Sugar Daddy ဖြစ်ချင်နေသူကိုပွင့်ပွင့်လင်းလင်းချေချလိုက်တဲ့ လီလီရိုင်းဟတ်

November 30, 2023 Aung Khant Mon 0

Riverdale ရဲ့ မင်းသမီးဖြစ်တဲ့ လီလီရိုင်းဟတ်က သူမကိုစပွန်ဆာပေးချင်နေသူရဲ့ကမ်းလှမ်းချက်ကို TikTok Video တင်ပြီးပွင့်ပွင့်လင်းလင်းငြင်းပြလိုက်ပါတယ်။အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့သူမက တစ်ပတ်ကိုဒေါ်လာ ၅၀၀၀ ပေးမယ်ဆိုတဲ့လူတစ်ယောက်ရဲ့ကမ်းလှမ်းချက်ကို လူတွေရှေ့မှာပွင့်ပွင့်လင်းလင်းချပြပြီး ငြင်းလိုက်တာဖြစ်ပါတယ်။လူတစ်ယောက်က သူမကို တစ်ပတ်ကိုဒေါ်လာ ၅၀၀၀ ပေးမယ်။ ဝတ်လစ်စားလစ်ပုံနဲ့လိင်ကိစ္စပြောဆိုတာတွေလုပ်စရာမလိုပါဘူး၊ သူ့ကို ဂရုစိုက်ပေးဖို့နဲ့အကြံဉာဏ်ပေးဖို့ပါပဲဆိုပြီးပြောလာခဲ့တာဖြစ်ပါတယ်။ ဒါကို သူမက ဗီဒီယိုပြုလုပ်ပြီး“ရှင်ဘယ်လိုအကြံဉာဏ်မျိုးလိုချင်နေတာလဲတော့ကျွန်မ […]

မင်းသားကြီးချွဲမင်ရှစ်ပါဝင်သရုပ်ဆောင်ထားတဲ့ Music Video

November 30, 2023 Aung Khant Mon 0

မင်းသားကြီးချွဲမင်ရှစ်ဟာ ဒိတ်ဒိတ်ကြဲနာမည်ကြီးအနုပညာရှင်တွေထဲကတစ်ယောက်ဖြစ်ပြီးချွဲမင်ရှစ်ပါဝင်တဲ့ဇာတ်ကားဆိုရင်တကူးတ ကကြည့်ရတဲ့အထိ အနုပညာစွမ်းဆောင်ရည်မြင့်မားတဲ့သရုပ်ဆောင်တစ်ဦးပါ။ Old Boy ၊ I Saw The Devil ၊ Brotherhood ၊ Nameless Gangster စတဲ့နာမည်ကြီးကားတွေအပြင် Lucy မှာပါပါဝင်သရုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့သူဟာ Zion.T ရဲ့ Stranger ဆိုတဲ့ MV […]

Productivity ကောင်းဖို့ Email Inbox ကိုဘယ်လိုရှင်းလင်းထားကြမလဲ

November 30, 2023 Aung Khant Mon 0

တခြားသော Professional တွေလိုပဲ ကိုယ့်ရဲ့အီးမေးလ်အကောင့်ထဲကို တစ်နေ့တစ်နေ့မေးလ်တွေရာချီပြီးဝင်နေတယ်ဆိုပါစို့။အရေးကြီးတဲ့မေးလ်တွေကိုမတွေ့လိုက်ဘဲကျော်သွားတာမျိုးမဖြစ်ရအောင်၊စိတ်ပူပန်မှုတွေနဲ့ Inbox ကိုပြူးတူးပြဲတဲကြည့်မနေရအောင် ဘယ်လိုစီမံကြပါသလဲနော်။ကိုယ့်ဆီရောက်လာနေတဲ့ မေးလ်တွေဖတ်ရင်းနဲ့ပဲအချိန်တွေနေ့တဝက်လောက်ကုန်သွားတာမျိုးမဖြစ်ရအောင် စီမံတတ်ဖို့လည်းလိုပါတယ်။အခုဖော်ပြပေးမယ့်အချက်တွေကတော့ ကိုယ့်ရဲ့ Email Inbox ကိုသပ်သပ်ရပ်ရပ်ရှင်းရှင်းလင်းလင်းထားတတ်ဖို့၊ အီးမေးလ်အတွက်ကိုယ့်ရဲ့အလုပ်ချိန်တွေ၊စွမ်းအင်တွေပဲ့ပါသွားတာမျိုးမဖြစ်ရအောင် စနစ်တကျသုံးနိုင်စေဖို့အကြံဉာဏ်ကောင်းလေးတွေပဲဖြစ်ပါတယ်။ Folders နဲ့ Labels တွေခွဲပါ Email Inbox ကိုအသပ်ရပ်ဆုံးဖြစ်စေတဲ့နည်းကတော့ မတူညီတဲ့အခန်းကဏ္ဍတွေအတွက် Folders […]

Eras Tour အတွင်းသေဆုံးခဲ့ရတဲ့ Fan တစ်ယောက်ရဲ့မိဘတွေနဲ့တေလာဆွပ်ဖ်တွေ့ဆုံ

November 29, 2023 Aung Khant Mon 0

ဘရာဇီးမှာပြုလုပ်တဲ့ Eras Tour အတွင်းနေမကောင်းဖြစ်ပြီး ဆေးရုံအရောက်မှာသေဆုံးခဲ့ရတဲ့ Fan တစ်ယောက်ရဲ့မိဘတွေနဲ့ တေလာဆွပ်ဖ်ကအထူးတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။တေလာဆွပ်ဖ်ရဲ့ Fan တစ်ယောက်ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ်အမျိုးသမီး Ana Clara Benevides Machado ဟာ ရီးရိုးဒီဂျနေးရိုးမြို့မှာပြုလုပ်တဲ့ Show ကိုအားပေးရင်း နေမကောင်းဖြစ်လာပြီးဆေးရုံမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူမဟာ နိုဝင်ဘာလ လဆန်းပိုင်းမှာသေဆုံးခဲ့တာဖြစ်ပြီးနှလုံးသွေးကြောပိတ်ပြီးသေဆုံးသွားရတာဖြစ်ပါတယ်။ […]

တစ်ရက်အတွင်းကြည့်ရှုသူ ၂၂ သန်းကျော်ခဲ့တဲ့ Baby Monster ရဲ့ Batter Up MV

November 29, 2023 Aung Khant Mon 0

YG ကနိုဝင်ဘာလအတွင်းတရားဝင်မိတ်ဆက်လာတဲ့ Baby Monster အဖွဲ့ရဲ့ပွဲဦးထွက်သီချင်း Music Video ထွက်ရှိလာပြီဖြစ်ပါတယ်။ သူတို့ရဲ့ပွဲဦးထွက်သီချင်း Batter Up အတွက် MV ကို နိုဝင်ဘာလ ၂၆ ရက်နေ့က You Tube ပေါ်တင်ခဲ့တာဖြစ်ပါတယ်။ဒီ MV ဟာ ၂၇ ရက်ညအထိ ကြည့်ရှုသူ […]

Gen Z တွေနဲ့အလုပ်လုပ်တော့မယ်ဆိုရင်

November 29, 2023 Aung Khant Mon 0

Generation Z လို့ခေါ်တဲ့ Gen Z တွေဟာ အရင့်အရင် Generation တွေနဲ့မတူဘဲနည်းပညာခေတ်မှာတိုးဝင်အလုပ်လုပ်ကြရသူတွေပါ။ စူးစမ်းလေ့လာချက်တွေအရ Gen Z တွေဟာကိုယ်ချင်းစာမှုနဲ့ရိုးသားမှုကို ဦးစားပေးသူတွေဖြစ်တယ်လို့သိရပါတယ်။ သူတို့တွေကသူ ဌေးကိုပွင့်လင်းမြင်သာမှုရှိရှိနဲ့ လေးလေးစားစားစကားပြောဆိုချင်တတ်ကြပါတယ်။သူတို့ရဲ့ လုပ်ငန်းခွင်ကိုလည်း အခွင့်အလမ်းတွေ၊ လေ့လာစရာတွေရှိနေစေချင်ကြပါတယ်။ အလုပ်မှာနောက်ဆုံးပေါ်နည်းပညာတွေရှိနေတာ၊ အလုပ်ချိန်ညှိနှိုင်းလုပ်ကိုင်လို့ရတာမျိုးက သူတို့မက်မောတဲ့အရာထဲပါဝင်နေပါတယ်။ ကိုယ်က Gen […]

စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိခြင်းကအားကျလောက်စရာ Skill တစ်ခုပါ

November 27, 2023 Aung Khant Mon 0

Deadline အမီပြီးရမယ့်အလုပ်တွေ၊ အစည်းအဝေးတွေ၊လိုချင်တဲ့ရလဒ်ထွက်လာအောင်လုပ်ရမယ့်အရာတွေ၊ မိသားစုအရေးကိစ္စတွေကြောင့်ဖြစ်လာရတဲ့စိတ်ဖိစီးမှုတွေဟာလူတွေကို စိတ်ပျက်၊ စိတ်ဓာတ်ကျစေတာမှန်ပါတယ်။ ဒါပေမဲ့စိတ်ဖိစီးမှုကိုကောင်းကောင်းကိုင် တွယ်နိုင်ခြင်းက အောင်မြင်မှုဆီမြန်မြန်ရောက်စေနိုင်တဲ့အရည်အချင်းတစ်ခုဖြစ်လို့နေပြန်ပါတယ်။စိတ်ဖိစီးမှုများပေမယ့် စိတ်ကိုထိန်းနိုင်ခြင်း၊ အလုပ်တွေကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ခြင်းကခေါင်းဆောင်တစ်ယောက်အတွက် မဖြစ်မနေလိုအပ်တဲ့အရာတွေပါ။ ဒါကြောင့်လည်းစိတ်ဖိစီးမှုကိုအကောင်းဆုံးဘယ်လိုစီမံကြမလဲ၊ ခံနိုင်ရည်ရှိလာအောင်ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတာကို သိထားသင့်ပါတယ်။ Stress Management အတွက်အဓိကအရေးကြီးတဲ့အရာက ရှုမြင်ပုံပြောင်းဖို့ပါ။ Stress ဟာ ရည်မှန်းချက်ရှိခြင်းရဲ့သဘာဝထုတ်ကုန်ပါ        […]

မိတဆိုးသားလေးကို အကောင်းဆုံးချစ်ပြနိုင်တဲ့အဖေ ဂျွန်ထရာဗိုတာ

November 27, 2023 Aung Khant Mon 0

မင်းသားကြီးဂျွန်ထရာဗိုတာအနေနဲ့ သူ့ရဲ့အငယ်ဆုံးသားလေး Benjamin အတွက်ရေးတဲ့မွေးနေ့အမှတ်တရ Message လေးက လူတွေကိုနွေးထွေးမှုပေးနိုင်ခဲ့ပါတယ်။ဂျွန်ထရာဗိုတာဟာ သားကြီးဖြစ်သူ အသက် ၁၆ နှစ်အရွယ် Jett ကို ၂၀၀၉ ခုနစ်ကဆုံးရှုံးခဲ့ရပြီးဇနီးဖြစ်သူ Kelly Preston ကိုလည်းမနှစ်ကဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ Kelly Preston ဟာရင်သားကင်ဆာခံစားနေရပြီး ၂ နှစ်အကြာမှာဆုံးပါးသွားခဲ့တာပါ။ ဒါကြောင့်လည်း ဒီနှစ်ပိုင်းတွေဟာဂျွန်ထရာဗိုတာအတွက် […]

Blue Dragon ရုပ်ရှင်ဆုပေးပွဲမှာ လီဗြောင်ဟွန်း၊ ဂျိုအင်ဆောင်၊ဂျောင်ယူမီ တို့ကဆုတွေဆွတ်ခူး

November 27, 2023 Aung Khant Mon 0

ကိုရီးယားအနုပညာလောကမှာဩဇာတိက္ကမရှိတဲ့ဆုပေးပွဲလို့ဆိုရမယ့် Blue Dragon Award ဆုပေးပွဲကို (၄၄) ကြိမ်မြောက်အဖြစ် နို ဝင်ဘာလ ၂၅ ရက်နေ့ကကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဒီဆုပွဲကြီးကို Yeouido မှာရှိတဲ့ KBS Hall မှာကျင်းပခဲ့တာဖြစ်ပါတယ်။အခမ်း အနားမှူးများအဖြစ် သရုပ်ဆောင် Kim Hye Soo နဲ့ Yoo Yeon […]

Justin Timberlake နဲ့ Jungkook တို့ရဲ့ပူးပေါင်းဖန်တီးမှု 3D

November 26, 2023 Aung Khant Mon 0

Justin Timberlake နဲ့ Jungkook (BTS) တို့ရဲ့ ဖန်တီးမှုအသစ်ဖြစ်တဲ့ 3D သီချင်းဟာ သောကြာနေ့မှာထွက်ရှိလာမယ်လို့သိရပါတယ်။ ဒီလိုပူးပေါင်းဖန်တီးမှုက အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။ဒီသတင်းကို BigHit Music က နိုဝင်ဘာလ ၂၃ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။အနုပညာရှင်နှစ်ယောက်ရဲ့ ပူးပေါင်းဖန်တီးမှုသတင်းနဲ့အတူသီချင်းအတွက်ကြော်ငြာစာရွက်ကိုပါပရိသတ်တွေဆီ ပြသလိုက်ပြီဖြစ်ပါတယ်။ BigHit Music ရဲ့ပြောကြားချက်အရ ဒီ […]