The Beatles ရဲ့နောက်ဆုံးသီချင်းမကြာခင်ထွက်ရှိမယ်

The Beatles အနေနဲ့ John Lennon ရေးသားသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုအပြီးသတ်မွမ်းမံပြီးသွားပြီမို့ မကြာခင်မှာထုတ်လုပ်ဖြန့်ချိတော့မယ်လို့သိရပါတယ်။ ဒါဟာ The Beatles ရဲ့နောက်ဆုံးသီချင်းအနေနဲ့ ဆယ်စုနှစ်လေးခုအကြာမှ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီသီချင်းကို Paul McCartney ၊ George Harrison နဲ့ Ringo Starr တို့က ၁၉၉၅ ခုနစ်မှာပြင်ဆင်မွမ်းမံခဲ့တာဖြစ်ပေမယ့်အပြီးသတ်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။အသံသွင်းထားတဲ့အခွေကြမ်းကို နည်းပညာအသစ်တွေနဲ့ကောင်းသထက်ကောင်းအောင်ပြင်ဆင်မွမ်းမံခဲ့ပေမယ့် ထွက်ရှိလာတဲ့အရည်အသွေးကိုသဘောမကျတာမို့ ထုတ်ဖို့ကြန့်ကြာနေခဲ့တာလို့သိရပါတယ်။

ဒီသီချင်းနဲ့ပတ်သက်ပြီးအသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ Sir Paul က “John ရဲ့အသံက လုံးဝကြည်လင်ပါတယ်။ဒါကနည်းနည်းတော့ရင်ခုန်ဖို့ကောင်းတယ်။ ၂၀၂၃ မှာ ပရိသတ်တွေတစ်ခါမှမကြားဖူးသေးတဲ့ The Beatles ရဲ့သီချင်းတစ်ပုဒ်ကိုထုတ်ရမယ်ဆိုတော့ဒါကစိတ်လှုပ်ရှားစရာကောင်းပါတယ်”လို့ပြောခဲ့ပါတယ်။ထိုသီချင်းကို ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းမှာ ရေးသားသီဆိုခဲ့တာဖြစ်ပြီး John Lennon ရဲ့အိမ်မှာ
စန္ဒရားတီးရင်းအသံသွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သီချင်းနာမည်က Now and Then ဖြစ်ပြီးနိုဝင်ဘာလ (၂) ရက်နေ့မှာထွက်ရှိမှာဖြစ်ပါတယ်။

Ju Ju

zawgyi

The Beatles အေနနဲ႔ John Lennon ေရးသားသီဆိုထားတဲ့ သီခ်င္းတစ္ပုဒ္ကိုအၿပီးသတ္မြမ္းမံၿပီးသြားၿပီမို႔ မၾကာခင္မွာထုတ္လုပ္ျဖန႔္ခ်ိေတာ့မယ္လို႔သိရပါတယ္။ ဒါဟာ The Beatles ရဲ႕ေနာက္ဆုံးသီခ်င္းအေနနဲ႔ ဆယ္စုႏွစ္ေလးခုအၾကာမွ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဒီသီခ်င္းကို Paul McCartney ၊ George Harrison နဲ႔ Ringo Starr တို႔က ၁၉၉၅ ခုနစ္မွာျပင္ဆင္မြမ္းမံခဲ့တာျဖစ္ေပမယ့္အၿပီးသတ္မလုပ္ေဆာင္ႏိုင္ခဲ့ပါဘူး။အသံသြင္းထားတဲ့အေခြၾကမ္းကို နည္းပညာအသစ္ေတြနဲ႔ေကာင္းသထက္ေကာင္းေအာင္ျပင္ဆင္မြမ္းမံခဲ့ေပမယ့္ ထြက္ရွိလာတဲ့အရည္အေသြးကိုသေဘာမက်တာမို႔ ထုတ္ဖို႔ၾကန႔္ၾကာေနခဲ့တာလို႔သိရပါတယ္။

ဒီသီခ်င္းနဲ႔ပတ္သက္ၿပီးအသက္ ၈၁ ႏွစ္ရွိၿပီျဖစ္တဲ့ Sir Paul က “John ရဲ႕အသံက လုံးဝၾကည္လင္ပါတယ္။ဒါကနည္းနည္းေတာ့ရင္ခုန္ဖို႔ေကာင္းတယ္။ ၂၀၂၃ မွာ ပရိသတ္ေတြတစ္ခါမွမၾကားဖူးေသးတဲ့ The Beatles ရဲ႕သီခ်င္းတစ္ပုဒ္ကိုထုတ္ရမယ္ဆိုေတာ့ဒါကစိတ္လႈပ္ရွားစရာေကာင္းပါတယ္”လို႔ေျပာခဲ့ပါတယ္။ထိုသီခ်င္းကို ၁၉၇၀ ျပည့္ႏွစ္ေႏွာင္းပိုင္းမွာ ေရးသားသီဆိုခဲ့တာျဖစ္ၿပီး John Lennon ရဲ႕အိမ္မွာ
စႏၵရားတီးရင္းအသံသြင္းခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ သီခ်င္းနာမည္က Now and Then ျဖစ္ၿပီးႏိုဝင္ဘာလ (၂) ရက္ေန႔မွာထြက္ရွိမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*