ရင်သွေးလေးဆုံးရှုံးဖူးကြောင်းကဗျာစာအုပ်ထဲမှာဖော်ပြခဲ့တဲ့ Megan Fox

ညှို့ဓာတ်ပြင်းတဲ့အလှကိုပိုင်ဆိုင်ထားနိုင်တဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့ Megan Fox ကသူမရဲ့ကိုယ်တိုင်ရေးကဗျာစာအုပ်ကိုထုတ်ဝေခဲ့တယ်လို့သိရပါတယ်။သူမရဲ့ကဗျာစာအုပ်ဟာ Pretty Boys Are Poisonous လို့နာမည်ရပြီးမကြာခင်ကထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ ကဗျာနှစ်ပုဒ်ဟာသူမအနေနဲ့သမီးလေးတစ်ယောက်ကိုဆုံးရှုံးခဲ့ရဖူးကြောင်း ရေးသားထားတာဖြစ်တယ်လို့သတင်းသမားတွေကထောက်ပြထားကြပါတယ်။ သမီးလေးကိုကိုယ်ဝန်လွယ်ခဲ့ရပြီး ၁၀ပတ်အကြာမှာပျက်ကြခဲ့တဲ့အကြောင်း သူမကဖော်ပြထားတယ်လို့ဆိုပါတယ်။

“ငါမင်းကိုထိတွေ့ချင်တယ်၊ မင်းရယ်သံလေးတွေကိုကြားချင်တယ်၊ ဒါပေမဲ့နောက်ဆုံးမှာတော့မင်းကိုနှုတ်ဆက်လိုက်ရပြီ” ဆိုတာမျိုးတွေ ရေးသားထားတာဖြစ်ပါတယ်။ Megan Fox ရဲ့သတို့သားလောင်းဖြစ်တဲ့ Machine Gun Kelly ကလည်း Twin Flame ဆိုတဲ့သီချင်းကိုဖျော်ဖြေစဉ်မှာငါတို့ရဲ့မမွေးလိုက်ရတဲ့ကလေးလေးအတွက်ဆိုပြီး ရည်ညွှန်းသီဆိုခဲ့ဖူးတာကိုတွေ့ရပါတယ်။ Megan Fox က “ဒီကဗျာတွေကိုရေးဖြစ်တာက ကျွန်မရဲ့မျိုသိပ်မှုတွေကြောင့်အမြစ်တွယ်နေခဲ့တဲ့မကျန်းမာခြင်းတွေကို ဖြတ်ထုတ်ပစ်နိုင်ဖို့ကြိုးစားခြင်းဖြစ်တယ်” လို့ကဗျာစာအုပ်ရဲ့အမှာစာထဲမှာဖော်ပြထားပါတယ်။

Ju Ju

zawgyi

ညႇိဳ႕ဓာတ္ျပင္းတဲ့အလွကိုပိုင္ဆိုင္ထားႏိုင္တဲ့မင္းသမီးတစ္ေယာက္ျဖစ္တဲ့ Megan Fox ကသူမရဲ႕ကိုယ္တိုင္ေရးကဗ်ာစာအုပ္ကိုထုတ္ေဝခဲ့တယ္လို႔သိရပါတယ္။သူမရဲ႕ကဗ်ာစာအုပ္ဟာ Pretty Boys Are Poisonous လို႔နာမည္ရၿပီးမၾကာခင္ကထြက္ရွိလာခဲ့တာျဖစ္ပါတယ္။ ဒီစာအုပ္ထဲမွာပါဝင္တဲ့ ကဗ်ာႏွစ္ပုဒ္ဟာသူမအေနနဲ႔သမီးေလးတစ္ေယာက္ကိုဆုံးရႈံးခဲ့ရဖူးေၾကာင္း ေရးသားထားတာျဖစ္တယ္လို႔သတင္းသမားေတြကေထာက္ျပထားၾကပါတယ္။ သမီးေလးကိုကိုယ္ဝန္လြယ္ခဲ့ရၿပီး ၁၀ပတ္အၾကာမွာပ်က္ၾကခဲ့တဲ့အေၾကာင္း သူမကေဖာ္ျပထားတယ္လို႔ဆိုပါတယ္။

“ငါမင္းကိုထိေတြ႕ခ်င္တယ္၊ မင္းရယ္သံေလးေတြကိုၾကားခ်င္တယ္၊ ဒါေပမဲ့ေနာက္ဆုံးမွာေတာ့မင္းကိုႏႈတ္ဆက္လိုက္ရၿပီ” ဆိုတာမ်ိဳးေတြ ေရးသားထားတာျဖစ္ပါတယ္။ Megan Fox ရဲ႕သတို႔သားေလာင္းျဖစ္တဲ့ Machine Gun Kelly ကလည္း Twin Flame ဆိုတဲ့သီခ်င္းကိုေဖ်ာ္ေျဖစဥ္မွာငါတို႔ရဲ႕မေမြးလိုက္ရတဲ့ကေလးေလးအတြက္ဆိုၿပီး ရည္ၫႊန္းသီဆိုခဲ့ဖူးတာကိုေတြ႕ရပါတယ္။ Megan Fox က “ဒီကဗ်ာေတြကိုေရးျဖစ္တာက ကြၽန္မရဲ႕မ်ိဳသိပ္မႈေတြေၾကာင့္အျမစ္တြယ္ေနခဲ့တဲ့မက်န္းမာျခင္းေတြကို ျဖတ္ထုတ္ပစ္ႏိုင္ဖို႔ႀကိဳးစားျခင္းျဖစ္တယ္” လို႔ကဗ်ာစာအုပ္ရဲ႕အမွာစာထဲမွာေဖာ္ျပထားပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*