Girls Aloud အဖွဲ့ပြန်လည်စုစည်းပြီး Music Tour နဲ့ဖျော်ဖြေမယ်

၂၀၀၂ ခုနစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဗြိတိန်ပေါ့ပ်ဂီတလောကမှာနာမည်ရခဲ့တဲ့ Girls Aloud အဖွဲ့အနေနဲ့လက်ရှိမှာ သီချင်းအသစ်ထွက်ရှိဖို့လုပ်ဆောင်မယ့်အပြင် Music Tour အနေနဲ့လည်းလှည့်လည်ဖျော်ဖြေမယ်လို့သိရပါတယ်။ Girls Aloud အဖွဲ့မှာ အဖွဲ့ဝင်တွေအဖြစ် Cheryl ၊ Nicola Roberts ၊ Kimberly Walsh ၊ Nadine Coyle နဲ့ Sarah Harding တို့ပါဝင်ပြီး ၂၀၁၃ ခုနစ်အထိအတူတကွလှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။သူမတို့အဖွဲ့ရဲ့အအောင်မြင်ဆုံးသီချင်းတွေကတော့ Sound of the underground ၊ Love Machine ၊ The Show ၊ Graffiti My Soul ၊ Biology ၊ Sexy No No No ၊ Call the Shots ၊ Untouchable ၊ Memory of You စတဲ့သီချင်းတွေပဲဖြစ်ပါတယ်။

အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sarah Harding က ၂၀၂၁ ခုနစ်မှာရင်သားကင်ဆာနဲ့ကွယ်လွန်ခဲ့တာမို့လက်ရှိမှာအဖွဲ့ဝင် ၄ ယောက်သာကျန်ရှိပါတော့တယ်။ သူမတို့တွေဟာ ပြန်လည်စုစည်းပြီး Music Video တစ်ခုကို လန်ဒန်မြောက်ပိုင်းမှာတိုးတိုးတိတ်တိတ်ရိုက်ကူးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ (၁၁) နှစ်ကြာမြင့်ပြီးတဲ့နောက်မှာ သူမတို့ရဲ့ပထမဆုံး Single ကိုဖြန့်ချိတော့မှာဖြစ်ပါတယ်။ Girls Aloud ရဲ့ Music Tour ကိုလည်း ၂၀၂၄ ခုနစ်မှာစတင်ဖို့ပြင်ဆင်ထားပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*