လီမင်ဟိုနဲ့ဂျီဆိုကို တွဲဖက်တွေ့ရမယ့်ရုပ်ရှင်

Black Pink က ဂျီဆိုအနေနဲ့ လီမင်ဟိုနဲ့တွဲဖက်ပြီးရုပ်ရှင်ဇာတ်ကားသစ်မှာပါဝင်လာဖို့ရှိတယ်လို့သိရပါတယ်။ Webtoon ရုပ်ရှင်ဖြစ်တဲ့ဒီဇာတ်ကားဟာ Omniscient Reader’s Viewpoint လို့နာမည်ရပြီး ဂျီဆိုအတွက်တော့အဓိကဇာတ်ဆောင်အဖြစ်ပထမဆုံးပါဝင်ရိုက် ကူးတဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းအရာကတော့ လူတစ်ယောက်ဟာသူဖတ်နေတဲ့ဝတ္ထုထဲကိုသူကိုယ်တိုင်ရောက်ရှိသွားခဲ့ပြီး ကမ္ဘာကြီးပျက်စီးတော့မှာကိုသူတစ်ယောက်သာသိရှိနေတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။

Omniscient Reader’s Viewpoint Webtoon ဟာ ၂၀၁၈ ခုနစ်ကထွက်ရှိခဲ့တာဖြစ်ပြီးပေါ်ပြူလာအဖြစ်ဆုံးဇာတ်လမ်းထဲမှာပါဝင်ပါတယ်။ ဒီရုပ်ရှင်အတွက် လီမင်ဟို ၊ ဂျီဆိုတို့နဲ့အတူ The Mask Girl ထဲက NaNa ၊ Business Proposal ထဲက Ahn Hyo-seop တို့လည်းပါဝင်မှာဖြစ်ပါတယ်။ Omniscient Reader’s Viewpoint ရုပ်ရှင်ကို လာမယ့်ဒီဇင်ဘာလမှာစတင်ရိုက်ကူးနိုင်ဖို့လျာထားကြပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*