တားမြစ်ထားတဲ့စာအုပ် ၂၀၀၀ ကို လက်ဆောင်ပေးမယ့် Pink

November 16, 2023 Aung Khant Mon 0

တေးရေး၊ တေးဆို Pink အနေနဲ့ ဖလော်ရီဒါတောင်ပိုင်းမှာဖျော်ဖြေနေစဉ်အတွင်းကန့်သတ်တားမြစ်ထားတဲ့စာအုပ် ၂၀၀၀ လောက်ကိုလက်ဆောင်ပေးသွားမယ်လို့သိရပါတယ်။ဖလော်ရီဒါပြည်နယ်ဟာ စာအုပ်တွေကိုပိတ်ပင်ရာမှာထိပ်ဆုံးကဦးဆောင်နေပြီး စာအုပ်ပေါင်း ၁၄၀၀ ကျော်လောက်ကို စာအုပ်စင်တွေပေါ်ကနေဖယ်ရှားခဲ့တာဖြစ်ပါတယ်။“ကျွန်မကစာအုပ်ကို လောဘတကြီးဖတ်တဲ့သူပါ။ ကျွန်မကလေးတွေလည်း ဒီအတိုင်းပါပဲ။ကျွန်မကတော့ ဒီစာအုပ်တော့ဖတ်၊ ဒါတော့မဖတ်နဲ့လို့ပြောခံရတာမျိုးကိုတွေးကြည့်လို့တောင်မရနိုင်ဘူး” လို့သူမကပြောဆိုခဲ့တာပါ။ သူမက PEN America ၊ Books & Books […]

ကမ္ဘာအနှံ့က iTunes Chart တွေရဲ့ ထိပ်ဆုံးမှာနေရာယူထားတဲ့ Red Velvet

November 16, 2023 Aung Khant Mon 0

Red Velvet အဖွဲ့ဟာ သူတို့ရဲ့ Comeback သီချင်း Chill Kill နဲ့ iTunes Charts တွေရဲ့ထိပ်ဆုံးမှာနေရာယူထားနိုင်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၁၃ ရက်နေ့က Chill Kill ဆိုတဲ့အယ်လ်ဘမ်အသစ်ကိုထုတ်ဝေခဲ့တဲ့ Red Velvet အနေနဲ့အဲဒီတေးအယ်လ်ဘမ်ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ Chill Kill နဲ့ပဲအောင်မြင်မှုတွေပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ Chill […]

အလုပ်အင်တာဗျူးမှာကိုယ့်ဘက်ကပြန်မမေးသင့်တဲ့ မေးခွန်း ၇ ခု

November 16, 2023 Aung Khant Mon 0

ပထမဆုံးအလုပ်အင်တာဗျူးတွေမှာ အလုပ်ရှင်ကိုကိုယ့်ဘက်ကမေးခွန်းတွေပြန်မေးတဲ့အခါသတိထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ တချို့သောမေးခွန်းတွေဟာကိုယ့်ကိုအထင်သေးစရာဖြစ်သွားစေနိုင်လို့ပါ။ ကိုယ်ကသိချင်စိတ်နဲ့မေးလိုက်ပေမယ့်သူတို့စိတ်ထဲမှာကိုယ်ဟာ အလုပ်ထက်ရပိုင်ခွင့်တွေကိုပဲစိတ်ဝင်စားသူ၊ စူးစမ်းလေ့လာမှုအားနည်းသူ၊သက်သက်သာသာပဲအလုပ်လုပ်ချင်သူလို့ထင်သွားတတ်ကြပါတယ်။ ဒါကြောင့်ပထမဆုံးအင်တာဗျူးမှာဒါတွေမမေးသင့်ပါဘူး။ လစာနဲ့ခံစားခွင့်တွေအကြောင်း ပထမဆုံးအင်တာဗျူးဟာ ကိုယ်နဲ့သူတို့ကုမ္ပဏီအဆင်ပြေမပြေသိနိုင်ဖို့ ကိုယ့်ရဲ့အရည်အချင်းနဲ့အတွေ့အကြုံတွေကို စတင်မေးမြန်းအကဲ ဖြတ်တဲ့အင်တာဗျူးဖြစ်ပါတယ်။ဒီလိုပထမဆုံးအင်တာဗျူးမှာ အင်တာဗျူးမေးသူတွေဘက်ကနေ လစာကိစ္စ၊ ခံစားခွင့်ကိစ္စတွေကိုစတင်ပြီးမဆွေးနွေးမချင်း ကိုယ့်ဘက်ကနေအသဲအသန်စမမေးသင့်ပါဘူး။အလုပ်ချိန်ကဘယ်လောက်ထိလဲ၊ အားလပ်ရက်ခရီးတွေရောလိုက်ပို့လားဆိုတာမျိုးတွေကိုလည်းမမေးပါနဲ့နော်။ ဒီမေးခွန်းတွေကို Second Interview ဒါမှမဟုတ် သူတို့ဘက်ကစတင်ဆွေးနွေးလာတော့မှ သေသေချာချာပြန်မေးသင့်ပါတယ်။ […]

၂၀၂၄၊ မေလမှာ ရုံတင်မယ့် Garfield ရုပ်ရှင်ကားသစ်

November 15, 2023 Aung Khant Mon 0

The Garfield Movie ရုပ်ရှင်ဇာတ်ကားသစ်ကို ၂၀၂၄ ခုနစ်၊ မေလမှာ ရုံတင်ပြသမယ်လို့သိရပါတယ်။ Monday တိုင်းကိုမုန်းတဲ့၊ အိမ်မှာပဲခွေနေချင်တဲ့ လိမ္မော်ရောင်ကြောင်တစ်ကောင်ကအခုဆိုရင်နယ်မြေသစ်တွေဆီ စွန့်စားခန်းထွက်ပါတော့မယ်လို့ Sony Picturesကအညွှန်းစာရေးခဲ့တာဖြစ်ပါတယ်။ဒီဇာတ်ကားအတွက် အသံသရုပ်ဆောင်များအဖြစ် Samuel L.Jackson ၊ Hannah Waddlingham ၊ Brett Goldstein ၊ […]

Reply 1988 အတွဲလေးတကယ်ပြတ်ပါပြီ

November 15, 2023 Aung Khant Mon 0

Reply 1988 ဇာတ်လမ်းတွဲကိုကြည့်သူတိုင်း မင်းသား Ryu Jun Yeol နဲ့ မင်းသမီး Lee Hyeri တို့ကိုတစ်သက်လုံးလက်တွဲသွားစေချင်ကြတာပါ။ ဇာတ်လမ်းတွဲထဲမှာ ချစ်သူတွေမဖြစ်ခဲ့ရပေမယ့်လက်တွေ့ဘဝမှာတော့ချစ်သူတွေအဖြစ်ရှိနေကြတဲ့သူတို့အတွဲကို ပရိသတ်တွေကတောက်လျှောက်ချစ်ခင်အားပေးခဲ့ကြတာဖြစ်ပါတယ်။နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ ချစ်သက်တမ်း ၆ နှစ်ကြာခဲ့ပြီဖြစ်တဲ့သူတို့စုံတွဲလေးပြတ်စဲသွားပြီဖြစ်ကြောင်း News 1 ကကြေညာခဲ့တာဖြစ်ပါတယ်။ Ryu Jun […]

ကိုယ့် Page မှာ Negative Comment လာရေးသူတွေကို ဘယ်လိုကိုင်တွယ်မလဲ

November 15, 2023 Aung Khant Mon 0

လူမှုကွန်ရက်ဟာ ကိုယ့်ရဲ့ Customer နဲ့ဆက်သွယ်ဖို့၊ Brand တည်ဆောက်ဖို့ ၊ကိုယ့်ရဲ့ထုတ်ကုန်တွေမိတ်ဆက်ဖို့ ၊ ကိုယ့်လုပ်ငန်းအ ကြောင်းလူသိစေဖို့အတွက်အရမ်းကိုစွမ်းအားပြင်းတဲ့လက်နက်တစ်ခုပါ။ လူမှုကွန်ရက်ကနေ ပစ္စည်းရောင်းသူ၊ Service ရောင်းသူတိုင်း Customer ရဲ့မကျေနပ်ချက်ဆိုတာကိုလည်းကြုံတွေ့ရစမြဲပါ။လူတစ်ကိုယ်အကြိုက်တစ်မျိုးဖြစ်တဲ့အပြင် ပတ်ဝန်းကျင်အနေအထားအမျိုးမျိုးကလူတွေနဲ့ဆက်ဆံပြောဆိုနေရတာမို့လူတိုင်းကသဘောကျတယ်ဆိုတဲ့အခြေအနေမျိုးတော့လုံးဝမဖြစ်နိုင်ပါဘူး။ ဝယ်သူတွေရဲ့ Complain နဲ့ Negative Feedback တွေကိုလည်း မလွဲမသွေကိုင်တွယ်ရမှာပဲဖြစ်ပါတယ်။အခုနောက်ပိုင်းမှာ လူငယ်တော်တော်များများက […]

YG ကနေတရားဝင်ပွဲထုတ်တော့မယ့်အမျိုးသမီးအဖွဲ့အသစ် Babymonster

November 13, 2023 Aung Khant Mon 0

စတင်ပွဲထွက်နိုင်ဖို့ အချိန်အကြာကြီးစောင့်ဆိုင်းနေခဲ့ရတဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ Babymonster ကိုနောက်ဆုံးမှာတော့ YG Entertainment ကတရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ Babymonster အဖွဲ့ရဲ့သွားမယ့် Concept ၊ ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုပရိ သတ်တွေဆီပြသတော့မှာဖြစ်တယ်လို့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာ YG ကကြေညာခဲ့ပါတယ်။ Babymonster ထဲက အငယ်ဆုံးအဖွဲ့ဝင်ဖြစ်တဲ့ Chiquita ရဲ့ ဗီဒီယိုနဲ့ဓာတ်ပုံတွေကိုတော့လက်ရှိမှာတွေ့မြင်နေရပြီဖြစ်ပါတယ်။ […]

GRAMMY အတွက်ဆန်ခါတင်စာရင်း ၉ ခုဝင်ထားတဲ့ SZA

November 13, 2023 Aung Khant Mon 0

2024 ခုနစ်၊ ဂရမ်မီဆုပေးပွဲကြီးအတွက် ဆန်ခါတင်ဆုစာရင်းတွေထွက်ရှိလာပြီဖြစ်ပါတယ်။ဂရမ်မီဆုပေးပွဲကြီးကို2024 ခုနစ်၊ ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ Crypto.com ခန်းမကြီးမှာကျင်းပမှာဖြစ်ပါတယ်။ဒီပွဲအတွက် ဆန်ခါတင်စာရင်းအများဆုံးဝင်နေတဲ့အနုပညာရှင်အဖြစ်စံချိန်တင်ထားသူကတော့ SZA ပဲဖြစ်ပါတယ်။ သူမဟာ ဆန်ခါတင်ဆုကိုးဆုရရှိထားပြီး သူမရဲ့ဒုတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ SOS က Album of the year ဆန်ခါတင်စာရင်း၊ Kill […]

ကိုယ့်ရဲ့အလုပ်လျှောက်လွှာကဘာကြောင့်အလုပ်မဖြစ်တော့တာလဲ

November 13, 2023 Aung Khant Mon 0

ကိုယ်ကအလုပ်ခေါ်တဲ့ပို့စ်တွေ၊ ကြော်ငြာတွေကိုသေချာလိုက်ဖတ်၊ သင့်တော်မယ့်အလုပ်တွေကိုကြိုးစားပြီးလျှောက်နေပေမယ့် ကိုယ့်ဆီကိုဘာ Reply မှမလာဘူးဆိုပါစို့။ ဒါမျိုးနှစ်ခါ၊သုံးခါမကဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့အလုပ်လျှောက်လွှာ CV ဒါမှမဟုတ် Resume မှာပြဿနာရှိနေတာဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့အလုပ်လျှောက်လွှာကဆွဲဆောင်မှုရှိမနေဘူးဆိုရင်ဆယ်ချီ၊ရာချီနေတဲ့အလုပ်လျှောက်လွှာတွေကြားထဲမှာ မထင်မရှားပျောက်ကွယ်သွားနိုင်ပါတယ်။ဒီလိုအပ်ချက် ၃ ချက်ကြောင့်ကိုယ့်ဆီကို Reply မလာတာဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ Keywords တချို့သောခေတ်မီတဲ့ကုမ္ပဏီတွေက Applicant Tracking System (ATS) […]

ပရိသတ်ကျေနပ်အောင် အပိုင်းသစ်ထပ်တိုးမယ့် My Dearest

November 12, 2023 Aung Khant Mon 0

My Dearest ဇာတ်လမ်းတွဲပြီးသွားမှာကို နှမြောနေကြသူတွေအတွက်တော့သတင်းကောင်းပါပဲ။ MBC က My Dearest ဇာတ်လမ်းတွဲကိုအပိုင်းသစ်ထပ်တိုးမယ့်အကြောင်း နိုဝင်ဘာလ ၉ ရက်နေ့ကတရားဝင်ကြေညာခဲ့ပါတယ်။“ဇာတ်လမ်းတွဲကိုအားပေးကြ၊ ဇာတ်ကောင်တွေကိုချစ်ပေးကြတဲ့ပရိသတ်တွေကိုတွေ့ရတာမို့ MBC ဘက်ကသေသေချာချာသုံးသပ်ပြီး အပိုင်းသစ်ထပ်ထည့်ဖို့ဆုံးဖြတ်လိုက်တာပါ။ တခြားအရေးကြီးတဲ့ဇာတ်ဝင်ခန်းတွေကိုလည်းထည့်ပါမယ်။ ဂီဂျယ်နဲ့ဂျန်ဟွန်းရဲ့နက်ရှိုင်းတဲ့အချစ်ကိုလည်း ပုံဖော်ချင်တယ်။ ဒါကြောင့်ဆက်ပြီးစိတ်ဝင်တစားနဲ့အားပေးပါဦး”လို့ပြောခဲ့တာဖြစ်ပါတယ်။ My Dearest ဇာတ်လမ်းတွဲဟာ Part 1 […]