ဒီတစ်ပတ်ရဲ့ Careers သတင်းလွှာမှာတော့ အလုပ်လျှောက်ထားသူတွေ သတိထားသင့်တဲ့ မရေးထားတဲ့ အလုပ်အင်တာဗျူး စည်းမျဉ်းတွေအပြင်၊ ဘွဲ့ရခါစ အလုပ်လျှောက်သူတွေဆီကနေ အလုပ်ရှင်တွေ မျှော်လင့်ထားတဲ့ မထင်မှတ်ထားတဲ့ ကျွမ်းကျင်မှုတွေအကြောင်းကို တင်ပြပေးထားပါတယ်။အလုပ်အင်တာဗျူးကို ကော်ဖီအေးခွက် ကိုင်သွားတာမျိုးက သင့်တော်ရဲ့လား။ ဒီမေးခွန်းဟာ Gen Z အလုပ်လျှောက်သူတွေ ကော်ဖီအေးကိုင်ပြီး အင်တာဗျူးလာဖြေကြတာကို HR တွေက ဝေဖန်ရာကနေ အင်တာနက်မှာ ဂယက်ထသွားခဲ့တာပါ။ အေးစက်တဲ့ သောက်စရာကိုင်ထားတာဟာ အလုပ်အပေါ် မလေးစားရာ ကျ၊ မကျ ဆိုတာနဲ့ ပတ်သက်လို့ ငြင်းခုံစရာတွေ ဖြစ်လာခဲ့ပါတယ်။
U.K. နိုင်ငံ Henley Business School က ခေါင်းဆောင်မှုဆိုင်ရာ ပါမောက္ခ၊ Forbes ရဲ့ စာရေးဆရာ Benjamin Laker ကတော့ ဒီဆွေးနွေးမှုဟာ ကော်ဖီတစ်ခွက် ထက်မက ပိုလေးနက်တယ်လို့ ဆိုပါတယ်။ စာမရေးထားပေမဲ့ အင်တာဗျူးသူတွေ စိတ်ထဲသတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်မှု၊ နှုတ်ဆက်ပုံနဲ့ ခန္ဓာကိုယ်အမူအရာ အကြိုက်တွေဟာ မသိမသာနဲ့ စံနှုန်းတွေ ဖြစ်လာကြတယ်လို့ သူက ထောက်ပြထားပါတယ်။အင်တာဗျူး ယဉ်ကျေးမှုဆိုတာ လုပ်ငန်းအမျိုးအစားနဲ့ နေရာပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။ ဥပမာ အွန်လိုင်းအင်တာဗျူးဟာ လူချင်းတွေ့ပြီး အင်တာဗျူးတာလောက် တင်းကြပ်မှု မရှိနိုင်ပါဘူး။ ဒါပေမဲ့ Laker ကတော့ အချိန်မှန်တာ၊ ပြင်ဆင်လာတာနဲ့ ရိုးသားစွာ ဖြေဆိုတာတွေဟာ အခြေခံကျတဲ့ စည်းမျဉ်းတွေဖြစ်တယ်လို့ လက်ခံထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ ဝတ်စားဆင်ယင်မှုနဲ့ အမူအကျင့် ပိုင်းဆိုင်ရာ စည်းမျဉ်းတွေက ဝေဝေဝါးဝါး ဖြစ်လာတာကြောင့် လျှောက်ထားသူ ထင်တာနဲ့ အလုပ်ရှင် မျှော်လင့်တာကြားမှာ အကွာအဝေး ရှိလာပါတယ်။”အွန်လိုင်းအင်တာဗျူးတွေနဲ့ ပုံစံမကျတဲ့ ရုံးပတ်ဝန်းကျင်တွေကြောင့် စည်းမျဉ်းအဟောင်းတွေကို အကဲဖြတ်ရတာ ပိုခက်လာပါတယ်” လို့ Laker က ရေးထားပါတယ်။ “အလုပ်ရှင်တွေဘက်ကလည်း အလုပ်နဲ့ပတ်သက်တဲ့ မျှော်လင့်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ရမယ်။ လျှောက်ထားသူတွေဘက်ကလည်း ‘ဒါကတော့ ဒီရုံးရဲ့ ထုံးစံပဲ’ ဆိုတာကို ရိပ်မိဖို့ လိုပါတယ်”တဲ့။ အင်တာဗျူး ပုံစံ၊ လုပ်ငန်းနဲ့ နေရာပေါ်မူတည်ပြီး ဘယ်လို စည်းမျဉ်းတွေကို လိုက်နာရမလဲဆိုတာ Laker ရဲ့ အကြံပြုချက်အချို့ကို ပြန်လည်ဖော်ပြပေးချင်ပါတယ်။
ဝတ်စားဆင်ယင်မှု သတ်မှတ်ခြင်း
လျှောက်ထားတဲ့ ရာထူးကို မူတည်ပြီး စဉ်းစားပါ။ “နည်းပညာ သို့မဟုတ် တီထွင်ဖန်တီးမှု ရုံးတွေမှာဆိုရင် သပ်သပ်ရပ်ရပ်နဲ့ စနီကာဖိနပ်က အဆင်ပြေနိုင်ပေမဲ့ ပုံမှန်ရုံးတွေ သို့မဟုတ် လူထုနဲ့ ထိတွေ့ရတဲ့ ရာထူးတွေမှာဆိုရင်တော့ တင်းနစ်ဖိနပ်ဆန်းတွေထက် ပြောင်လက်နေတဲ့ သားရေဖိနပ်မျိုးက ပိုစိတ်ချရပါတယ်။ မသေချာရင် အင်တာဗျူးသူကို ကြိုမေးထားပါ။ စကားပြောရတာကို အာရုံစိုက်နိုင်မယ့် သင့်တော်တဲ့ အကူအညီဖြစ်မယ့် ဝတ်စုံကို ရွေးပါ။
ကော်ဖီ သို့မဟုတ် ရေ ယူဆောင်ခြင်း
“အိမ်ရှင်ဘက်က ပေးတဲ့ ရေကို လက်ခံတာ၊ ငြင်းတာက လွယ်ပါတယ်။ ကော်ဖီ ယူလာတယ်ဆိုရင် မဝင်ခင် ကုန်အောင်သောက်ပါ။ မကုန်ရင် ယူသွားလို့ ရမလား ကြိုမေးပါ။ အဓိကက သောက်စရာကြောင့် စကားပြောပြတ်တောက်မသွားဖို့ပါ။
စကားပြောဆိုမှု ပုံစံ
အင်တာဗျူးသူရဲ့ တင်းကြပ်မှုအဆင့်ကို လိုက်ကြည့်ပါ။ ယဉ်ယဉ်ကျေးကျေး နေပါ။ ဟာသတွေ၊ သင်္ကေတစကားတွေနဲ့ ချက်ချင်း ရင်းနှီးဖို့ မကြိုးစားဘဲ တဖြည်းဖြည်း မိတ်ဆက်ပါ။
ဒီအချက်တွေကတော့ ပြောင်းလဲလာတဲ့ အင်တာဗျူးကျင့်ဝတ်တွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းခွင် ယဉ်ကျေးမှုအလိုက် အနည်းငယ်ပြောင်းလဲတတ်တဲ့ သဘာဝရှိတာကြောင့် ကိုယ်အလုပ်လျှောက်မယ့် နယ်ပယ်၊ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုတွေ၊ ကျင့်ဝတ်တွေကို ကြိုတင်လေ့လာပြီးမှ အင်တာဗျူးသွားရောက်ဖြေဆိုသင့်ပါတယ်။
ကျော့ကေခိုင်
zawgyi
ဒီတစ္ပတ္ရဲ႕ Careers သတင္းလႊာမွာေတာ့ အလုပ္ေလွ်ာက္ထားသူေတြ သတိထားသင့္တဲ့ မေရးထားတဲ့ အလုပ္အင္တာဗ်ဴး စည္းမ်ဥ္းေတြအျပင္၊ ဘြဲ႕ရခါစ အလုပ္ေလွ်ာက္သူေတြဆီကေန အလုပ္ရွင္ေတြ ေမွ်ာ္လင့္ထားတဲ့ မထင္မွတ္ထားတဲ့ ကြၽမ္းက်င္မႈေတြအေၾကာင္းကို တင္ျပေပးထားပါတယ္။အလုပ္အင္တာဗ်ဴးကို ေကာ္ဖီေအးခြက္ ကိုင္သြားတာမ်ိဳးက သင့္ေတာ္ရဲ႕လား။ ဒီေမးခြန္းဟာ Gen Z အလုပ္ေလွ်ာက္သူေတြ ေကာ္ဖီေအးကိုင္ၿပီး အင္တာဗ်ဴးလာေျဖၾကတာကို HR ေတြက ေဝဖန္ရာကေန အင္တာနက္မွာ ဂယက္ထသြားခဲ့တာပါ။ ေအးစက္တဲ့ ေသာက္စရာကိုင္ထားတာဟာ အလုပ္အေပၚ မေလးစားရာ က်၊ မက် ဆိုတာနဲ႔ ပတ္သက္လို႔ ျငင္းခုံစရာေတြ ျဖစ္လာခဲ့ပါတယ္။
U.K. ႏိုင္ငံ Henley Business School က ေခါင္းေဆာင္မႈဆိုင္ရာ ပါေမာကၡ၊ Forbes ရဲ႕ စာေရးဆရာ Benjamin Laker ကေတာ့ ဒီေဆြးေႏြးမႈဟာ ေကာ္ဖီတစ္ခြက္ ထက္မက ပိုေလးနက္တယ္လို႔ ဆိုပါတယ္။ စာမေရးထားေပမဲ့ အင္တာဗ်ဴးသူေတြ စိတ္ထဲသတ္မွတ္ထားတဲ့ ဝတ္စားဆင္ယင္မႈ၊ ႏႈတ္ဆက္ပုံနဲ႔ ခႏၶာကိုယ္အမူအရာ အႀကိဳက္ေတြဟာ မသိမသာနဲ႔ စံႏႈန္းေတြ ျဖစ္လာၾကတယ္လို႔ သူက ေထာက္ျပထားပါတယ္။အင္တာဗ်ဴး ယဥ္ေက်းမႈဆိုတာ လုပ္ငန္းအမ်ိဳးအစားနဲ႔ ေနရာေပၚမူတည္ၿပီး ကြာျခားႏိုင္ပါတယ္။ ဥပမာ အြန္လိုင္းအင္တာဗ်ဴးဟာ လူခ်င္းေတြ႕ၿပီး အင္တာဗ်ဴးတာေလာက္ တင္းၾကပ္မႈ မရွိႏိုင္ပါဘူး။ ဒါေပမဲ့ Laker ကေတာ့ အခ်ိန္မွန္တာ၊ ျပင္ဆင္လာတာနဲ႔ ႐ိုးသားစြာ ေျဖဆိုတာေတြဟာ အေျခခံက်တဲ့ စည္းမ်ဥ္းေတြျဖစ္တယ္လို႔ လက္ခံထားပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ဝတ္စားဆင္ယင္မႈနဲ႔ အမူအက်င့္ ပိုင္းဆိုင္ရာ စည္းမ်ဥ္းေတြက ေဝေဝဝါးဝါး ျဖစ္လာတာေၾကာင့္ ေလွ်ာက္ထားသူ ထင္တာနဲ႔ အလုပ္ရွင္ ေမွ်ာ္လင့္တာၾကားမွာ အကြာအေဝး ရွိလာပါတယ္။”အြန္လိုင္းအင္တာဗ်ဴးေတြနဲ႔ ပုံစံမက်တဲ့ ႐ုံးပတ္ဝန္းက်င္ေတြေၾကာင့္ စည္းမ်ဥ္းအေဟာင္းေတြကို အကဲျဖတ္ရတာ ပိုခက္လာပါတယ္” လို႔ Laker က ေရးထားပါတယ္။ “အလုပ္ရွင္ေတြဘက္ကလည္း အလုပ္နဲ႔ပတ္သက္တဲ့ ေမွ်ာ္လင့္ခ်က္ေတြကို ရွင္းရွင္းလင္းလင္း ေျပာျပႏိုင္ရမယ္။ ေလွ်ာက္ထားသူေတြဘက္ကလည္း ‘ဒါကေတာ့ ဒီ႐ုံးရဲ႕ ထုံးစံပဲ’ ဆိုတာကို ရိပ္မိဖို႔ လိုပါတယ္”တဲ့။ အင္တာဗ်ဴး ပုံစံ၊ လုပ္ငန္းနဲ႔ ေနရာေပၚမူတည္ၿပီး ဘယ္လို စည္းမ်ဥ္းေတြကို လိုက္နာရမလဲဆိုတာ Laker ရဲ႕ အႀကံျပဳခ်က္အခ်ိဳ႕ကို ျပန္လည္ေဖာ္ျပေပးခ်င္ပါတယ္။
ဝတ္စားဆင္ယင္မႈ သတ္မွတ္ျခင္း
ေလွ်ာက္ထားတဲ့ ရာထူးကို မူတည္ၿပီး စဥ္းစားပါ။ “နည္းပညာ သို႔မဟုတ္ တီထြင္ဖန္တီးမႈ ႐ုံးေတြမွာဆိုရင္ သပ္သပ္ရပ္ရပ္နဲ႔ စနီကာဖိနပ္က အဆင္ေျပႏိုင္ေပမဲ့ ပုံမွန္႐ုံးေတြ သို႔မဟုတ္ လူထုနဲ႔ ထိေတြ႕ရတဲ့ ရာထူးေတြမွာဆိုရင္ေတာ့ တင္းနစ္ဖိနပ္ဆန္းေတြထက္ ေျပာင္လက္ေနတဲ့ သားေရဖိနပ္မ်ိဳးက ပိုစိတ္ခ်ရပါတယ္။ မေသခ်ာရင္ အင္တာဗ်ဴးသူကို ႀကိဳေမးထားပါ။ စကားေျပာရတာကို အာ႐ုံစိုက္ႏိုင္မယ့္ သင့္ေတာ္တဲ့ အကူအညီျဖစ္မယ့္ ဝတ္စုံကို ေ႐ြးပါ။
ေကာ္ဖီ သို႔မဟုတ္ ေရ ယူေဆာင္ျခင္း
“အိမ္ရွင္ဘက္က ေပးတဲ့ ေရကို လက္ခံတာ၊ ျငင္းတာက လြယ္ပါတယ္။ ေကာ္ဖီ ယူလာတယ္ဆိုရင္ မဝင္ခင္ ကုန္ေအာင္ေသာက္ပါ။ မကုန္ရင္ ယူသြားလို႔ ရမလား ႀကိဳေမးပါ။ အဓိကက ေသာက္စရာေၾကာင့္ စကားေျပာျပတ္ေတာက္မသြားဖို႔ပါ။
စကားေျပာဆိုမႈ ပုံစံ
အင္တာဗ်ဴးသူရဲ႕ တင္းၾကပ္မႈအဆင့္ကို လိုက္ၾကည့္ပါ။ ယဥ္ယဥ္ေက်းေက်း ေနပါ။ ဟာသေတြ၊ သေကၤတစကားေတြနဲ႔ ခ်က္ခ်င္း ရင္းႏွီးဖို႔ မႀကိဳးစားဘဲ တျဖည္းျဖည္း မိတ္ဆက္ပါ။
ဒီအခ်က္ေတြကေတာ့ ေျပာင္းလဲလာတဲ့ အင္တာဗ်ဴးက်င့္ဝတ္ေတြပဲ ျဖစ္ပါတယ္။ လုပ္ငန္းခြင္ ယဥ္ေက်းမႈအလိုက္ အနည္းငယ္ေျပာင္းလဲတတ္တဲ့ သဘာဝရွိတာေၾကာင့္ ကိုယ္အလုပ္ေလွ်ာက္မယ့္ နယ္ပယ္၊ ကုမၸဏီရဲ႕ ယဥ္ေက်းမႈေတြ၊ က်င့္ဝတ္ေတြကို ႀကိဳတင္ေလ့လာၿပီးမွ အင္တာဗ်ဴးသြားေရာက္ေျဖဆိုသင့္ပါတယ္။
ေက်ာ့ေကခိုင္
Leave a Reply