အလုပ်အင်တာဗျူးတွေကိုဘယ်လို Follow-Up လိုက်မလဲ

ကိုယ်ကအင်တာဗျူးတွေဖြေထားပြီးရင် သတင်းကောင်းကိုစောင့်မျှော်နေမိတတ်တာက သဘာဝပါပဲ။စောင့်မျှော်တယ်ဆိုတဲ့နေရာမှာ ဒီအတိုင်းထိုင်စောင့်နေတာထက် ကိုယ့်ရဲ့အင်တာဗျူးကဘယ်လိုအနေအထားရှိတယ်၊ ဆက်မျှော်သင့်မမျှော်သင့်ဆိုတာကိုသိရဖို့ Follow-Up လေးပြန်လုပ်သင့်ပါတယ်။ ဒါမှလည်း နောက်အင်တာဗျူးတစ်ခုထပ်ဝင်သင့်လား၊နောက်အလုပ်သစ်ကိုလက်ခံသင့်လားဆိုတာကို ဆုံးဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ Follow-Up လုပ်တဲ့နေရာမှာ တစ်ဖက်ကိုလည်းစိတ်အနှောင့်အယှက်မဖြစ်ရအောင် ဒီလိုလုပ်ဆောင်နိုင်ပါတယ်။

ကျေးဇူးတင်ကြောင်းပြောပါ                                                                                                                                                        အင်တာဗျူးပြီးချိန်တိုင်း ပထမဆုံးအဆင့်အနေနဲ့လုပ်ဆောင်သင့်တဲ့အချက်ကတော့ကျေးဇူးတင်ကြောင်းပြောဖို့ပါပဲ။ ဒါကအလုပ်အပေါ်ကိုယ့်ရဲ့စိတ်ဝင်စားမှု၊ Professional ဆန်မှုတို့ကိုပြသတာလည်းဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ Company Culture ၊ အင်တာဗျူးသူနဲ့ကိုယ်ကြားရင်းနှီးမှုအနေအထားပေါ်မူတည်ပြီး Email ၊ LinkedIn တို့နဲ့ကျေးဇူးတင်ကြောင်းပြောတာ ဒါမှမဟုတ်လက်ရေးကတ်လေးပေးပို့ပြီးကျေးဇူးတင်ကြောင်းပြောတာတွေကို လုပ်ဆောင်နိုင်ပါတယ်။

နောက်တဆင့်အတွက်မေးခဲ့ပါ
အင်တာဗျူးမပြီးဆုံးခင်မှာ ကုမ္ပဏီရဲ့အင်တာဗျူးလုပ်ငန်းစဉ်ကိုမေးမြန်းသင့်ပါတယ်။ Second Interview ဘယ်တော့ခေါ်နိုင်ခြေရှိလဲ၊ နောက်အင်တာဗျူးခေါ်၊မခေါ် ဘယ်အချိန်ထိစောင့်သင့်လဲ၊ဘယ်လိုပုံစံ အကြောင်းကြားပေးမှာလဲ စတာတွေကိုမေးမြန်းနိုင်ပါတယ်။ သူတို့ဘက်ကနှစ်ပတ်အတွင်းဒုတိယအင်တာဗျူးခေါ်မယ်လို့ပြောထားတယ်ဆိုရင် နှစ်ပတ်ပြည့်တဲ့အခါကိုယ်ပါ၊မပါဆိုတာကို ပြန်ပြီး Follow-Up လိုက်သင့်ပါပြီ။သူတို့ဘက်ကတခြားသူတွေကိုအင်တာဗျူးနေတုန်းလို့ပြောတယ်ဆိုရင် ကိုယ့်ဘက်ကအလုပ်ကိုစောင့်မျှော်နေကြောင်း၊ စိတ်ဝင်စားမှုရှိနေကြောင်းပြောပြနိုင်ပါတယ်။

ထပ်ဆောင်းအချက်အလက်တွေပေးပို့ရင်းမေးပါ
အင်တာဗျူးချိန်မှာ ကိုယ့်ရဲ့တချို့သော Information တွေကိုထပ်ပေးဖို့ရှိလာတယ်ဆိုရင် ဒီ Information တွေကိုပေးရင်းနဲ့ Follow-Up လိုက်နိုင်ပါတယ်။ ကိုယ့်ဘက်က Link တွေ၊ Attachment တွေအများကြီးထပ်ပို့တာမျိုးတော့မလုပ်သင့်ပါဘူးနော်။ ဒီလိုလုပ်တာက
တစ်ဖက်လူကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ Certificate နဲ့တခြားသောအထောက်အထားတွေကိုပေးပို့ရင်း Second Interview ခေါ်၊မခေါ် မေးကြည့်နိုင်ပါတယ်။

Feedback တောင်းခံပါ
သတ်မှတ်ချိန်ကျော်လွန်တဲ့အထိ အလုပ်ရှင်ဘက်ကအင်တာဗျူးထပ်မခေါ်တော့ဘူးဆိုရင် ကိုယ့်ဘက်ကအီးမေးလ်ပို့ပြီး ယဉ်ကျေးစွာနဲ့ Feedback တောင်းနိုင်ပါတယ်။ သူတို့ဘက်ကလည်းများသောအားဖြင့်ဘာ့ကြောင့်မရွေးဖြစ်တာပါဆိုပြီး အကြောင်းပြန်လေ့ရှိကြပါတယ်။ ဒီလို Feedback ကိုပြန်မေးပြီးနားထောင်တာက ကိုယ်ပြင်ဆင်ရမယ့်အချက်တွေကိုသိလာသလိုနောက်ထပ်အင်တာဗျူးတွေမှာ အမှားနည်းစေဖို့အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်။အင်တာဗျူးသူတွေက ကိုယ့်ကိုမရွေးချယ်ခဲ့ဘူးဆိုရင်တောင် သူတို့ရဲ့အချိန်နဲ့
မှတ်ချက်တွေအတွက်ကျေးဇူးတင်ကြောင်းပြောဆိုရင်း ကိုယ့်ရဲ့ Professional ဆန်မှုကိုပြသနိုင်ပါတယ်နော်။

Ju Ju

zawgyi

ကိုယ္ကအင္တာဗ်ဴးေတြေျဖထားၿပီးရင္ သတင္းေကာင္းကိုေစာင့္ေမွ်ာ္ေနမိတတ္တာက သဘာဝပါပဲ။ေစာင့္ေမွ်ာ္တယ္ဆိုတဲ့ေနရာမွာ ဒီအတိုင္းထိုင္ေစာင့္ေနတာထက္ ကိုယ့္ရဲ႕အင္တာဗ်ဴးကဘယ္လိုအေနအထားရွိတယ္၊ ဆက္ေမွ်ာ္သင့္မေမွ်ာ္သင့္ဆိုတာကိုသိရဖို႔ Follow-Up ေလးျပန္လုပ္သင့္ပါတယ္။ ဒါမွလည္း ေနာက္အင္တာဗ်ဴးတစ္ခုထပ္ဝင္သင့္လား၊ေနာက္အလုပ္သစ္ကိုလက္ခံသင့္လားဆိုတာကို ဆုံးျဖတ္ႏိုင္မွာပဲျဖစ္ပါတယ္။ Follow-Up လုပ္တဲ့ေနရာမွာ တစ္ဖက္ကိုလည္းစိတ္အေႏွာင့္အယွက္မျဖစ္ရေအာင္ ဒီလိုလုပ္ေဆာင္ႏိုင္ပါတယ္။

ေက်းဇူးတင္ေၾကာင္းေျပာပါ                                                                                                                                                        အင္တာဗ်ဴးၿပီးခ်ိန္တိုင္း ပထမဆုံးအဆင့္အေနနဲ႔လုပ္ေဆာင္သင့္တဲ့အခ်က္ကေတာ့ေက်းဇူးတင္ေၾကာင္းေျပာဖို႔ပါပဲ။ ဒါကအလုပ္အေပၚကိုယ့္ရဲ႕စိတ္ဝင္စားမႈ၊ Professional ဆန္မႈတို႔ကိုျပသတာလည္းျဖစ္ပါတယ္။ ကိုယ့္အေနနဲ႔ Company Culture ၊ အင္တာဗ်ဴးသူနဲ႔ကိုယ္ၾကားရင္းႏွီးမႈအေနအထားေပၚမူတည္ၿပီး Email ၊ LinkedIn တို႔နဲ႔ေက်းဇူးတင္ေၾကာင္းေျပာတာ ဒါမွမဟုတ္လက္ေရးကတ္ေလးေပးပို႔ၿပီးေက်းဇူးတင္ေၾကာင္းေျပာတာေတြကို လုပ္ေဆာင္ႏိုင္ပါတယ္။

ေနာက္တဆင့္အတြက္ေမးခဲ့ပါ
အင္တာဗ်ဴးမၿပီးဆုံးခင္မွာ ကုမၸဏီရဲ႕အင္တာဗ်ဴးလုပ္ငန္းစဥ္ကိုေမးျမန္းသင့္ပါတယ္။ Second Interview ဘယ္ေတာ့ေခၚႏိုင္ေျခရွိလဲ၊ ေနာက္အင္တာဗ်ဴးေခၚ၊မေခၚ ဘယ္အခ်ိန္ထိေစာင့္သင့္လဲ၊ဘယ္လိုပုံစံ အေၾကာင္းၾကားေပးမွာလဲ စတာေတြကိုေမးျမန္းႏိုင္ပါတယ္။ သူတို႔ဘက္ကႏွစ္ပတ္အတြင္းဒုတိယအင္တာဗ်ဴးေခၚမယ္လို႔ေျပာထားတယ္ဆိုရင္ ႏွစ္ပတ္ျပည့္တဲ့အခါကိုယ္ပါ၊မပါဆိုတာကို ျပန္ၿပီး Follow-Up လိုက္သင့္ပါၿပီ။သူတို႔ဘက္ကတျခားသူေတြကိုအင္တာဗ်ဴးေနတုန္းလို႔ေျပာတယ္ဆိုရင္ ကိုယ့္ဘက္ကအလုပ္ကိုေစာင့္ေမွ်ာ္ေနေၾကာင္း၊ စိတ္ဝင္စားမႈရွိေနေၾကာင္းေျပာျပႏိုင္ပါတယ္။

ထပ္ေဆာင္းအခ်က္အလက္ေတြေပးပို႔ရင္းေမးပါ
အင္တာဗ်ဴးခ်ိန္မွာ ကိုယ့္ရဲ႕တခ်ိဳ႕ေသာ Information ေတြကိုထပ္ေပးဖို႔ရွိလာတယ္ဆိုရင္ ဒီ Information ေတြကိုေပးရင္းနဲ႔ Follow-Up လိုက္ႏိုင္ပါတယ္။ ကိုယ့္ဘက္က Link ေတြ၊ Attachment ေတြအမ်ားႀကီးထပ္ပို႔တာမ်ိဳးေတာ့မလုပ္သင့္ပါဘူးေနာ္။ ဒီလိုလုပ္တာက
တစ္ဖက္လူကိုအေႏွာင့္အယွက္ျဖစ္ေစပါတယ္။ Certificate နဲ႔တျခားေသာအေထာက္အထားေတြကိုေပးပို႔ရင္း Second Interview ေခၚ၊မေခၚ ေမးၾကည့္ႏိုင္ပါတယ္။

Feedback ေတာင္းခံပါ
သတ္မွတ္ခ်ိန္ေက်ာ္လြန္တဲ့အထိ အလုပ္ရွင္ဘက္ကအင္တာဗ်ဴးထပ္မေခၚေတာ့ဘူးဆိုရင္ ကိုယ့္ဘက္ကအီးေမးလ္ပို႔ၿပီး ယဥ္ေက်းစြာနဲ႔ Feedback ေတာင္းႏိုင္ပါတယ္။ သူတို႔ဘက္ကလည္းမ်ားေသာအားျဖင့္ဘာ့ေၾကာင့္မေ႐ြးျဖစ္တာပါဆိုၿပီး အေၾကာင္းျပန္ေလ့ရွိၾကပါတယ္။ ဒီလို Feedback ကိုျပန္ေမးၿပီးနားေထာင္တာက ကိုယ္ျပင္ဆင္ရမယ့္အခ်က္ေတြကိုသိလာသလိုေနာက္ထပ္အင္တာဗ်ဴးေတြမွာ အမွားနည္းေစဖို႔အခြင့္အလမ္းတစ္ခုပဲျဖစ္ပါတယ္။အင္တာဗ်ဴးသူေတြက ကိုယ့္ကိုမေ႐ြးခ်ယ္ခဲ့ဘူးဆိုရင္ေတာင္ သူတို႔ရဲ႕အခ်ိန္နဲ႔
မွတ္ခ်က္ေတြအတြက္ေက်းဇူးတင္ေၾကာင္းေျပာဆိုရင္း ကိုယ့္ရဲ႕ Professional ဆန္မႈကိုျပသႏိုင္ပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*