ကိုယ်ရသင့်တဲ့လစာမရဘဲ နှပ်ချခံနေရပြီလားဆိုတာဘယ်လိုသိနိုင်မလဲ

ကိုယ်ကပိုက်ဆံအတွက် အလုပ်ကိုကြိုးစားပြီးလုပ်နေတယ်ဆိုပါစို့။ ပိုက်ဆံဆိုတဲ့နေရာမှာဘယ်လောက်ပမာဏလဲဆိုတာက စကားပြောနေပါသေးတယ်။ ကိုယ်က အလုပ်တွေကိုကိုယ်မပါရင်မပြီးသလောက်နီးပါးလုပ်နေမိပေမယ့် ဒီအတွက်ရတဲ့လခကကိုယ့်ရဲ့မွန်းကျပ်မှုတွေကိုဘာမှဖြေလျှော့မပေးနိုင်ဘူးဆိုရင် ဒါဟာတစ်ခုခုတော့မှားယွင်းနေပါပြီ။ဒီ့အတွက် ကိုယ်လုပ်နေရတဲ့အလုပ်နဲ့ရတဲ့လစာဟာ ထိုက် တန်မှုရှိရဲ့လား၊လုပ်ခလစာနည်းနေလားဆိုတာကိုသိနိုင်ဖို့ ဒီအချက်တွေနဲ့နှိုင်းယှဉ်သုံးသပ်ကြည့်ပါနော်။

– ပထမဆုံးအချက်ကတော့ Online မှာရှာကြည့်ဖို့ပါ။ မနက် ၉ ညနေ ၅ ၊ တစ်ပတ် ၆ ရက်အလုပ်လုပ်ရတဲ့ Sales တစ်ယောက်ရဲ့လစာဟာ ဘယ်လောက်ဖြစ်နေပြီလဲ၊ Experienceဘယ်လောက်ကိုဒီလစာပေးနေတာလဲဆိုတာမျိုးကို Online Group တွေကနေ ပျှမ်းမျှသိနိုင်ပါတယ်။

– နောက်တစ်ချက်က အလုပ်သမားတစ်ယောက်ရသင့်တဲ့အနိမ့်ဆုံးလုပ်ခလစာရနေရဲ့လားဆိုတာစဉ်းစားဖို့ပါ။ နိုင်ငံအပေါ်လိုက်ပြီး အနိမ့်ဆုံးလုပ်ခလစာပေးနှုန်းတွေ မတူကြပါဘူး။ကိုယ်ရောက်နေတဲ့နေရာရဲ့ အနိမ့်ဆုံးလုပ်ခလစာအတိုင်းပြည့်မီအောင်ရနေရဲ့လားဆိုတာကိုလည်းကြည့်ရမှာဖြစ်ပါတယ်။

– လုပ်ငန်းပုံစံချင်းတူပေမယ့် တခြားကုမ္ပဏီမှာပေးနေတဲ့လုပ်အားခကကိုယ့်ကိုပေးတာထက်များနေသလားဆိုတာ စုံစမ်းရပါမယ်။ လုပ် ငန်းနယ်ပယ်ချင်းအတူတူကိုတခြားနေရာတွေက လုပ်ခနှုန်းထားတွေမြင့်နေပြီးကိုယ့်ကိုတော့မသိမသာနှပ်ချထားတာမျိုးတွေရှိနေတတ်ပါတယ်နော်။

– ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်က ကိုယ့်ထက်လစာများ၊ မများဆိုတာကိုလည်း သိသင့်ပါတယ်။ ဒါတွေကတိုက်ရိုက်သွားမေးလို့မကောင်းပေမယ့် တစ်နည်းတစ်ဖုံစုံစမ်းကြည့်ထားရမှာဖြစ်ပါတယ်။တစ်ခါတလေမှာ အလုပ်ရှင်တွေက လူဟောင်းတွေကိုလစာမတိုးဘဲ ထပ်ခန့်တဲ့အသစ်တွေကိုတော့လက်ရှိပေါက်ဈေးအတိုင်းလစာပေးထားတာမျိုးတွေရှိတတ်ပါတယ်။ ဒီလိုအခြေအနေကလုံးဝတရားမျှတမှုမရှိတဲ့အတွက် မဖြစ်မနေမေးခွန်းထုတ်တောင်းဆိုရမှာဖြစ်ပါတယ်။

– ကိုယ့်ကုမ္ပဏီက ကိုယ့်ရာထူးကိုပဲဝန်ထမ်းအသစ်တွေခေါ်ယူနေတယ်၊ ဒီလိုခေါ်ယူတဲ့အချိန်မှာအလုပ်ကြော်ငြာပို့စ်မှာဖော်ပြထားတဲ့ လ စာနှုန်းထားတွေက ကိုယ်ရတာထက်မြင့်နေတယ်ဆိုရင်ဒါကဆွေးနွေးရတော့မယ့် အနေအထားဖြစ်ပါတယ်။

– ကိုယ့်ရဲ့ Performance Review တွေကဆက်တိုက်ကောင်းနေပါလျက် လုပ်ခလစာကတော့ဒုံရင်းဒုံရင်းပဲဆိုရင် ဒါဟာလက်ခံနိုင်စရာမဟုတ်ပါဘူးနော်။ ဝန်ထမ်းတိုင်းကကိုယ့်ရဲ့ကြိုးစားမှုနဲ့ထိုက်တန်တဲ့ရလဒ်ကိုရဖို့လိုပါတယ်။ ဒါကြောင့်ကိုယ်ကလည်းအလုပ်ကိုစိတ်နှစ်ပြီးလုပ်တယ်၊ ရလဒ်ကောင်းတွေအတွက်ခိုင်မာတဲ့သက်သေတွေလည်းရှိတယ်ဆိုရင်လစာတိုးပေးဖို့အထက်လူကြီးကို တောင်းဆိုရမှာဖြစ်ပါတယ်။

– နောက်တစ်ချက်က ကိုယ်တာဝန်ယူရတဲ့ကိစ္စတွေများသထက်များလာပေမယ့်လစာတိုးမလာဘူးဆိုရင်လည်း ဒါကိုရေစုံမျောနေလိုက်လို့မရပါဘူး။ ကိုယ့်တာဝန်တွေနဲ့ထိုက်တန်တဲ့လုပ်အားခကိုရဖို့ မဖြစ်မနေပြောသင့်ပါတယ်။

– ကိုယ်ကအလုပ်မှာနှစ်ရှည်လများလုပ်ကိုင်ခဲ့တယ်၊ လုပ်ငန်းက ကြီးသထက်ကြီးလာပေမယ့်ကိုယ့်ကိုလစာတိုးပေးတာက တစ်နှစ်မှ သုံးသောင်း၊လေးသောင်းဆိုရင်လည်းဒီအပေါ်မှာသေသေချာချာတွေးဆပြီး ဆွေးနွေးသင့်ပါတယ်။ နောက်ထပ်လက်မခံသင့်တာကအလုပ်လုပ်ရတာချင်းတူတူ တခြားလူက Bonus ရပြီး ကိုယ်ကမရဘူးဆိုတဲ့အနေအထားပါ။ကိုယ့်ကိုမနာလိုသူလို့ထင်မှာစိုးပြီး ဒါကိုမဆွေးနွေးတာမျိုးလုံးဝမလုပ်ပါနဲ့။မမျှတမှုအတွက်မေးမြန်းဆွေးနွေးတာက ရှက်စရာ၊ကြောက်စရာမဟုတ်ပါဘူးနော်။အလုပ်ဝင်ခါစလူငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းတာ၊ အားနာစိတ်လွန်ကဲနေတာစတဲ့အချက်တွေကြောင့် လုပ်ခလစာကိုထိုက်တန်သလောက်မရတဲ့၊ မတောင်းဆိုရဲတဲ့အနေအထားတွေရှိကြပါတယ်။ဒါကြောင့် အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေနဲ့နှိုင်းယှဉ်ကြည့်ပြီး ကိုယ်ဟာထိုက်တန်တဲ့လစာမရဘူးလို့ခံစားရတယ်ဆိုရင် ပြောဆိုဆွေးနွေးဖို့မတွန့်ဆုတ်ပါနဲ့လို့အကြံပြုချင်ပါတယ်။

Ju Ju

zawgyi

ကိုယ္ကပိုက္ဆံအတြက္ အလုပ္ကိုႀကိဳးစားၿပီးလုပ္ေနတယ္ဆိုပါစို႔။ ပိုက္ဆံဆိုတဲ့ေနရာမွာဘယ္ေလာက္ပမာဏလဲဆိုတာက စကားေျပာေနပါေသးတယ္။ ကိုယ္က အလုပ္ေတြကိုကိုယ္မပါရင္မၿပီးသေလာက္နီးပါးလုပ္ေနမိေပမယ့္ ဒီအတြက္ရတဲ့လခကကိုယ့္ရဲ႕မြန္းက်ပ္မႈေတြကိုဘာမွေျဖေလွ်ာ့မေပးႏိုင္ဘူးဆိုရင္ ဒါဟာတစ္ခုခုေတာ့မွားယြင္းေနပါၿပီ။ဒီ့အတြက္ ကိုယ္လုပ္ေနရတဲ့အလုပ္နဲ႔ရတဲ့လစာဟာ ထိုက္ တန္မႈရွိရဲ႕လား၊လုပ္ခလစာနည္းေနလားဆိုတာကိုသိႏိုင္ဖို႔ ဒီအခ်က္ေတြနဲ႔ႏႈိင္းယွဥ္သုံးသပ္ၾကည့္ပါေနာ္။

– ပထမဆုံးအခ်က္ကေတာ့ Online မွာရွာၾကည့္ဖို႔ပါ။ မနက္ ၉ ညေန ၅ ၊ တစ္ပတ္ ၆ ရက္အလုပ္လုပ္ရတဲ့ Sales တစ္ေယာက္ရဲ႕လစာဟာ ဘယ္ေလာက္ျဖစ္ေနၿပီလဲ၊ Experienceဘယ္ေလာက္ကိုဒီလစာေပးေနတာလဲဆိုတာမ်ိဳးကို Online Group ေတြကေန ပွ်မ္းမွ်သိႏိုင္ပါတယ္။

– ေနာက္တစ္ခ်က္က အလုပ္သမားတစ္ေယာက္ရသင့္တဲ့အနိမ့္ဆုံးလုပ္ခလစာရေနရဲ႕လားဆိုတာစဥ္းစားဖို႔ပါ။ ႏိုင္ငံအေပၚလိုက္ၿပီး အနိမ့္ဆုံးလုပ္ခလစာေပးႏႈန္းေတြ မတူၾကပါဘူး။ကိုယ္ေရာက္ေနတဲ့ေနရာရဲ႕ အနိမ့္ဆုံးလုပ္ခလစာအတိုင္းျပည့္မီေအာင္ရေနရဲ႕လားဆိုတာကိုလည္းၾကည့္ရမွာျဖစ္ပါတယ္။

– လုပ္ငန္းပုံစံခ်င္းတူေပမယ့္ တျခားကုမၸဏီမွာေပးေနတဲ့လုပ္အားခကကိုယ့္ကိုေပးတာထက္မ်ားေနသလားဆိုတာ စုံစမ္းရပါမယ္။ လုပ္ ငန္းနယ္ပယ္ခ်င္းအတူတူကိုတျခားေနရာေတြက လုပ္ခႏႈန္းထားေတြျမင့္ေနၿပီးကိုယ့္ကိုေတာ့မသိမသာႏွပ္ခ်ထားတာမ်ိဳးေတြရွိေနတတ္ပါတယ္ေနာ္။

– ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္က ကိုယ့္ထက္လစာမ်ား၊ မမ်ားဆိုတာကိုလည္း သိသင့္ပါတယ္။ ဒါေတြကတိုက္႐ိုက္သြားေမးလို႔မေကာင္းေပမယ့္ တစ္နည္းတစ္ဖုံစုံစမ္းၾကည့္ထားရမွာျဖစ္ပါတယ္။တစ္ခါတေလမွာ အလုပ္ရွင္ေတြက လူေဟာင္းေတြကိုလစာမတိုးဘဲ ထပ္ခန႔္တဲ့အသစ္ေတြကိုေတာ့လက္ရွိေပါက္ေဈးအတိုင္းလစာေပးထားတာမ်ိဳးေတြရွိတတ္ပါတယ္။ ဒီလိုအေျခအေနကလုံးဝတရားမွ်တမႈမရွိတဲ့အတြက္ မျဖစ္မေနေမးခြန္းထုတ္ေတာင္းဆိုရမွာျဖစ္ပါတယ္။

– ကိုယ့္ကုမၸဏီက ကိုယ့္ရာထူးကိုပဲဝန္ထမ္းအသစ္ေတြေခၚယူေနတယ္၊ ဒီလိုေခၚယူတဲ့အခ်ိန္မွာအလုပ္ေၾကာ္ျငာပို႔စ္မွာေဖာ္ျပထားတဲ့ လ စာႏႈန္းထားေတြက ကိုယ္ရတာထက္ျမင့္ေနတယ္ဆိုရင္ဒါကေဆြးေႏြးရေတာ့မယ့္ အေနအထားျဖစ္ပါတယ္။

– ကိုယ့္ရဲ႕ Performance Review ေတြကဆက္တိုက္ေကာင္းေနပါလ်က္ လုပ္ခလစာကေတာ့ဒုံရင္းဒုံရင္းပဲဆိုရင္ ဒါဟာလက္ခံႏိုင္စရာမဟုတ္ပါဘူးေနာ္။ ဝန္ထမ္းတိုင္းကကိုယ့္ရဲ႕ႀကိဳးစားမႈနဲ႔ထိုက္တန္တဲ့ရလဒ္ကိုရဖို႔လိုပါတယ္။ ဒါေၾကာင့္ကိုယ္ကလည္းအလုပ္ကိုစိတ္ႏွစ္ၿပီးလုပ္တယ္၊ ရလဒ္ေကာင္းေတြအတြက္ခိုင္မာတဲ့သက္ေသေတြလည္းရွိတယ္ဆိုရင္လစာတိုးေပးဖို႔အထက္လူႀကီးကို ေတာင္းဆိုရမွာျဖစ္ပါတယ္။

– ေနာက္တစ္ခ်က္က ကိုယ္တာဝန္ယူရတဲ့ကိစၥေတြမ်ားသထက္မ်ားလာေပမယ့္လစာတိုးမလာဘူးဆိုရင္လည္း ဒါကိုေရစုံေမ်ာေနလိုက္လို႔မရပါဘူး။ ကိုယ့္တာဝန္ေတြနဲ႔ထိုက္တန္တဲ့လုပ္အားခကိုရဖို႔ မျဖစ္မေနေျပာသင့္ပါတယ္။

– ကိုယ္ကအလုပ္မွာႏွစ္ရွည္လမ်ားလုပ္ကိုင္ခဲ့တယ္၊ လုပ္ငန္းက ႀကီးသထက္ႀကီးလာေပမယ့္ကိုယ့္ကိုလစာတိုးေပးတာက တစ္ႏွစ္မွ သုံးေသာင္း၊ေလးေသာင္းဆိုရင္လည္းဒီအေပၚမွာေသေသခ်ာခ်ာေတြးဆၿပီး ေဆြးေႏြးသင့္ပါတယ္။ ေနာက္ထပ္လက္မခံသင့္တာကအလုပ္လုပ္ရတာခ်င္းတူတူ တျခားလူက Bonus ရၿပီး ကိုယ္ကမရဘူးဆိုတဲ့အေနအထားပါ။ကိုယ့္ကိုမနာလိုသူလို႔ထင္မွာစိုးၿပီး ဒါကိုမေဆြးေႏြးတာမ်ိဳးလုံးဝမလုပ္ပါနဲ႔။မမွ်တမႈအတြက္ေမးျမန္းေဆြးေႏြးတာက ရွက္စရာ၊ေၾကာက္စရာမဟုတ္ပါဘူးေနာ္။အလုပ္ဝင္ခါစလူငယ္ေတြဟာ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈအားနည္းတာ၊ အားနာစိတ္လြန္ကဲေနတာစတဲ့အခ်က္ေတြေၾကာင့္ လုပ္ခလစာကိုထိုက္တန္သေလာက္မရတဲ့၊ မေတာင္းဆိုရဲတဲ့အေနအထားေတြရွိၾကပါတယ္။ဒါေၾကာင့္ အေပၚမွာေဖာ္ျပခဲ့တဲ့အခ်က္ေတြနဲ႔ႏႈိင္းယွဥ္ၾကည့္ၿပီး ကိုယ္ဟာထိုက္တန္တဲ့လစာမရဘူးလို႔ခံစားရတယ္ဆိုရင္ ေျပာဆိုေဆြးေႏြးဖို႔မတြန႔္ဆုတ္ပါနဲ႔လို႔အႀကံျပဳခ်င္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*