Matthew Perry အကြောင်းဇာတ်ကားရိုက်ကူးမယ်ဆိုရင် ပျော်ပျော်ကြီးပါဝင်မယ်ဆိုတဲ့ Zac Efron

မကြာသေးခင်ကရုတ်တရက်ဆုံးပါးသွားခဲ့တဲ့ Matthew Perry အကြောင်းရုပ်ရှင်ရိုက်ကူးမယ်ဆိုရင် Matthew Perry နေရာကနေပျော်ပျော်ကြီးသရုပ်ဆောင်ချင်တဲ့အကြောင်း မင်းသား Zac Efron ကပြောခဲ့ပါတယ်။သူနဲ့ Matthew Perry တို့ဟာ 17 Again ဆိုတဲ့ရုပ်ရှင်ကားမှာအတူတကွသရုပ်ဆောင်ခဲ့ဖူးပါတယ်။ Zac Efron က Matthew Perry ဟာ သူ့အတွက်စံပြပုဂ္ဂိုလ်တစ်ယောက်လို့ဆိုခဲ့ပြီး Matthew Perry ဆီကဟာသပညာကို သင်ယူခဲ့တယ်လို့ဖွင့်ဟလာခဲ့တာပါ။

“ဟာသလုပ်တဲ့နေရာမှာဘယ်လိုအချိန်ကိုက်လှုပ်ရှားရတယ်ဆိုတာကို သူ့ဆီကသင်ယူခဲ့ရတာပါ။အထူးသဖြင့် 17 Again ရိုက်တဲ့အချိန်မှာ သူသရုပ်ဆောင်တာကိုကြည့်ပြီးပညာတွေယူခဲ့ရပါတယ်”လို့ပြောခဲ့ပါတယ်။ 17 Again ဇာတ်ကားမှာသူက Matthew Perry ရဲ့ငယ်ဘဝနေရာကနေသရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Matthew Perry မသေခင်က သူ့ရဲ့ဘဝဇာတ်ကြောင်းကိုရုပ်ရှင်ရိုက်ကူးချင်တဲ့အကြောင်း၊
သူဆေးစွဲရာကနေဘယ်လိုရုန်းထွက်လာခဲ့သလဲ၊ဘဝကိုဘယ်လိုအကောင်းဘက်ကနေရှုမြင်တတ်လာသလဲ ဆိုတာတွေကို မျှဝေချင်တဲ့အကြောင်း၊ Zac Efron ကိုလည်းသူ့ရဲ့ငယ်ဘဝနေရာမှာသရုပ်ဆောင်စေချင်ကြောင်းသူ့ရဲ့အရင်းနှီးဆုံးမိတ်ဆွေကိုပြောပြဖူးတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် Matthew Perry ရဲ့ဘဝဇာတ်လမ်းကိုရိုက်ကူးဖြစ်မယ်ဆိုရင်တော့ Zac Efron ပါဝင်လာဖို့သေချာသလောက်ရှိနေပါတယ်။

Ju Ju

zawgyi

မၾကာေသးခင္က႐ုတ္တရက္ဆုံးပါးသြားခဲ့တဲ့ Matthew Perry အေၾကာင္း႐ုပ္ရွင္႐ိုက္ကူးမယ္ဆိုရင္ Matthew Perry ေနရာကေနေပ်ာ္ေပ်ာ္ႀကီးသ႐ုပ္ေဆာင္ခ်င္တဲ့အေၾကာင္း မင္းသား Zac Efron ကေျပာခဲ့ပါတယ္။သူနဲ႔ Matthew Perry တို႔ဟာ 17 Again ဆိုတဲ့႐ုပ္ရွင္ကားမွာအတူတကြသ႐ုပ္ေဆာင္ခဲ့ဖူးပါတယ္။ Zac Efron က Matthew Perry ဟာ သူ႔အတြက္စံျပပုဂၢိဳလ္တစ္ေယာက္လို႔ဆိုခဲ့ၿပီး Matthew Perry ဆီကဟာသပညာကို သင္ယူခဲ့တယ္လို႔ဖြင့္ဟလာခဲ့တာပါ။

“ဟာသလုပ္တဲ့ေနရာမွာဘယ္လိုအခ်ိန္ကိုက္လႈပ္ရွားရတယ္ဆိုတာကို သူ႔ဆီကသင္ယူခဲ့ရတာပါ။အထူးသျဖင့္ 17 Again ႐ိုက္တဲ့အခ်ိန္မွာ သူသ႐ုပ္ေဆာင္တာကိုၾကည့္ၿပီးပညာေတြယူခဲ့ရပါတယ္”လို႔ေျပာခဲ့ပါတယ္။ 17 Again ဇာတ္ကားမွာသူက Matthew Perry ရဲ႕ငယ္ဘဝေနရာကေနသ႐ုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ Matthew Perry မေသခင္က သူ႔ရဲ႕ဘဝဇာတ္ေၾကာင္းကို႐ုပ္ရွင္႐ိုက္ကူးခ်င္တဲ့အေၾကာင္း၊
သူေဆးစြဲရာကေနဘယ္လို႐ုန္းထြက္လာခဲ့သလဲ၊ဘဝကိုဘယ္လိုအေကာင္းဘက္ကေနရႈျမင္တတ္လာသလဲ ဆိုတာေတြကို မွ်ေဝခ်င္တဲ့အေၾကာင္း၊ Zac Efron ကိုလည္းသူ႔ရဲ႕ငယ္ဘဝေနရာမွာသ႐ုပ္ေဆာင္ေစခ်င္ေၾကာင္းသူ႔ရဲ႕အရင္းႏွီးဆုံးမိတ္ေဆြကိုေျပာျပဖူးတယ္လို႔ဆိုပါတယ္။ ဒါ့ေၾကာင့္ Matthew Perry ရဲ႕ဘဝဇာတ္လမ္းကို႐ိုက္ကူးျဖစ္မယ္ဆိုရင္ေတာ့ Zac Efron ပါဝင္လာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*