သမီးလေးထပ်မွေးတော့မယ့် လီဗြောင်ဟွန်းနဲ့လီမင်ဂျောင်

အိမ်ထောင်သက် ၁၀ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးလီဗြောင်ဟွန်းနဲ့မင်းသမီးလီမင်ဂျောင်တို့နှစ်ဦးဟာမကြာခင်မှာဒုတိယရင်သွေးလေးရရှိတော့မယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ လီမင်ဂျောင်ကသူမအနေနဲ့ဒုတိယရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့အကြောင်း၊ သမီးလေးဖြစ်တဲ့အကြောင်းလူမှုကွန်ရက်မှာမျှဝေခဲ့တာမို့ ပရိသတ်တွေကထပ်တူဝမ်းသာနေခဲ့ကြပါတယ်။ပရိသတ်တွေက “သားလေးနဲ့သမီးလေးရပြီဆိုတော့ပိုပြည့်စုံသွားတာပေါ့။”“မင်းလိုချောမောတဲ့ကောင်မလေးထွက်လာမှာပါ” ဆိုတဲ့မှတ်ချက်မျိုးတွေရေးသားခဲ့ကြပါတယ်။

လူမှုကွန်ရက်ပေါ်သူမတင်ခဲ့တဲ့ပုံထဲမှာ ပန်းရောင်တွေနဲ့ချည်းအလှဆင်ထားတဲ့အခန်းထဲသူမရဲ့မိတ်ဆွေတွေနဲ့အတူရှိနေပြီး Welcome princess birdie! ဆိုတဲ့စာသားလေးကိုကိုင်ထားတာမို့သမီးမိန်းကလေးမွေးလာတော့မယ်ဆိုတာသေချာနေတာပဲဖြစ်ပါတယ်။လီဗြောင်ဟွန်းနဲ့လီမင်ဂျောင်တို့ဟာ ၂၀၁၃ ခုနစ်ကလက်ထပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ ခုနစ်မှာသားလေးတစ်ဦးမွေးဖွားခဲ့ပါတယ်။ ပထမကလေးမွေးဖွားပြီး ၈ နှစ်အကြာမှာသမီးလေးတစ်ဦးထပ်မွေးတော့မယ့်သူမက လက်ရှိမှာအသက် ၄၁ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

အိမ္ေထာင္သက္ ၁၀ ႏွစ္ရွိၿပီျဖစ္တဲ့ မင္းသားႀကီးလီေျဗာင္ဟြန္းနဲ႔မင္းသမီးလီမင္ေဂ်ာင္တို႔ႏွစ္ဦးဟာမၾကာခင္မွာဒုတိယရင္ေသြးေလးရရွိေတာ့မယ္လို႔သိရပါတယ္။ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာ လီမင္ေဂ်ာင္ကသူမအေနနဲ႔ဒုတိယရင္ေသြးေလးလြယ္ထားရၿပီျဖစ္တဲ့အေၾကာင္း၊ သမီးေလးျဖစ္တဲ့အေၾကာင္းလူမႈကြန္ရက္မွာမွ်ေဝခဲ့တာမို႔ ပရိသတ္ေတြကထပ္တူဝမ္းသာေနခဲ့ၾကပါတယ္။ပရိသတ္ေတြက “သားေလးနဲ႔သမီးေလးရၿပီဆိုေတာ့ပိုျပည့္စုံသြားတာေပါ့။”“မင္းလိုေခ်ာေမာတဲ့ေကာင္မေလးထြက္လာမွာပါ” ဆိုတဲ့မွတ္ခ်က္မ်ိဳးေတြေရးသားခဲ့ၾကပါတယ္။

လူမႈကြန္ရက္ေပၚသူမတင္ခဲ့တဲ့ပုံထဲမွာ ပန္းေရာင္ေတြနဲ႔ခ်ည္းအလွဆင္ထားတဲ့အခန္းထဲသူမရဲ႕မိတ္ေဆြေတြနဲ႔အတူရွိေနၿပီး Welcome princess birdie! ဆိုတဲ့စာသားေလးကိုကိုင္ထားတာမို႔သမီးမိန္းကေလးေမြးလာေတာ့မယ္ဆိုတာေသခ်ာေနတာပဲျဖစ္ပါတယ္။လီေျဗာင္ဟြန္းနဲ႔လီမင္ေဂ်ာင္တို႔ဟာ ၂၀၁၃ ခုနစ္ကလက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ၂၀၁၅ ခုနစ္မွာသားေလးတစ္ဦးေမြးဖြားခဲ့ပါတယ္။ ပထမကေလးေမြးဖြားၿပီး ၈ ႏွစ္အၾကာမွာသမီးေလးတစ္ဦးထပ္ေမြးေတာ့မယ့္သူမက လက္ရွိမွာအသက္ ၄၁ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*