လစာတိုးစေဖို့အာမခံနိုင်တဲ့နည်းလမ်း ၅ ခု

September 30, 2023 Aung Khant Mon 0

ဘဝမှာ ကိုယ်လိုချင်တာဘာလဲဆိုတာကိုသိလာခဲ့ရင် ဘယ်လိုရယူနိုင်မလဲဆိုတာကိုစဉ်းစားရုံပါပဲ။လစာတိုးဖို့ကိစ္စမှာ ကိုယ့်ကိုသူဌေးကသတိထားမိလာစေပြီးကိုယ့်ရဲ့ကြိုးစားမှုကိုလည်းသူမြင်တတ်လာစေဖို့လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ဒါကြောင့် ငါတော့လစာတိုးတောင်းသင့်ပြီလို့ယူဆမိတယ်ဆိုရင် အခုဖော်ပြမယ့်အချက် ၅ ချက်ကိုအရင်လုပ်ဆောင်ကြည့်သင့်ပါတယ်။ ၁. ပထမဆုံးသိသင့်တာက ABC ပါ A ဆိုတာက Achievement ဖြစ်ပါတယ်။ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ကောင်းမွန်တဲ့ Performance ၊ကုမ္ပဏီအတွက်ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲဆိုတာကိုဖော်ပြပါ။ B ဆိုတာက Brand ဖြစ်ပါတယ်။ ကိုယ်နဲ့ကိုယ့်ကုမ္ပဏီကိုတွဲသိပြီလား။ […]

ကလေးထိန်းနေရလို့ ပရောဂျက်အသစ်တွေလက်မခံသေးပါဘူးဆိုတဲ့ ဆိုရီဂျင်း

September 30, 2023 Aung Khant Mon 0

Crash Landing On You စုံတွဲဖြစ်တဲ့ မင်းသားဟွန်ဘင်နဲ့မင်းသမီးဆိုရီဂျင်းတို့နှစ်ဦးဟာ ၂၀၂၂ ခုနစ်၊မတ်လကလက်ထပ်ခဲ့ပြီးနိုဝင်ဘာလမှာသားလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။သရုပ်ဆောင်လောကမှာနှစ် ၂၀ ကြာဖြတ်သန်းလာပြီးတဲ့သူမကို ကလေးမွေးပြီးအနုပညာအလုပ်တွေဆက်လုပ်ဖို့ရှိ၊မရှိပရိသတ်တွေကသိချင်နေကြပါတယ်။စက်တင်ဘာလ ၂၇ ရက်နေ့ကပြသတဲ့ Lim Jin Han Class အစီအစဉ်မှာ သူမကကလေးပြုစုပျိုးထောင်ပုံတွေအကြောင်းမျှဝေရင်း အနုပညာနဲ့ပတ်သက်တဲ့ရိုက်ကူးရေးအသစ်ရှိ၊မရှိကိုပါမျှဝေခဲ့တာဖြစ်ပါတယ်။ “ကလေးထိန်းရတာက အခက်အခဲတွေအများကြီးရှိတာပေါ့။ ဒါပေမဲ့ကလေးလေးကကျွန်မတို့ကိုပျော်ရွှင်မှုအများကြီးပေးနိုင်ပါတယ်။တစ်ခါမှမခံစားဖူးတဲ့ကြည်နူးမှုတွေပေါ့”လို့ပြောခဲ့တာဖြစ်ပါတယ်။ ကလေးထပ်ယူဖို့ကိုတော့စဉ်းစားဦးမယ်လို့ သူမကဖြေခဲ့ပါတယ်။ […]

လူအများသဘောကျနေတဲ့ ကိတ်မစ်ဒယ်လ်တန်ရဲ့ဆံပင်ပုံစံအသစ်

September 30, 2023 Aung Khant Mon 0

တော်ဝင်မင်းသမီး ကိတ်မစ်ဒယ်လ်တန်ရဲ့ပြောင်းလဲထားတဲ့ဆံပင်ပုံစံအသစ်ကိုလူအများကနှစ်ခြိုက်သဘောကျနေကြပါတယ်။ ကိတ်ဟာ သူမရဲ့လှပတဲ့နဂိုရုပ်ရည်အပြင်တော်ဝင်မင်းသမီးဟန်မပျက်စေဘဲ ဖက်ရှင်ကျကျဆင်မြန်းတတ်သူမို့သူမရဲ့မိတ်ကပ်အပြင်အဆင်နဲ့ဝတ် စားပုံကို အမြဲစောင့်ကြည့်ခံနေရသူလည်းဖြစ်ပါတယ်။ကိတ်ကသူမရဲ့ဆံပင်စတိုင်လ်အသစ်ကို စက်တင်ဘာလ ၂၇ ရက်နေ့ကလူမှုဝန် ထမ်းအလုပ်တွေလုပ်စဉ်မှာ စတင်ထုတ်ပြခဲ့တာပဲဖြစ်ပါတယ်။ သူမဟာကလေးတွေရဲ့အရေးကြီးတဲ့အစောပိုင်းကာလဖွံ့ဖြိုးမှုအတွက် Shaping Us ဆိုတဲ့ကမ်ပိန်းကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။သူမရဲ့ အမှတ်တံဆိပ်လို့ဆိုရမယ့် ဘေးခွဲထားတဲ့ဆံပင်ခွေခွေတွေအစား ဆံပင်ကိုအလယ်ခွဲပြီးရှေ့ဆံမြိတ်ချလိုက်တာဖြစ်ပါတယ်။ ထိုပုံစံကြောင့်နဖူးပြင်ကျယ်တယ်လို့မထင်မိစေတော့ဘဲပိုပြီးနုပျိုသွားတယ်ဆိုတဲ့ မှတ်ချက်တွေပေးနေကြပါတယ်။ Ju Ju zawgyi တော်ဝင်မင်းသမီး […]

တစ်သက်လုံးသူမသဘောကျလာခဲ့တဲ့ Celebrityအကြောင်းပြောပြတဲ့ကင်မ်ကာဒက်ရှန်

September 29, 2023 Aung Khant Mon 0

ရှိုက်ဖိုကြီးငယ်နဲ့ပြည့်စုံပြီး ကြော့ရှင်းတဲ့ခန္ဓာကိုယ်အလှ၊ အချိုးအစားကျတဲ့မျက်နှာအလှအပကြောင့်နာမည်ကြီးနေဆဲဖြစ်တဲ့ကင်မ်ကာဒက်ရှန်က သူမအနေနဲ့တစ်သက်လုံးအတွက် သဘောကျနေမယ့်ကျော်ကြားသူတွေရှိကြောင်းကို ထုတ်ဖော်ပြောလာခဲ့ပါတယ်။ဒီအ ကြောင်းအရာကို စက်တင်ဘာလ ၂၅ ရက်နေ့ကထွက်ရှိတဲ့ CR Fashion Book မှာပြောပြခဲ့တာဖြစ်ပါတယ်။သူမတစ်သက်လုံးကြိုက်ခဲ့တဲ့ Celebrity ကတော့ ဂျွန်အက်ဖ်ကနေဒီဂျူနီယာဖြစ်ပြီးအမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီရဲ့သားဖြစ်ပါတယ်။ ဂျွန်အက်ဖ်ကနေဒီဂျူနီယာဟာအသက် ၃၈ နှစ်အရွယ်မှာ လေယာဉ်ပျက်ကျပြီးကွယ်လွန်ခဲ့သူပါ။သူမဟာ ကနေဒီမိသားစုအပေါ် စိတ် ဝင်စားမှုမြင့်မားတယ်ဆိုတာကို […]

အလုပ်ကိုဘယ်လိုဦးစားပေးလုပ်လေ့ရှိလဲဆိုတဲ့အမေးကိုဘယ်လိုဖြေဆိုမလဲ

September 29, 2023 Aung Khant Mon 0

အချိန်ကိုစီမံခန့်ခွဲတတ်ခြင်းဆိုတာက ဘယ်အလုပ်ရှင်မျိုးမဆိုလိုချင်ကြတဲ့အရည်အချင်းပါပဲ။ ဒါကြောင့်အလုပ်အင်တာဗျူးမှာလည်း အလုပ်ကိုဘယ်လိုဦးစားပေးလုပ်တတ်သလဲဆိုတာကိုမေးလေ့ရှိကြပါတယ်။အလုပ်ကိုဘယ်လိုပုံစံဦးစားပေးလုပ်လေ့ရှိလဲဆိုတဲ့မေးခွန်းကိုကြားတာနဲ့ အရေးကြီးတဲ့အလုပ်နဲ့ချက်ချင်းလုပ်ရမယ့်အလုပ် မတူညီဘူးဆိုတာကိုခွဲခြားသိဖို့လိုပါတယ်။ဒီလိုမတူညီတဲ့အလုပ်နှစ်ခုကို ခွဲခြားပြီးဖြေပြတတ်မယ်ဆိုရင်ကိုယ့်အဖြေက Perfect ဖြစ်ပါလိမ့်မယ်။ဒီလိုမေးခွန်းကို အဆင့်သုံးဆင့်ထားပြီးဖြေနိုင်ပါတယ်။ ပထမအဆင့် ကိုယ်က to-do-list တွေလုပ်လေ့ရှိတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် spreadsheet ကိုသုံးတာပဲဖြစ်ဖြစ်ဘယ်လိုနည်းလမ်းနဲ့ပဲအလုပ်တွေပြီးမြောက်အောင်စီမံပါစေ ဒါကိုအသေးစိတ်ပြောပြတတ်ဖို့လိုပါတယ်။အလုပ်ရှင်သိချင်တာက သင့်အနေနဲ့ဘယ်သူ့ကိုမှဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ အလုပ်တွေအကုန်ပြီးစီးအောင်လုပ်ဆောင်နိုင်ပါ့မလားဆိုတာပါပဲ။ လူတိုင်းမှာကိုယ့်ရဲ့အလုပ်တာဝန်တွေကိုပြီးအောင်လုပ်နိုင်ဖို့နည်းလမ်းကိုယ်စီရှိကြပါတယ်။ ဒါကိုကိုယ်က သိုင်းသိုင်းဝိုင်းဝိုင်း ဒါမှမဟုတ်ခပ်သွက်သွက်လေးပြောပြတတ်ဖို့လိုပါတယ်။ အလုပ်ရှင်ကကိုယ့်ရဲ့အသံကိုနားထောင်ရင်းဒီလူဟာတစ်နေ့တာအလုပ်ကိုနိုင်နိုင်နင်းနင်းလုပ်နိုင်စွမ်းရှိ၊မရှိ၊ […]

အသက် ၅၀ လို့မပြောပါနဲ့ဆိုတဲ့ စူပါမော်ဒယ်လ် Kate Moss

September 28, 2023 Aung Khant Mon 0

၂၀၂၄ ခုနစ်၊ ဇန်နဝါရီလမှာ အသက် ၅၀ ပြည့်တော့မယ့် စူပါမော်ဒယ်လ် Kate Moss ကအသက်ဆိုတာကိန်းဂဏန်းသက်သက်ပါလို့ပြောခဲ့ပါတယ်။“ကျွန်မကိုယ့်ကိုယ်ကိုယ် အသက် ၅၀ လို့မထင်ဘူး။ အဲဒီအကြောင်းကိုလည်းမစဉ်းစားဘူး၊မေ့ထားတယ်”လို့ People နဲ့အင် တာဗျူးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။သူမကိုဇရာကိုဘယ်လိုတိုက်ထုတ်မလဲဆိုတဲ့အကြောင်းကိုဆွေးနွေးတဲ့အခါမှာလည်း သူမက Fillers နဲ့ Botox တွေထိုးရတာမျိုးကိုလည်းသဘောမကျဘူး။ သဘာဝအတိုင်းပဲနေတယ်လို့ဖြေခဲ့ပါတယ်။ဒီလိုအလှအပအတွက် ဆေးထိုးသွင်းတာတွေနဲ့ပတ်သက်ရင်သူမကအထင်လွဲမခံနိုင်ဘဲပြန်ဖြေရှင်းလေ့ရှိသူဖြစ်ပါတယ်။ သူမက […]

ကျွန်းလေးပေါ်မှာတစ်ယောက်တည်းရှင်သန်ရဦးမယ့်ဝူယောင်းဝူ

September 28, 2023 Aung Khant Mon 0

Extraordinary Attorney Woo ဇာတ်လမ်းတွဲနဲ့ကမ္ဘာတစ်လွှားနာမည်ကြီးသွားခဲ့တဲ့အော်တစ်ဇင်ရှေ့နေမလေးဝူယောင်းဝူတစ်ဖြစ်လဲ မင်းသမီး Park Eun-bin ဟာနောက်ထပ်ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ထားတယ်လို့သိရပါတယ်။လက်ရှိသူမရိုက်ကူးထားတဲ့ဇာတ် လမ်းတွဲကတော့ Castaway Diva ဖြစ်ပြီး tvN ကရိုက်ကူးထုတ်လွှင့်မှာဖြစ်ပါတယ်။ Castaway Diva ဇာတ်လမ်းတွဲမှာသူမဟာဆိုးလ်မြို့ကိုအဆိုပြိုင်ပွဲဝင်ဖို့ လာရောက်ခဲ့ပေမယ့်မတော်တဆလူသူမနေတဲ့ကျွန်းပေါ်ကိုရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ သူမဟာကျွန်းပေါ်မှာဘယ်လိုရှင်သန်အောင်နေထိုင်သလဲ၊ အဲဒီကနေဘယ်လိုလွတ်မြောက်လာခဲ့သလဲဆိုတာကိုသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ Park Eun-bin အနေနဲ့ Extraordinary […]

Travis Kelec နဲ့ Taylor Swift တို့တကယ်ပဲချစ်သူတွေလား

September 27, 2023 Aung Khant Mon 0

စက်တင်ဘာလ ၂၄ ရက်နေ့က Kansas City Chiefs Game ကို Travis Kelec ရဲ့အမေဖြစ်သူနဲ့ Taylor Swift တို့အတူတူထိုင်အားပေးခဲ့တာမို့ Taylor နဲ့ Travis တို့ရဲ့ကောလာဟလကပိုပြီးပြင်းထန်လာခဲ့ပါတယ်။ကစားပွဲမှာတွေ့ရတဲ့မျက်မြင်သက်သေတွေကတော့ Travis Kelec ရဲ့စိတ်လှုပ်ရှားနေတဲ့ခုလိုမျက်နှာမျိုးတစ်ခါမှမမြင်ဖူးဘူး။ သူကစိတ်ဖိစီးနေတဲ့ပုံပေါ်ပေမယ့်နှစ်လိုဖွယ်ကောင်းနေပါတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့ကောလာဟလအချစ်ရေးသတင်းဟာ ဇူလိုင်ကကျင်းပတဲ့ တေလာရဲ့ […]

အာဏာရှင်ဆန်လွန်းတဲ့သူဌေးနဲ့တွေ့ရတဲ့အခါ

September 27, 2023 Aung Khant Mon 0

အလုပ်တွေလုပ်နေရင်း ကိုယ့်ဘဝမှာကံမကောင်းစွာနဲ့အာဏာရှင်ဆန်လွန်းတဲ့သူဌေးမျိုးနဲ့ဆုံတွေ့ရတတ်ပါတယ်။ အမြဲတမ်းလိုလိုအမိန့်ပေးစေခိုင်းတတ်ပြီးညှိနှိုင်းပြောဆိုဖို့တောင်ခက်ခဲတဲ့လူမျိုးတွေပါ။ ဒီလိုသူဌေးဆီအလုပ်လုပ်ရတဲ့ဝန်ထမ်းတွေဟာကိုယ့်ကိုပြစ်တင်ကဲ့ရဲ့တာကိုမခံနိုင်တဲ့အဆုံး အလုပ်ထွက်ခြင်းနဲ့အဆုံးသတ်သွားတတ်ကြပါတယ်။အခုဖော်ပြမယ့်အဓိကအချက်တွေကတော့ ဒီလိုသူဌေးမျိုးနဲ့တွေ့ဆုံရတဲ့အခါမဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်တွေဖြစ်ပြီးဒီလိုလူတွေနဲ့ညှိနှိုင်းပြောဆို၊လုပ်ကိုင်တတ်ခြင်းကြောင့်လည်း ကိုယ့်ရဲ့ Career အတွက်တက်လမ်းတစ်ခုဖြစ်စေနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်အသိပေးပါ သူတို့ဟာ အာဏာနဲ့ချုပ်ကိုင်နိုင်ခြင်းတွေကိုသဘောကျပြီးအံ့ဩရင်ခုန်ရတာမျိုးတွေကိုသဘောမကျတတ်ပါဘူး။ ဒါကြောင့်သတင်း ကောင်းပဲဖြစ်ဖြစ်၊သတင်းဆိုးပဲဖြစ်ဖြစ်သူတို့ဆီ သတင်းပို့ဖို့လိုပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေနဲ့ပရောဂျက်နဲ့ပတ် သက်တဲ့လှုပ်ရှားဆောင်ရွက်မှုတွေအကြောင်း နေ့စဉ်တင်ပြနိုင်ဖို့လိုပါတယ်။တချို့အချက်တွေကို သူတို့မမေးမြန်းပေမယ့် ကိုယ်ကပြောပြရှင်းပြတာမျိုးကိုလည်းသူတို့သဘောကျတတ်ကြပါတယ်။ ညှိနှိုင်းပြောဆိုတတ်ခြင်းနဲ့အနိုင်ယူပါ အာဏာရှင်ဆန်တဲ့သူဌေးတွေရဲ့အားနည်းချက်က အလုပ်သမားတွေရဲ့ပြဿနာကိုကောင်းကောင်းမကိုင်တွယ်နိုင်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူဌေးအများစုကတော့ဒီလိုပြဿနာတွေကိုကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင်နဂိုအတိုင်းတဝဲလည်လည်ဖြစ်နေမယ်ဆိုတာကိုနားလည်ကြပါတယ်။ […]

Rating ကောင်းနေတဲ့ The Escape of The Seven ဇာတ်လမ်းတွဲ

September 27, 2023 Aung Khant Mon 0

မြန်မာပရိသတ်တွေကြားမှာလတ်တလောရေပန်းစားနေတဲ့ The Escape of The Seven ဇာတ်လမ်းတွဲဟာ ကိုရီးယားပရိသတ်တွေကြားမှာလည်း Rating ကောင်းကောင်းနဲ့ကြည့်ရှုသူများနေတယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲရဲ့ အပိုင်း ၄ ထွက်ရှိချိန်မှာ Rating ၇.၇ ရာခိုင်နှုန်းအထိတက်လာခဲ့တယ်လို့ဆိုပါတယ်။ဒီလိုအရင်အပိုင်းထက် ၁ ရာခိုင်နှုန်းခုန်တက်နိုင်ခဲ့ခြင်းဟာ မှတ်တမ်းတင်လောက်တဲ့အောင်မြင်မှုလို့ Nielsen Korea ကပြောထားတာဖြစ်ပါတယ်။ SBS ကရိုက်ကူးထုတ်လွှင့်တဲ့ The […]