉ်ပြိုင်ရင်း အနိုင်ရသူဟာ ဝမ်သန်း ၅၀၀ လောက်ကိုဆုအဖြစ်ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

The Devil’s Plan Season 1 ကိုထုတ်လွှင့်ခဲ့စဉ်က Netflixရဲ့ တောင်ကိုရီးယား Top Ten Series ထဲမှာနံပါတ် ၁ ချိတ်ခဲ့တာဖြစ်ပါတယ်။ ထုတ်လုပ်သူ ဂျန်ဂျောင်ယွန်းက ဆန်းသစ်တဲ့ကစားကွက်တွေနဲ့ Season 2 အတွက်ပြင်ဆင်နေပါပြီလို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူဟာ The Genius ၊ The Great Escape နဲ့ The Devil’s Plan တို့ကိုထုတ်လုပ်ရိုက်ကူးခဲ့သူဖြစ်ပါတယ်။The Devil’s Plan Season 1 မှာ အပိုင်း ၁၂ ပိုင်းပါရှိပြီး ၂၀၂၃ ခုနစ်မှာထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Netflix ရဲ႕ နာမည္ႀကီး Game Show တစ္ခုျဖစ္တဲ့ The Devil’s Plan ဟာ Season 2 အေနနဲ႔ထြက္ရွိလာမယ္လို႔ ႏိုဝင္ဘာလ(၇)ရက္ေန႔မွာ Netflix ကတရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ဒီ Game Show မွာ မတူညီတဲ့နယ္ပယ္ေတြကေနလာၾကတဲ့ ကစားသူ ၁၂ ေယာက္က ရက္သတၱပတ္ၾကာ Camp ထြက္လာၿပီး ျပင္ပကမာၻနဲ႔လုံးဝကိုအဆက္အသြယ္ျဖတ္ေတာက္ခံရတာျဖစ္ပါတယ္။ သူတို႔ဟာၿပိဳင္ဆိုင္မႈျပင္းထန္ၿပီး ဦးေႏွာက္ကိုအသုံးခ်ရတဲ့ကစားနည္းေတြကိုယွဥ္ၿပိဳင္ရင္း အႏိုင္ရသူဟာ ဝမ္သန္း ၅၀၀ ေလာက္ကိုဆုအျဖစ္ပိုင္ဆိုင္ရမွာျဖစ္ပါတယ္။

The Devil’s Plan Season 1 ကိုထုတ္လႊင့္ခဲ့စဥ္က Netflixရဲ႕ ေတာင္ကိုရီးယား Top Ten Series ထဲမွာနံပါတ္ ၁ ခ်ိတ္ခဲ့တာျဖစ္ပါတယ္။ ထုတ္လုပ္သူ ဂ်န္ေဂ်ာင္ယြန္းက ဆန္းသစ္တဲ့ကစားကြက္ေတြနဲ႔ Season 2 အတြက္ျပင္ဆင္ေနပါၿပီလို႔ ထုတ္ေဖာ္ေျပာျပခဲ့ပါတယ္။ သူဟာ The Genius ၊ The Great Escape နဲ႔ The Devil’s Plan တို႔ကိုထုတ္လုပ္႐ိုက္ကူးခဲ့သူျဖစ္ပါတယ္။The Devil’s Plan Season 1 မွာ အပိုင္း ၁၂ ပိုင္းပါရွိၿပီး ၂၀၂၃ ခုနစ္မွာထြက္ရွိခဲ့တာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*