Friends ဇာတ်လမ်းတွဲထဲကမင်းသားကြီး Matthew Perry ကွယ်လွန်ပြီ

English Language တိုးတက်ချင်သူတိုင်းကြည့်သင့်တယ်လို့ ညွှန်းခံရလေ့ရှိတဲ့အပြင်မင်းသမီးဂျနီဖာအန်နစ္စတန်ရယ်လို့နာမည်ရလာစေခဲ့တဲ့ အမေရိကန်ရုပ်သံဇာတ်လမ်းတွဲတစ်ခုကတော့ Friends ပါ။လက်ရှိမှာ Friends ဇာတ်လမ်းတွဲထဲကမင်းသားကြီး Matthew Perry ဟာ အောက်တိုဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပြီလို့သိရပါတယ်။ သူဟာ လော့အိန်ဂျလိစ်မှာရှိတဲ့သူ့နေအိမ်ရဲ့ရေချိုးကန်အတွင်းမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ သူသေဆုံးတဲ့နေရာတစ်ဝိုက်မှာတော့မူးယစ်ဆေးတွေ့တာမျိုး၊ လုပ်ကြံသတ်ဖြတ်ခံရတဲ့အနေအထားမျိုးမတွေ့ရဘူးလို့အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။

Friends ကိုထုတ်လုပ်တဲ့ Warner Bros. Television Group ကလည်း Matthew Perry သေဆုံးမှုနဲ့ပတ်သက်ပြီး အခုလိုပြောထားပါတယ်။ “Matthew Perry က ဟာသပညာနဲ့ပတ်သက်ရင်တကယ်ကိုပါရမီပါတဲ့သူတစ်ယောက်ပါ။ Warner Bros. အတွက်အဖိုးမဖြတ်နိုင်တဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ကွယ်လွန်မှုအတွက် တစ်ကမ္ဘာလုံးကလည်းနှမြောကြမယ်ထင်ပါတယ်။ သူ့မိသားစုနဲ့သူ့ရဲ့ပရိသတ်တွေအတွက် ကျွန်တော်တို့ရဲ့ချစ်ခြင်းမေတ္တာတွေပေးပို့လိုက်ပါတယ်” လို့ရေးသားခဲ့တာဖြစ်ပါတယ်။မင်းသားကြီး Matthew Perry ဟာကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီဖြစ်ပါတယ်။

Ju Ju

zawgyi

English Language တိုးတက္ခ်င္သူတိုင္းၾကည့္သင့္တယ္လို႔ ၫႊန္းခံရေလ့ရွိတဲ့အျပင္မင္းသမီးဂ်နီဖာအန္နစၥတန္ရယ္လို႔နာမည္ရလာေစခဲ့တဲ့ အေမရိကန္႐ုပ္သံဇာတ္လမ္းတြဲတစ္ခုကေတာ့ Friends ပါ။လက္ရွိမွာ Friends ဇာတ္လမ္းတြဲထဲကမင္းသားႀကီး Matthew Perry ဟာ ေအာက္တိုဘာလ ၂၉ ရက္ေန႔က ကြယ္လြန္သြားခဲ့ၿပီလို႔သိရပါတယ္။ သူဟာ ေလာ့အိန္ဂ်လိစ္မွာရွိတဲ့သူ႔ေနအိမ္ရဲ႕ေရခ်ိဳးကန္အတြင္းမွာေသဆုံးသြားခဲ့တာျဖစ္ပါတယ္။ သူေသဆုံးတဲ့ေနရာတစ္ဝိုက္မွာေတာ့မူးယစ္ေဆးေတြ႕တာမ်ိဳး၊ လုပ္ႀကံသတ္ျဖတ္ခံရတဲ့အေနအထားမ်ိဳးမေတြ႕ရဘူးလို႔အာဏာပိုင္ေတြကထုတ္ျပန္ပါတယ္။

Friends ကိုထုတ္လုပ္တဲ့ Warner Bros. Television Group ကလည္း Matthew Perry ေသဆုံးမႈနဲ႔ပတ္သက္ၿပီး အခုလိုေျပာထားပါတယ္။ “Matthew Perry က ဟာသပညာနဲ႔ပတ္သက္ရင္တကယ္ကိုပါရမီပါတဲ့သူတစ္ေယာက္ပါ။ Warner Bros. အတြက္အဖိုးမျဖတ္ႏိုင္တဲ့လူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူ႔ကြယ္လြန္မႈအတြက္ တစ္ကမာၻလုံးကလည္းႏွေျမာၾကမယ္ထင္ပါတယ္။ သူ႔မိသားစုနဲ႔သူ႔ရဲ႕ပရိသတ္ေတြအတြက္ ကြၽန္ေတာ္တို႔ရဲ႕ခ်စ္ျခင္းေမတၱာေတြေပးပို႔လိုက္ပါတယ္” လို႔ေရးသားခဲ့တာျဖစ္ပါတယ္။မင္းသားႀကီး Matthew Perry ဟာကြယ္လြန္ခ်ိန္မွာ အသက္ ၅၄ ႏွစ္ရွိၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*