ဖေ့ဘုတ်မှာ သံတူကြောင်းကွဲ ဇတ်လမ်းလေးတွေကို ဖတ်ရလေ့ရှိပါတယ်။ ဖန်တီးထားတဲ့ဇတ်လမ်းတွေပေမယ့် နှလုံးသားကို နွေးထွေးစေတဲ့အတွက် တခုတ်တရ ဖတ်မိတတ်တယ်။ဇတ်လမ်းတွေက ပိုက်ဆံမရှိလို့ ဆာလောင်နေတဲ့ ကလေးတွေကို ဆင်းဒဝစ်မုန့်တွေကျွေးလိုက်တဲ့ အကြောင်းတွေ၊ ဆိုးရွားတဲ့ ရာသီဥတုထဲမှာ အိမ်ခြေယာမဲ့ဖြစ်နေတဲ့ကလေးတွေ ဒါမှမဟုတ် အဖိုးကြီးအဖွားကြီးတွေကို နွေးထွေးတဲ့ အဝတ်အစားတွေ၊ဖိနပ်တွေ၊ မျှဝေပြီး စွပ်ပြုတ်ပူပူလေး ကျွေးတဲ့ အကြောင်းတွေ၊ ကျောင်းမှာနေ့လည်စာမပါလာတဲ့ သူငယ်ချင်းကို ထမင်းဘူးမျှဝေကျွေး တဲ့အကြောင်းတွေ၊ ဈေးဝယ်ဖို့ပိုက်ဆံမရှိတဲ့ ကလေးအမေကို ဈေးဝယ်ပေးတဲ့ အကြောင်းတွေ၊ စားသောက်ဆိုင်ထဲမှာစားပွဲတစ်လုံးသီးသန့်ထားပြီး သူဆင်းရဲတွေကို ညစာကျွေးတဲ့ အကြောင်းတွေ၊ အဖိုးအိုအဖွားအိုတွေကို အဖော်လုပ်ပေးတဲ့အကြောင်းတွေ၊ တစ်စုံတစ်ယောက် ခက်ခဲချိန်မှာအကူအညီပေးတဲ့ အကြောင်းတွေ ရေးထားတာများပါတယ်။
ဒီဇတ်လမ်းတွေရဲ့ အသက်က ခက်ခဲနေတဲ့သူကို ကူညီလိုက်တဲ့ အကြောင်းကိုချည်းပဲပြောချင်တာ မဟုတ်ဘူး။ ဒုက္ခရောက်နေတဲ့သူ ဆိုပေမယ့် သူ့မှာလဲ ဂုဏ်သိက္ခာရှိတယ်။ သူ့ရဲ့သိက္ခာကို မထိခိုက်စေပဲနဲ့ ဘယ်လို ကူညီနိုင်မလဲလို့ စဉ်းစားပေးထားတာပဲ ဖြစ်ပါတယ်။“မင်းဗိုက်ဆာနေတယ်မဟုတ်လား။ ငါပေးတဲ့ ဆင်းဒဝစ်ကိုစား။ဒီစွပ်ပြုတ်ကိုသောက်လိုက်” … ဆိုတာမျိုးနဲ့ ပေးကမ်းတာမဟုတ်ပဲ “အိမ်မှာစွပ်ပြုတ်ချက်လိုက်တာ အများကြီးပိုနေလို့ ကူစားပေး ပါဦး” ဆိုတာမျိုးတွေ၊“ဖိနပ်ဝယ်လာတာ၊ အနွေးထည်ဝယ်လာတာ ကိုယ်နဲ့မတော်လို့ ဝတ်ကြည့်ပါလား” …ဆိုတာမျိုးတွေနဲ့ ချဉ်းကပ်ကြတာ ဖြစ်ပါတယ်။ သူက ဆင်းရဲလို့၊ သနားစရာကောင်းလို့ပေးကမ်းကျွေးမွေးတယ် ဆိုတာမျိုးမဟုတ်ပဲ၊ ကိုယ့်ကို ကူညီတဲ့ အနေနဲ့ ယူပါဦးလို့တဖက်လှည့်နဲ့ လိုအပ်တာကို ဖြည့်ဆည်းပေးကြတာဖြစ်ပါတယ်။
သူများအကူအညီမပါပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်ရမယ်လို့ အသိစိတ်ဓါတ်ရှိတဲ့သူတွေဟာ သူတို့ကိုအကူအညီပေးရင် စိတ်ထဲမှာ တစ်မျိုးဖြစ်တတ်တယ်။ ကိုယ်ကပဲအစွမ်းအစမရှိလို့လား။ သူများအမြင်မှာ သနားစရာ ကောင်းနေတာလား…. စသည်ဖြင့်အကူအညီယူရမှာကို ဝန်လေးတတ် တယ်။ ရှက်တတ်တာလဲ ပါကောင်းပါနိုင်တယ်။ ကိုယ်ကပြောတတ်ဆိုတတ်ပေးတတ်မှ သူခမြာ သိက္ခာမကျပဲ အကူအညီကို လက်ခံနိုင်မယ်။မန္တလေးမှာ ငလျင်ဘေးသင့်တုန်းက ကိုယ့်အိမ်ပြိုသွားလို့သာဒုက္ခသည်စာရင်းဝင်သွားရတယ် အရင်ကတော့ တတ်နိုင်တဲ့ သူတွေလဲပါပါတယ်။ သူတို့ကထမင်းထုပ်လာဝေတာမျိုးနဲ့ကြုံတဲ့အခါဝင်ယူဖို့ တော်တော်ခက်ခဲနေတတ်တယ်။ အကင်းပါးတဲ့ အလှူရှင်တွေက သူတို့ရဲ့အရိပ်အကဲကို ကြညိ့ပြီး ပစ္စည်းကို လက်ခံအောင် ပေးရတယ်တဲ့။သူများကို ကူညီတာပဲ။ ဂုဏ်သိက္ခာတွေ ဘာတွေ ကြည့်နေရဦးမှာလားလို့ မအောင့်မေ့ပါနဲ့။သူတို့လဲ လူလူချင်းအတူတူပဲဆိုတော့ လေးစားမှုတော့ရှိသင့်ပါတယ်။လိုအပ်ချက်ရှိနေတာကြောင့် မျက်နှာအောက် ကျခံရတယ်လို့ မဖြစ်စေသင့်ဘူးပေါ့။ ကိုယ်ကမရည်ရွယ်ပေမယ့် လှူချင်ဇောနဲ့ လက်ထဲအတင်းထည့်ပေးလိုက်တာက သူ့အတွက်တမျိုးကြီး ဖြစ်သွားနိုင်တယ်လေ။နေ့စဉ် ဖေ့ဘုတ်က စာတွေဖတ်ပြီး သူများကို စေတနာရှိလို့ ပေးချင် ကမ်းချင်ရင်၊တဖက်လူရဲ့ သိက္ခာကို မထိခိုက်စေမိအောင် သတိထားရမယ်ဆိုတဲ့အသိတရားလေးဖြစ်မိပါရဲ့။
မမိုးခိုင်
zawgyi
ေဖ့ဘုတ္မွာ သံတူေၾကာင္းကြဲ ဇတ္လမ္းေလးေတြကို ဖတ္ရေလ့ရွိပါတယ္။ ဖန္တီးထားတဲ့ဇတ္လမ္းေတြေပမယ့္ ႏွလုံးသားကို ေႏြးေထြးေစတဲ့အတြက္ တခုတ္တရ ဖတ္မိတတ္တယ္။ဇတ္လမ္းေတြက ပိုက္ဆံမရွိလို႔ ဆာေလာင္ေနတဲ့ ကေလးေတြကို ဆင္းဒဝစ္မုန္႔ေတြေကြၽးလိုက္တဲ့ အေၾကာင္းေတြ၊ ဆိုး႐ြားတဲ့ ရာသီဥတုထဲမွာ အိမ္ေျခယာမဲ့ျဖစ္ေနတဲ့ကေလးေတြ ဒါမွမဟုတ္ အဖိုးႀကီးအဖြားႀကီးေတြကို ေႏြးေထြးတဲ့ အဝတ္အစားေတြ၊ဖိနပ္ေတြ၊ မွ်ေဝၿပီး စြပ္ျပဳတ္ပူပူေလး ေကြၽးတဲ့ အေၾကာင္းေတြ၊ ေက်ာင္းမွာေန႔လည္စာမပါလာတဲ့ သူငယ္ခ်င္းကို ထမင္းဘူးမွ်ေဝေကြၽး တဲ့အေၾကာင္းေတြ၊ ေဈးဝယ္ဖို႔ပိုက္ဆံမရွိတဲ့ ကေလးအေမကို ေဈးဝယ္ေပးတဲ့ အေၾကာင္းေတြ၊ စားေသာက္ဆိုင္ထဲမွာစားပြဲတစ္လုံးသီးသန္႔ထားၿပီး သူဆင္းရဲေတြကို ညစာေကြၽးတဲ့ အေၾကာင္းေတြ၊ အဖိုးအိုအဖြားအိုေတြကို အေဖာ္လုပ္ေပးတဲ့အေၾကာင္းေတြ၊ တစ္စုံတစ္ေယာက္ ခက္ခဲခ်ိန္မွာအကူအညီေပးတဲ့ အေၾကာင္းေတြ ေရးထားတာမ်ားပါတယ္။
ဒီဇတ္လမ္းေတြရဲ႕ အသက္က ခက္ခဲေနတဲ့သူကို ကူညီလိုက္တဲ့ အေၾကာင္းကိုခ်ည္းပဲေျပာခ်င္တာ မဟုတ္ဘူး။ ဒုကၡေရာက္ေနတဲ့သူ ဆိုေပမယ့္ သူ႔မွာလဲ ဂုဏ္သိကၡာရွိတယ္။ သူ႔ရဲ႕သိကၡာကို မထိခိုက္ေစပဲနဲ႔ ဘယ္လို ကူညီႏိုင္မလဲလို႔ စဥ္းစားေပးထားတာပဲ ျဖစ္ပါတယ္။“မင္းဗိုက္ဆာေနတယ္မဟုတ္လား။ ငါေပးတဲ့ ဆင္းဒဝစ္ကိုစား။ဒီစြပ္ျပဳတ္ကိုေသာက္လိုက္” … ဆိုတာမ်ိဳးနဲ႔ ေပးကမ္းတာမဟုတ္ပဲ “အိမ္မွာစြပ္ျပဳတ္ခ်က္လိုက္တာ အမ်ားႀကီးပိုေနလို႔ ကူစားေပး ပါဦး” ဆိုတာမ်ိဳးေတြ၊“ဖိနပ္ဝယ္လာတာ၊ အေႏြးထည္ဝယ္လာတာ ကိုယ္နဲ႔မေတာ္လို႔ ဝတ္ၾကည့္ပါလား” …ဆိုတာမ်ိဳးေတြနဲ႔ ခ်ဥ္းကပ္ၾကတာ ျဖစ္ပါတယ္။ သူက ဆင္းရဲလို႔၊ သနားစရာေကာင္းလို႔ေပးကမ္းေကြၽးေမြးတယ္ ဆိုတာမ်ိဳးမဟုတ္ပဲ၊ ကိုယ့္ကို ကူညီတဲ့ အေနနဲ႔ ယူပါဦးလို႔တဖက္လွည့္နဲ႔ လိုအပ္တာကို ျဖည့္ဆည္းေပးၾကတာျဖစ္ပါတယ္။
သူမ်ားအကူအညီမပါပဲ ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္ႏိုင္ရမယ္လို႔ အသိစိတ္ဓါတ္ရွိတဲ့သူေတြဟာ သူတို႔ကိုအကူအညီေပးရင္ စိတ္ထဲမွာ တစ္မ်ိဳးျဖစ္တတ္တယ္။ ကိုယ္ကပဲအစြမ္းအစမရွိလို႔လား။ သူမ်ားအျမင္မွာ သနားစရာ ေကာင္းေနတာလား…. စသည္ျဖင့္အကူအညီယူရမွာကို ဝန္ေလးတတ္ တယ္။ ရွက္တတ္တာလဲ ပါေကာင္းပါႏိုင္တယ္။ ကိုယ္ကေျပာတတ္ဆိုတတ္ေပးတတ္မွ သူချမာ သိကၡာမက်ပဲ အကူအညီကို လက္ခံႏိုင္မယ္။မႏၲေလးမွာ ငလ်င္ေဘးသင့္တုန္းက ကိုယ့္အိမ္ၿပိဳသြားလို႔သာဒုကၡသည္စာရင္းဝင္သြားရတယ္ အရင္ကေတာ့ တတ္ႏိုင္တဲ့ သူေတြလဲပါပါတယ္။ သူတို႔ကထမင္းထုပ္လာေဝတာမ်ိဳးနဲ႔ႀကဳံတဲ့အခါဝင္ယူဖို႔ ေတာ္ေတာ္ခက္ခဲေနတတ္တယ္။ အကင္းပါးတဲ့ အလႉရွင္ေတြက သူတို႔ရဲ႕အရိပ္အကဲကို ၾကညိ့ၿပီး ပစၥည္းကို လက္ခံေအာင္ ေပးရတယ္တဲ့။သူမ်ားကို ကူညီတာပဲ။ ဂုဏ္သိကၡာေတြ ဘာေတြ ၾကည့္ေနရဦးမွာလားလို႔ မေအာင့္ေမ့ပါနဲ႔။သူတို႔လဲ လူလူခ်င္းအတူတူပဲဆိုေတာ့ ေလးစားမႈေတာ့ရွိသင့္ပါတယ္။လိုအပ္ခ်က္ရွိေနတာေၾကာင့္ မ်က္ႏွာေအာက္ က်ခံရတယ္လို႔ မျဖစ္ေစသင့္ဘူးေပါ့။ ကိုယ္ကမရည္႐ြယ္ေပမယ့္ လႉခ်င္ေဇာနဲ႔ လက္ထဲအတင္းထည့္ေပးလိုက္တာက သူ႔အတြက္တမ်ိဳးႀကီး ျဖစ္သြားႏိုင္တယ္ေလ။ေန႔စဥ္ ေဖ့ဘုတ္က စာေတြဖတ္ၿပီး သူမ်ားကို ေစတနာရွိလို႔ ေပးခ်င္ ကမ္းခ်င္ရင္၊တဖက္လူရဲ႕ သိကၡာကို မထိခိုက္ေစမိေအာင္ သတိထားရမယ္ဆိုတဲ့အသိတရားေလးျဖစ္မိပါရဲ႕။
မမိုးခိုင္
Leave a Reply