ထိုင်းနိုင်ငံရဲ့နာမည်ကြီး ချာတူချက်ဈေးကြီးမီးလောင်လို့ တိရစ္ဆာန်ရာနဲ့ချီသေဆုံး

June 13, 2024 Aung Khant Mon 0

ထိုင်းနိုင်ငံရဲ နာမည်ကြီးဈေးကြီးတခုဖြစ်တဲ့ ချာတူချက်ဈေးကြီးမီးလောင်မှုမှာ လှောင်အိမ်ထဲကတိရစ္ဆာန်ရာနဲ့ချီသေဆုံးခဲ့ပါတယ်။ဇွန် လ ၁၁ရက်နေ့ နံနက်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အဆိုပါမီးလောင်မျုကြောင့်အိမ်မွေးတိရစ္ဆာန်ဆိုင်ပေါင်း ၁၀၀ ကျော် လျင်မြန်စွာ မီးလောင်ကျွမ်းခဲ့တယ်လို့ဘန်ကောက်အစိုးရက ပြောကြားခဲ့ပါတယ်။မီးထိန်းနိုင်ဖို့အတွက် တနာရီခန့်အချိန်ယူခဲ့ရပြီး လူအသေအပျောက်စာရင်းမသိရသေးပေမဲ့ခွေးပေါက်လေးများ၊ ငါးများ၊ မြွေများ၊ ငှက်များနဲ့ ယုန်များအပါအဝင် တိရစ္ဆာန်ရာနဲ့ချီပြီးလှောင်အိမ်ထဲမှာ သေဆုံးခဲ့ရပါတယ်။မီးလောင်ရတဲ့အကြောင်းအရင်းကို စစ်ဆေးနေကြောင်း ဘန်ကောက်မြို့အုပ်ချုပ်ရေးမှူးကပြောဆိုထားပြီး မီးလောင်ကျွမ်းတဲ့ ဈေး […]

ချိန်းတွေ့တယ်လို့ ကောလာဟလတွေ ထွက်နေတဲ့ Kim Soo Hyun နဲ့ Lim Nayoung

June 13, 2024 Aung Khant Mon 0

မင်းသား Kim Soo Hyun နဲ့ Lim Nayoung တို့က ချိန်းတွေ့နေတယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီအပေါ်မှာ သူတို့ရဲ့အေဂျင်စီတွေကဖြေရှင်းချက်ကိုယ်စီထုတ်ထားကြပါတယ်။ဇွန်လ ၈ရက်နေ့မှာ မင်းသားက Lim Nayoung နဲ့ပါတီမှာအတူယှဉ်တွဲတွေ့လိုက်ရတဲ့အပေါ်မှာအခုလိုမျိုး ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒီချိန်းတွေ့နေတယ်ဆိုတဲ့ ကောလာဟလတွေကိုအပေါ်မှာ နှစ်ဖက်အေဂျင်စီတွေကတုံ့ပြန်ခဲ့ပါတယ်။ မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကနေပြီးတော့ […]

SM Entertainment နဲ့အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မယ့် EXO အဖွဲ့ဝင် သုံးဦး

June 10, 2024 Aung Khant Mon 0

EXO အဖွဲ့ဝင် Chen ၊ Baekhyun နဲ့ Xiumin က SM Entertainmentနဲ့အငြင်းပွားမှုဆိုင်ရာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြု လုပ်မှာဖြစ်ပါတယ်။ EXO အဖွဲ့ဝင်သုံးဦးက သူတို့ရဲ့အေဂျင်စီ INB100 မှာ ဒီကနေ့ (ဇွန်လ ၁၀)ညနေ ၄နာရီမှာသတင်းစာရှင်းလင်းပွဲပြု လုပ်မယ်လို့ ကြေညာခဲ့ပါတယ်။ SM Entertainment […]

မွေးဖွားနှုန်းကျလာတဲ့ ဂျပန်မှာ Dating App လုပ်ပြီး လူငယ်တွေလက်ထပ်ဖို့ အစိုးရကြိုးပမ်း

June 10, 2024 Aung Khant Mon 0

ဂျပန်နိုင်ငံရဲ့ မွေးဖွားမှုနှုန်းက စံချိန်သစ်တစ်ခုကို ကျဆင်းခဲ့ပြီးနောက် အစိုးရကချိန်းတွေ့တဲ့အက်ပ်ကို လုပ်ဆောင်ပြီး ဒီအက်ပ်ကပြောင်း လဲနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ဂျပန်မှာကလေးမွေးဖွားနှုန်းကျဆင်းလာပြီးနောက်မှာ ချိန်းတွေ့တဲ့အက်ပ်ကိုလုပ်ဆောင်ပြီးအစိုးရက လူတွေတွေလက်ထပ်ဖို့ ကြိုးပမ်းနေပါတယ်။ မိသားစုဘဝမြှင့်တင်ဖို့အတွက်ဂျပန်အစိုးရက အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ ကလေးမွေးဖွားနှုန်းကစံချိန်တင်လျော့ကျသွားခဲ့တာဖြစ်ပါတယ်။ကျန်းမာရေး၊အလုပ်သမားနဲ့လူမှုဖူလုံရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့အချက်အ လက်အသစ်တွေအရအရင်နှစ်က လူပေါင်း ၁၂၃ ဒသမ၉သန်းမှာ မွေးဖွားသူ ၇၂၇၂၇၇ သာရှိတယ်လို့ထုတ်ပြန်ပါတယ်။ အမျိုးသမီးတဦးရဲ့ တသက်တာမှရှိရမယ့် မျိုးပွားမှုနှုန်း […]

အသစ်စက်စက်လွှတ်တော်အမတ် ကန်ဂနားကို လေဆိပ်မှာ ပါးရိုက်လိုက်တဲ့ CISF ဝန်ထမ်း

June 10, 2024 Aung Khant Mon 0

သရုပ်ဆောင်လည်းဖြစ် နိုင်ငံရေးသမားလည်းဖြစ်လာတဲ့ ကန်ဂနားကို Central Industrial Security Force (CISF) က အမျိုးသမီးဝန် ထမ်းတစ်ဦးက Chandigarh လေဆိပ်မှာ ဇွန်လ ၆ရက်နေ့က ပါးရိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက HT ကိုပြောကြားခဲ့ပါတယ်။သ တင်းရင်းမြစ်ရဲ့အပြောအရ မန်ဒီမဲဆန္ဒနယ် ရွေးကောက်ခံအမတ်က လုံခြုံရေးစစ်ဆေးချိန်မှာမင်းသမီးက သူမရဲ့ဖုန်းကို ဗန်းထဲထည့်ဖို့ […]

အိန္ဒိယပါလီမန်မှာ အမတ်ဖြစ်သွားကြတဲ့ ဘောလိဝုဒ်စတားများနဲ့ တောင်ပိုင်းသရုပ်ဆောင်များ

June 7, 2024 Aung Khant Mon 0

မကြာသေးမီက အိန္ဒိယမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အောင်နိုင်သူတွေပေါ်ထွက်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲအောင်နိုင်သူတွေထဲမှာဘောလိဝုဒ်နာမည်ကျော်ကြယ်ပွင့်တွေအပါအဝင် တောင်ပိုင်းသရုပ်ဆောင်တွေလည်းပါဝင်နေခဲ့ပါတယ်။ရွေးကောက်ပွဲရ လဒ်က လက်ရှိဝန်ကြီးချုပ်ရဲ့ Bharatiya Janata Party (BJP)ပါတီအနိုင်ရခဲ့ပေမဲ့ သောင်ပြိုကမ်းပြိုအနိုင်ရတာတော့ မဟုတ်ခဲ့ပါဘူး။ အိန္ဒိယအမျိုးသားကွန်ဂရက်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့က ဒုတိယအကြီးဆုံးအတိုက်အခံပါတီဖြစ်လာခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ဘောလိဝုဒ်ကြယ်ပွင့်တွေထဲမှာ ကန်ဂနားလည်းပါဝင်ပါတယ်။ သူမက သူမရဲ့ဇာတိမြို့ မန်ဒီမှာ […]

“မင်းဖြစ်ချင်တာကို သိအောင်လုပ်ပြီး အဲဒါကိုဖြစ်အောင်လုပ်ပါ”ဆိုတဲ့ အဆိုတော်လီဆာ

June 6, 2024 Aung Khant Mon 0

Black Pink ရဲ့အဆိုတော်လီဆာပြောတဲ့စကားကို Reader’s Digest မဂ္ဂဇင်းရဲ့ ဧပြီလကနေ မေလထုတ်ရဲ့ Quotes ကော်လံမှာ ထင် ရှားစွာထည့်သွင်းထားပါတယ်။“မင်းဖြစ်ချင်တာကို သိအောင်လုပ်ပြီး အဲ့ဒါကိုဖြစ်အောင်လုပ်ပါ” ဆိုတဲ့ Quote ပဲဖြစ်ပါတယ်။ Netflix မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ "Blackpink: Light Up the Sky" ထဲကQuote […]

KAIST မှာ ဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခံရတဲ့ G-Dragon

June 6, 2024 Aung Khant Mon 0

G-Dragon က Korea Advanced Institute of Science and Technology (KAIST) မှာဧည့်ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ G-Dragon ကို ဇွန်လ ၅ရက်နေ့မှာ ဒယ်ဂျုံးရှိ KAIST ရုံးချုပ်မှာ ကျင်းပတဲ့ “Innovate Korea 2024” စကားဝိုင်းမှာ ပါဝင်ပြီးတဲ့နောက်မှာတော့ […]

အိမ်ထောင်သုံးကြိမ်ကွဲထားတဲ့လူအဖြစ် သရုပ်ဆောင်ဦးမယ့် Lee Dong Wook

June 5, 2024 Aung Khant Mon 0

မင်းသား Lee Dong Wook ကတော့ ဒရာမာအသစ်တခုမှာ ပါဝင်ပြီး သရုပ်ဆောင်လာမယ်လို့သတင်းတွေထွက်လာနေပါတယ်။ဇွန်လ ၄ရက်နေ့မှာ မင်းသားက ဒရာမာအသစ် “Divorce Insurance” မှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းချက်များ လက်ခံရရှိထားတယ်လို့သတင်းတွေထွက်လာပါတယ်။မင်းသားရဲ့အေဂျင်စီဖြစ်တဲ့ KINGKONG ကတော့ မင်းသားက ဒရာမာအသစ်ဖြစ်တဲ့ “Divorce Insurance” မှာပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းမှုကိုလောလောဆယ်ပြန်လည်သုံးသပ်နေတယ်လို့ တုံ့ပြန်ထားပါတယ်။ဒီဇာတ် […]

ဇိမ်ခံကားအစီး ၁၅၀နဲ့ ကိုယ်ပိုင်ဂျက်လေယာဉ် ၁၂စင်းကို ဧည့်သည်တွေအတွက် စီစဉ်ပေးထားတဲ့ အန္ဒိယသန်းကြွယ်သူဌေးရဲ့သား အကြိုမင်္ဂလာပွဲ

June 3, 2024 Aung Khant Mon 0

အိန္ဒိယရဲ့သန်းကြွယ်သူဌေးကြီးရဲ့သားဖြစ်သူ မင်္ဂလာပွဲမှာ ဧည့်သည်တွေအတွက် ဇိမ်ခံကားအစီး ၁၅၀နဲ့ကိုယ်ပိုင်ဂျက်လေယာဉ် ၁၂စင်းကို စီစဉ်ပေးထားပါတယ်။ Anant Ambani နဲ့ Radhika Merchant တို့ရဲ့ မင်္ဂလာပွဲကို ပြင်သစ်ကဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အပျော်စီးသင်္ဘောပေါ်မှာ ပါတီပွဲကျင်းပနေတာဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲက ဒါကဒုတိယအကြိမ်မြောက်လုပ်တဲ့ အကြိုမင်္ဂလာပွဲပဲဖြစ်ပါတဘ်။သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲကို ကမ္ဘာတဝန်းက အကျော်အမော်တွေနဲ့ နာမည်ကြီးတွေတက်ရောက်ခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလည်း ဧည့်ပရိသတ်ပေါင်း ၈၀၀ကိုဖိတ်ကြားပြီး […]