G-Dragon တကယ်ပဲမူးယစ်ဆေးသုံးနေသလား

October 26, 2023 Aung Khant Mon 0

Lee Sun Gyun ရဲ့ မူးယစ်ဆေးပြဿနာထဲမှာ တွဲဖက်ပါဝင်လာသူကတော့ G-Dragon ပဲဖြစ်ပါတယ်။Big Bang အဖွဲ့ဝင် G-Dragon ကလည်းမူးယစ်ဆေးသုံးစွဲမှုနဲ့ပတ်သက်ပြီးစစ်ဆေးခံရမယ့်စာရင်းထဲပါနေကြောင်းကိုသူ့ရဲ့အေဂျင်စီဟောင်းဖြစ်တဲ့ YG Entertainment ကအတည်ပြုထားပါတယ်။ “G-Dragon က YG အောက်မှာရှိမနေတော့တာမို့သူ့ရဲ့မူးယစ်ဆေးပြဿနာနဲ့ပတ်သက်ပြီးထုတ်ပြန်မှုတစ်ခုခုလုပ်ဖို့မလွယ်ပါဘူး။ အဲဒီကိစ္စအတွက်အခုမှစစ်ဆေးမှုလုပ်နေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့်ဘာကိုမှအတိအကျပြောလို့မရသေးပါဘူး”ဆိုပြီးပြောခဲ့တာဖြစ်ပါတယ်။ G-Dragon ရဲ့မူးယစ်ဆေးသတင်းထွက်လာပြီးနောက်ပိုင်း Elle မှာပါခဲ့ဖူးတဲ့သူ့ရဲ့အင်တာဗျူးဗီဒီယိုကိုပြန်ပြီးစိတ်ဝင်တစားရှိလာကြပါတယ်။ […]

အလုပ်အင်တာဗျူးအတွင်းဂရုစိုက်နားထောင်ရမယ့်အရာ ၃ ခု

October 26, 2023 Aung Khant Mon 0

တခြားသောစကားပြောဆိုမှုပုံစံတွေနဲ့မတူဘဲ အင်တာဗျူးဆိုတာက နှစ်လမ်းသွားဖြစ်ပါတယ်။ကိုယ်ဘာတွေပြောသလဲဆိုတာက အရေး ကြီးသလိုပဲ ကိုယ်ဘယ်လိုနားထောင်နေသလဲဆိုတာကလည်းအရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ မန်နေဂျာနေရာအတွက်အင်တာ ဗျူးတယ်ဆိုတာကကားဒရိုင်ဘာတစ်ယောက်ခန့်ဖို့အတွက်အင်တာဗျူးတာနဲ့ဘယ်လိုမှတူညီနိုင်မှာမဟုတ်ပါဘူး။အင်တာဗျူးသူက ကိုယ်ပြောနေတာကိုစိတ်ဝင်စားရဲ့လား၊ ကိုယ့်ကိုမျက်လုံးချင်းဆုံရဲ့လား၊သူ့ခေါင်းကိုညိတ်ရဲ့လား စတဲ့အချက်တွေနဲ့ကိုယ့်ကိုစိတ်ဝင်စားမှုရှိ၊မရှိဆိုတာကိုအလွယ်တကူအကဲဖြတ်နိုင်ပါတယ်။ ဒါတွေအားလုံးကိုအင်တာဗျူးသူကလုပ်ဆောင်တယ်၊အခြေအနေကောင်းတယ်ဆိုပေမယ့် တချို့အချိန်တွေမှာသူပြောတာကိုကိုယ်က ပုံမှန်ထက်ပိုပြီးအာရုံစိုက်နားထောင်ရမယ့်အခြေအနေတွေရှိလာတတ်ပါတယ်။အဲဒီလို ကိုယ့်ဘက်ကအာရုံစိုက်ပေးသင့်တဲ့အခြေအနေတွေက ဘာတွေများဖြစ်မလဲ။ ကွယ်ဝှက်ထားတဲ့မေးခွန်းတွေ အင်တာဗျူးမေးခွန်းတွေတိုင်းက ရိုးရှင်းလွယ်ကူနေတာမျိုးတော့မဟုတ်ပါဘူး။ အင်တာဗျူးသူကကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံ၊ကျွမ်း ကျင်မှုတွေကိုပဲသိချင်တာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့အတွေး၊ခံယူချက်နဲ့ သဘောထားတွေကိုလည်းသိချင်ကြပါတယ်။ ဒါတွေကိုသိမှကိုယ်ဟာဒီကုမ္ပဏီနဲ့သင့်တော်၊မတော်၊ Company […]

နာမည်ကြီး The Notebook ရုပ်ရှင်ကားမှာပါဝင်ခွင့်ရဖို့ ကြိုးစားခဲ့ဖူးတဲ့ ဘရစ်တနီစပီးယားစ်

October 25, 2023 Aung Khant Mon 0

ဘရစ်တနီစပီးယားစ်ဟာ အမြတ်ငွေများစွာပိုင်ဆိုင်နိုင်ခဲ့တဲ့နာမည်ကြီးရုပ်ရှင်ကား The Notebook မှာပါဝင်ခွင့်ရဖို့အတွက် အစမ်းသရုပ် ဆောင်ခြင်း (Audition) ဝင်ခဲ့ဖူးတယ်လို့ ဖွင့်ဟပါတယ်။ သူမက Ryan Gosling နဲ့အတူအစမ်းသရုပ်ဆောင်ခဲ့ရတာဖြစ်ပြီးအရမ်းကိုစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းကိုဖတ်တဲ့အချိန်မှာ မျက်ရည်ကျခဲ့ဖူးတယ်လို့ သူမကဆိုပါတယ်။အဲဒီအချိန်ကသူမအသက် ၂၁ နှစ်သာရှိသေးပြီး ဒီလိုကြိုးစားခဲ့ဖူးကြောင်းကို ဆယ်စုနှစ် ၂ စုကြာဖုံးထားခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဒါရိုက်တာ Matthew […]

Doona ဇာတ်လမ်းတွဲထဲက ဆံပင်ပုံစံကို Suzy ဘာကြောင့်ရွေးချယ်ခဲ့တာလဲ

October 25, 2023 Aung Khant Mon 0

Suzy ပါဝင်ထားတဲ့ Doona ဇာတ်လမ်းတွဲဟာလက်ရှိလူငယ်ပရိသတ်တွေကြားမှာရေပန်းစားနေပါတယ်။ Kpop Idol တစ်ယောက်နဲ့သာမန်ကောင်လေးတစ်ယောက်ရဲ့အချစ်အကြောင်းကို လှလှပပလေးရိုက်ကူးပြထားပြီးမမနဲ့မောင်လေး Relationship တွေကိုသ ဘောကျသူဆိုရင်တော့ ကြည့်သင့်တဲ့ကားလို့ဆိုရမှာပါ။ဒီဇာတ်လမ်းတွဲထဲက Suzy ရဲ့ရှေ့တိုနောက်ရှည်ဆံပင်ပုံစံကလည်း Doona ဇာတ်လမ်းတွဲကိုလူတွေပိုပြီးစိတ်ဝင်စားလာစေတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ဒူနာဇာတ်ကောင်နဲ့ပတ်သက်ပြီး Suzy က “Webtoon ထဲမှာတော့ ဒူနာ့ဆံပင်ကခုလိုပုံစံမဟုတ်ပါဘူး။ဆံမြိတ်ရှေ့အတိ၊ ဆံပင်လှိုင်းအကြီးနဲ့ပါ။ ဒီလိုဆံပင်စတိုင်လ်မျိုးကကျွန်မမကြာခဏထားဖူးတဲ့ပုံစံဖြစ်နေတော့ ဒါကိုပြောင်းလိုက်တာပါ။ […]

Team တစ်ခုကိုပျက်စီးစေလေ့ရှိသော အရာများ

October 25, 2023 Aung Khant Mon 0

အလုပ်ရှင်တွေဟာ Team တစ်ခုကိုဖွဲ့စည်းပေးလိုက်ရုံနဲ့ အဖွဲ့သားတွေအားလုံးကတက်ညီလက်ညီအလုပ်လုပ်ကြပြီး အစစအရာရာအောင်မြင်မယ်လို့ထင်နေရင်မှားသွားပါလိမ့်မယ်။အဖွဲ့တစ်ခုဟာ ခိုင်မာတဲ့ဦးတည်ချက်၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ရှင်သန်အောင်ရေလောင်းပေါင်းသင်မှုတွေ မဖြစ်မနေရှိဖို့လိုပါတယ်။ Team တစ်ခုကိုအောင်အောင်မြင်မြင်မဖြစ်ထွန်းစေဘဲ ပြဿနာတွေဖြစ်ပေါ်စေနိုင်တဲ့ ယေဘုယျအချက်တွေအကြောင်းကို ခေါင်းဆောင်တွေကနားလည်သိရှိထားဖို့လိုအပ်ပါတယ်။အဖွဲ့တစ်ခုရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာနဲ့လုပ် ဆောင်နိုင်စွမ်းတွေမထိခိုက်ခင်မှာ ဒီအချက်တွေကိုကြိုတင်ရှောင်ရှားသင့်ပါတယ်။ ရည်မှန်းချက်ဝေဝါးခြင်းနဲ့ဦးတည်ရာမရှိခြင်း အဖွဲ့သားတွေဟာ ခေါင်းဆောင်မှုမပြတ်သားဘူး၊ ရှင်းလင်းတဲ့လမ်းညွှန်ချက်တွေမရှိဘူးလို့ခံစားလာရတဲ့အခါ ပြဿနာတွေအများကြီးဖြစ်ပေါ်လာတတ်ပါတယ်။ သူတို့ကိုယ်သူတို့မေးခွန်းထုတ်လာကြပြီး အဖွဲ့အစည်းအတွက်သူတို့ရဲ့တန်ဖိုးကဘာလဲဆိုတာကိုတွေးလာကြပါတယ်။ရှင်းလင်းတဲ့ရည်ရွယ်ချက်မရှိရင် အဖွဲ့ဝင်တစ်ဦးချင်းဟာ ကိုယ့်အယူအဆနဲ့ကိုယ်အလုပ်တွေလုပ်ကြပြီးလမ်းကြောင်းလည်းတိမ်းစောင်းလာပါလိမ့်မယ်။ […]

လူတွေရယ်တာခံနေရတဲ့ The Rock ရဲ့ဖယောင်းရုပ်တု

October 24, 2023 Aung Khant Mon 0

ပဲရစ်မြို့၊ Grevin ပြတိုက်မှာပြသထားတဲ့ The Rock ရဲ့ဖယောင်းရုပ်တုကို လူတော်တော်များများကဝေဖန်ပြောဆိုနေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖယောင်းရုပ်တုဟာသလင်းကျောက်ပုံတူလို့ထင်ရလောက်အောင် ဖြူဖြူဖွေးဖွေးထုလုပ်ထားလို့ဖြစ်ပါတယ်။ ဒါဟာ The Rock ရဲ့နဂိုအသားရောင်နဲ့ လုံးဝကွဲထွက်နေပြီးဖြူဆွတ်ဆွတ်ပြောင်ချော်ချော်ဖြစ်နေလို့ဝေဖန်ခံနေရတာဖြစ်ပါတယ်။အင်တာနက်ပေါ်မှာ ဒီပုံဟာ meme အဖြစ်ထွက်ပေါ်လာပြီး တော်တော်များများကဟာသအနေနဲ့မျှဝေနေကြပါတယ်။ The Rock ကလည်းဒီပုံကိုဟာသအနေနဲ့အင်စတာဂရမ်မှာတင်ထားခဲ့ပါသေးတယ်။ “ဒါက Little Mermaid […]

အနမ်းပေးတဲ့နေရာမှာ ဆရာကျသူမင်းသားလေးယောက်

October 24, 2023 Aung Khant Mon 0

ကိုရီးယားဇာတ်လမ်းတွဲထဲက မင်းသားတော်တော်များများဟာ Kissing Scenes လို့ခေါ်တဲ့အနမ်းပေးတဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးရလေ့ရှိပါတယ်။ ဒီလိုမင်းသားတွေထဲက ဘယ်သူတွေကများအနမ်းပေးရာမှာ အတော်ဆုံးဖြစ်မလဲ၊ ကြည့်ရှုသူကိုပါရင်ခုန်စေလောက်အောင်ဆွဲဆောင်နိုင်စွမ်းရှိတဲ့မင်းသားတွေကဘယ်သူများဖြစ်မလဲဆိုတာတစ်ကမ္ဘာလုံးမှာရှိတဲ့ပရိသတ်တွေကရွေးချယ်ပေးထားကြပါတယ်။ကမ္ဘာတစ်ဝှမ်းကကိုရီးယားဇာတ်လမ်းတွဲနှစ်သက်သူပရိသတ်တွေက Master of kissing scenes ကိုအွန်လိုင်းပေါ်ကနေမဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီလိုရွေးချယ်တဲ့အခါအနမ်းမှာဆရာကျတဲ့မင်းသားလေးယောက် ထွက်ပေါ်လာတာကိုတွေ့ရပါတယ်။ သူတို့တွေကတော့ နံပါတ် (၁) Ji Chang Wook ၊ နံပါတ်(၂) […]

သိထားသင့်တဲ့ အလုပ်လက်မဲ့ ၃ မျိုး

October 24, 2023 Aung Khant Mon 0

အလုပ်လက်မဲ့ဖြစ်နေရတာဟာ ကိုယ့်ကိုအကြီးအကျယ်စိတ်ဓာတ်ကျစေနိုင်တဲ့ ပြဿနာတွေထဲကတစ်ခုဖြစ်ပါတယ်။ အလုပ်မရှိတဲ့အ ချိန်မှာ ထပ်လျှောက်မယ့်အလုပ်သစ်တွေကိုတန်းစီပြီးချရေးရတယ်၊ကိုယ့် CV ဒါမှမဟုတ် Resume ကိုပြန်ပြင်ဆင်ရတယ်၊ စိတ်ဖိစီးတာတွေနဲ့စိတ်မလုံခြုံတာတွေခံစားရတယ်၊ ဒါတွေကအလုပ်မရှိသူချင်းကိုယ်ချင်းစာပေးလို့ရတဲ့နာကျင်မှုတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့အလုပ် လက်မဲ့ဆိုတိုင်းအစွမ်းအစမရှိတာမျိုးမဟုတ်ပါဘူး။ အလုပ်လက်မဲ့ဖြစ်နေတိုင်း စိတ်ပျက်ဖို့မလိုပါဘူး။ဘာကြောင့်လဲဆိုတော့အလုပ် လက်မဲ့ ၃ မျိုးရှိလို့ပါပဲ။ ကိုယ်ကဘယ်လိုအလုပ်လက်မဲ့မျိုးလဲဆိုတာကိုခွဲခြားပြီးသိတယ်ဆိုရင် နောက်အလုပ်သစ်ရှာဖွေရာမှာအကောင်းဆုံးအထောက်အကူပေးမှာပဲဖြစ်ပါတယ်။ Structural Unemployment Structural Unemployment […]

အောက်တိုဘာလအတွက် ဘယ်ဇာတ်လမ်းတွဲထဲက ဘယ်သူကပိုနာမည်ကြီးနေလဲ

October 23, 2023 Aung Khant Mon 0

Korean Business Research Institute က ဒေတာအချက်အလက်ရှာဖွေစုဆောင်းမှုနဲ့အတူအောက်တိုဘာလအတွက် ဘယ်ဇာတ်လမ်းတွဲထဲက ဘယ်သူ့ကိုလူတွေပိုမိုစိတ်ဝင်စားနေလဲဆိုတာဖော်ပြလာခဲ့ပါတယ်။ ဒီစစ်တမ်းကို စက်တင်ဘာလ ၁၂ ရက်နေ့ကနေအောက်တို ဘာလ ၁၂ ရက်နေ့အထိပြုလုပ်ခဲ့တာဖြစ်ပြီး ထိုအချိန်အတွင်းထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်းတွဲတွေထဲက သရုပ်ဆောင် ၅၀ ဦးကိုလေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ ဒီအထဲမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ကောင်းမွန်တဲ့မှတ်ချက်တွေရထားသူက Behind Your Touch ဇာတ်လမ်းတွဲထဲက […]

ရှေ့နေအကူအညီနဲ့ပြေလည်ခဲ့ကြတဲ့ အာနိုးနဲ့စတားလုံး

October 23, 2023 Aung Khant Mon 0

တစ်ခေတ်တည်းမှာလိုနာမည်ကြီးလာခဲ့တဲ့ အာနိုးနဲ့စတားလုံးဟာ တစ်ချိန်ကတစ်ယောက်ကိုတစ်ယောက်အမုန်းကြီးမုန်းခဲ့ဖူးတယ်လို့သိရပါတယ်။ အရင်အချိန်က သူတို့ရဲ့ပြိုင်ဆိုင်မှုဟာပြင်းထန်ခဲ့ပြီးခန္ဓာကိုယ်ပေါ်က ကြွက်သားအရွယ်အစားကအစ ငွေကြေးသုံးစွဲမှုအထိပြိုင် ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးကိုပြေလည်သွားအောင်လုပ်ဆောင်ပေးနိုင်ခဲ့သူကတော့သူတို့ရဲ့အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ Jake Bloom ပဲဖြစ်ပါတယ်။ စတားလုံးက Jake Bloom ရဲ့ Client ဖြစ်ခဲ့ပြီးနောက်ပိုင်း စတားလုံးကိုနာမည်ကြီးစားသောက်ဆိုင်ပိုင်ဆိုင်စေဖို့အတွက်ပါအကြံပေးလုပ်ဆောင်ပေးခဲ့တာမို့ အာနိုးကပိုပြီးဒေါသထွက်ခဲ့တယ်လို့ဆိုပါတယ်။ အကျိုးဆောင်ရှေ့နေ Jake Bloom ရဲ့ညှိနှိုင်းပြောဆိုမှုတွေကြောင့် အာနိုးနဲ့စတားလုံးဟာအရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြပြီး စီးပွားရေးအတူတူလုပ်တဲ့အထိပါအဆင် […]