အချိန်အကြာကြီးအလုပ်နားပြီးမှ အလုပ်ပြန်ရအောင်ဘယ်လိုလုပ်မလဲ

ကိုယ်က ကလေးအတွက်၊ မိသားစုအတွက်နဲ့ အချိန်အကြာကြီးအလုပ်နားလိုက်ပြီးမှအလုပ်ပြန်ရှာရတော့မယ်ဆိုရင် နည်းနည်းတော့ကြောက်လန့်မိတာမျိုးဖြစ်ကြမှာပါ။ ကိုယ့်ရဲ့ Professional အလုပ်ကနေထွက်ပြီး အလုပ်ဆိုတာကိုမေ့ပျောက်ထားလိုက်ပြီးမှ ပြန်ဝင်ရမယ်ဆိုတဲ့အခါကိုယ်နဂိုရခဲ့တဲ့ Position ကိုပြန်ရပါ့မလားဆိုပြီးတော့လည်းစိတ်ပူကြမှာပါ။တကယ်တော့ကိုယ်က အောက်မှာဖော်ပြထားတဲ့အချက်တွေကိုလုပ်ဆောင်ထားမယ်ဆိုရင်နဂိုအနေအထားမျိုးကို လွယ်လွယ်ကူကူပြန်ရနိုင်မယ့်အပြင်နဂိုထက်ပိုသာလွန်တဲ့အနေ အထားကိုတောင်ရရှိနိုင်မှာဖြစ်ပါတယ်။ အဲဒီအချက်တွေကတော့…

ကိုယ့်ရဲ့ Resume ကို Update လုပ်ပါ
ဒါကတော့ ပထမဆုံးလုပ်ရမယ့်အချက်ပါ။ ကိုယ့်ရဲ့ Resume ကခေတ်မမီတော့ဘူးလို့ထင်ရင်လက်ရှိလိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိအောင် Resume ကိုပြန်ပြင်ဆင်ရပါမယ်။ကိုယ့်ရဲ့အလုပ်နယ်ပယ်မှာ လက်ရှိလိုအပ်နေတဲ့ Skills တွေကိုပါအောင်ထည့်ဖို့လိုပါတယ်။ တကယ်လို့ Resume ကို ကိုယ့်ဘာသာပြင်ဆင်ဖို့အခက်အခဲရှိတယ်ဆိုရင် လက်ရှိလုပ်ငန်းခွင်ဝင်နေတဲ့မိတ်ဆွေဒါမှမဟုတ် Career အကြံပေးလုပ်နေသူတွေကို အကြံဉာဏ်တောင်းနိုင်ပါတယ်။

Social Media သုံးပါ
ကိုယ့်မှာ LinkedIn Account မရှိသေးဘူးဆိုရင် LinkedIn ဖွင့်ပါ။ ကိုယ့်နယ်ပယ်က အလုပ်ရှာဖွေသူတွေ၊လက်ရှိလုပ်ကိုင်နေသူတွေနဲ့ Connect လုပ်ပါ။ ကိုယ့်ရဲ့ Professional Facebook Page လည်းဖွင့်သင့်ပါတယ်။ ကိုယ့်အလုပ်နယ်ပယ်နဲ့ပတ်သက်တဲ့ Facebook Group တွေကို Join တာမျိုး၊ဆွေးနွေးပွဲတွေ၊ Webinar တွေတက်ရောက်နားထောင်တာမျိုးလုပ်ပါ။ ကိုယ့်အလုပ်အတွက် ဘယ်လို
Trend တွေ၊ ဘယ်လိုအသုံးအနှုန်းတွေနဲ့သွားနေလဲဆိုတာကို လေ့လာနိုင်ဖို့လိုပါတယ်။

Cover Letter မှာ Gap ဖြစ်နေကြောင်းရေးသားပါ
ကုမ္ပဏီတွေဆီအလုပ်လျှောက်တဲ့အခါကြားထဲမှာအလုပ်ကြာကြာနားခဲ့ဖူးကြောင်းကိုထည့်သွင်းဖော်ပြရပါမယ်။ ဒါကအရမ်းကိုခရေ စေ့တွင်းကျဖော်ပြဖို့မလိုပါဘူး။ ဘာကြောင့်နားခဲ့ပါတယ်ဆိုတာလောက်ကိုပဲဖော်ပြရင်ရပါတယ်။ ပြီးရင်တော့ အရင်ကလုပ်ခဲ့ဖူးတာတွေ၊ အလုပ်နားချိန်မှာတောင်သူငယ်ချင်းကိုဖြစ်ဖြစ် အလုပ်နဲ့ပတ်သက်ပြီးအကူအညီပေးခဲ့ဖူးတာတွေ၊ Marketing Strategy ဆွဲပေးခဲ့ဖူးတာတွေ၊ လက်ရှိဒီအလုပ်နဲ့ပတ်သက်ပြီး လေ့လာနေတဲ့အရာတွေစတဲ့အချက်တွေကိုကောင်းကောင်းဖော်ပြနိုင်တယ်ဆိုရင်
နဂိုနေရာထက်ပိုသာတဲ့ရာထူးကိုတောင်ရနိုင်ပါတယ်။

သင်တန်းပြန်တက်ပါ
ကိုယ်ကကိုယ့် Career နဲ့တော်တော်လေးဝေးနေခဲ့တယ်ဆိုရင် ကိုယ့် Professional အတွက် Skill တွေထပ်ဖြည့်ပေးနိုင်မယ့်သင်တန်းတွေပြန်တက်တာ၊ Certificate တွေယူတာမျိုးလုပ်သင့်ပါတယ်။ ဒါကကိုယ့်ရဲ့ အရည်အချင်းနဲ့ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိခြင်းတွေကိုတိုးလာစေပါတယ်။အင်တာဗျူးပြန်ဖြေချိန်မှာလည်း ကြိုတင်လေ့ကျင့်မှုတွေလုပ်ပါ၊ ရိုးရိုးသားသားပဲဖြေပါ၊ယုံကြည်မှုရှိရှိဖြေဆိုပါနော်။
နောက်တစ်ချက်က ကိုယ့်ကိုယ်ကိုယ်အထင်မသေးဖို့ပါ။ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်ကိုမွေးထားဖို့လိုပါတယ်။ အပြောင်းအလဲတစ်ခုခုလုပ်ဖို့ မကြောက်ပါနဲ့။ကြိုတင်လေ့လာမှုတွေလုပ်ဖို့ကိုလည်းမပျင်းပါနဲ့နော်။ဒီဘက်ခေတ်မှာက အလုပ်အကိုင်ရှာဖွေရာမှာ Connection
တည်ဆောက်နိုင်ခြင်းကအဓိကကျနေပါတယ်။ ကိုယ်ကကွန်ပျူတာရှေ့မှာပဲထိုင်ပြီး Resume ပဲထိုင်ပို့တာမျိုးနဲ့ အေးတိအေးစက်လုပ်နေလို့ အလုပ်မရနိုင်ပါဘူး။ ဒါကြောင့်အပေါ်ကအချက်တွေအပြင် ဆွေးနွေးပွဲတွေပြန်တက်ပါ။ အဆက်အသွယ်ကောင်းတွေရှာပါ၊မိတ်ဆွေဖွဲ့ပါ၊ စကားများများပြောပါ။ ဒါဆိုရင်တော့ ကိုယ်နဲ့ထိုက်တန်တဲ့အလုပ်နေရာကို ပြန်လည်ရရှိဖို့မြန်ဆန်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုယ္က ကေလးအတြက္၊ မိသားစုအတြက္နဲ႔ အခ်ိန္အၾကာႀကီးအလုပ္နားလိုက္ၿပီးမွအလုပ္ျပန္ရွာရေတာ့မယ္ဆိုရင္ နည္းနည္းေတာ့ေၾကာက္လန႔္မိတာမ်ိဳးျဖစ္ၾကမွာပါ။ ကိုယ့္ရဲ႕ Professional အလုပ္ကေနထြက္ၿပီး အလုပ္ဆိုတာကိုေမ့ေပ်ာက္ထားလိုက္ၿပီးမွ ျပန္ဝင္ရမယ္ဆိုတဲ့အခါကိုယ္နဂိုရခဲ့တဲ့ Position ကိုျပန္ရပါ့မလားဆိုၿပီးေတာ့လည္းစိတ္ပူၾကမွာပါ။တကယ္ေတာ့ကိုယ္က ေအာက္မွာေဖာ္ျပထားတဲ့အခ်က္ေတြကိုလုပ္ေဆာင္ထားမယ္ဆိုရင္နဂိုအေနအထားမ်ိဳးကို လြယ္လြယ္ကူကူျပန္ရႏိုင္မယ့္အျပင္နဂိုထက္ပိုသာလြန္တဲ့အေန အထားကိုေတာင္ရရွိႏိုင္မွာျဖစ္ပါတယ္။ အဲဒီအခ်က္ေတြကေတာ့…

ကိုယ့္ရဲ႕ Resume ကို Update လုပ္ပါ
ဒါကေတာ့ ပထမဆုံးလုပ္ရမယ့္အခ်က္ပါ။ ကိုယ့္ရဲ႕ Resume ကေခတ္မမီေတာ့ဘူးလို႔ထင္ရင္လက္ရွိလိုအပ္ခ်က္ေတြနဲ႔ကိုက္ညီမႈရွိေအာင္ Resume ကိုျပန္ျပင္ဆင္ရပါမယ္။ကိုယ့္ရဲ႕အလုပ္နယ္ပယ္မွာ လက္ရွိလိုအပ္ေနတဲ့ Skills ေတြကိုပါေအာင္ထည့္ဖို႔လိုပါတယ္။ တကယ္လို႔ Resume ကို ကိုယ့္ဘာသာျပင္ဆင္ဖို႔အခက္အခဲရွိတယ္ဆိုရင္ လက္ရွိလုပ္ငန္းခြင္ဝင္ေနတဲ့မိတ္ေဆြဒါမွမဟုတ္ Career အႀကံေပးလုပ္ေနသူေတြကို အႀကံဉာဏ္ေတာင္းႏိုင္ပါတယ္။

Social Media သုံးပါ
ကိုယ့္မွာ LinkedIn Account မရွိေသးဘူးဆိုရင္ LinkedIn ဖြင့္ပါ။ ကိုယ့္နယ္ပယ္က အလုပ္ရွာေဖြသူေတြ၊လက္ရွိလုပ္ကိုင္ေနသူေတြနဲ႔ Connect လုပ္ပါ။ ကိုယ့္ရဲ႕ Professional Facebook Page လည္းဖြင့္သင့္ပါတယ္။ ကိုယ့္အလုပ္နယ္ပယ္နဲ႔ပတ္သက္တဲ့ Facebook Group ေတြကို Join တာမ်ိဳး၊ေဆြးေႏြးပြဲေတြ၊ Webinar ေတြတက္ေရာက္နားေထာင္တာမ်ိဳးလုပ္ပါ။ ကိုယ့္အလုပ္အတြက္ ဘယ္လို
Trend ေတြ၊ ဘယ္လိုအသုံးအႏႈန္းေတြနဲ႔သြားေနလဲဆိုတာကို ေလ့လာႏိုင္ဖို႔လိုပါတယ္။

Cover Letter မွာ Gap ျဖစ္ေနေၾကာင္းေရးသားပါ
ကုမၸဏီေတြဆီအလုပ္ေလွ်ာက္တဲ့အခါၾကားထဲမွာအလုပ္ၾကာၾကာနားခဲ့ဖူးေၾကာင္းကိုထည့္သြင္းေဖာ္ျပရပါမယ္။ ဒါကအရမ္းကိုခေရ ေစ့တြင္းက်ေဖာ္ျပဖို႔မလိုပါဘူး။ ဘာေၾကာင့္နားခဲ့ပါတယ္ဆိုတာေလာက္ကိုပဲေဖာ္ျပရင္ရပါတယ္။ ၿပီးရင္ေတာ့ အရင္ကလုပ္ခဲ့ဖူးတာေတြ၊ အလုပ္နားခ်ိန္မွာေတာင္သူငယ္ခ်င္းကိုျဖစ္ျဖစ္ အလုပ္နဲ႔ပတ္သက္ၿပီးအကူအညီေပးခဲ့ဖူးတာေတြ၊ Marketing Strategy ဆြဲေပးခဲ့ဖူးတာေတြ၊ လက္ရွိဒီအလုပ္နဲ႔ပတ္သက္ၿပီး ေလ့လာေနတဲ့အရာေတြစတဲ့အခ်က္ေတြကိုေကာင္းေကာင္းေဖာ္ျပႏိုင္တယ္ဆိုရင္
နဂိုေနရာထက္ပိုသာတဲ့ရာထူးကိုေတာင္ရႏိုင္ပါတယ္။

သင္တန္းျပန္တက္ပါ
ကိုယ္ကကိုယ့္ Career နဲ႔ေတာ္ေတာ္ေလးေဝးေနခဲ့တယ္ဆိုရင္ ကိုယ့္ Professional အတြက္ Skill ေတြထပ္ျဖည့္ေပးႏိုင္မယ့္သင္တန္းေတြျပန္တက္တာ၊ Certificate ေတြယူတာမ်ိဳးလုပ္သင့္ပါတယ္။ ဒါကကိုယ့္ရဲ႕ အရည္အခ်င္းနဲ႔ ကိုယ့္ကိုယ့္ကိုယ္ယုံၾကည္မႈရွိျခင္းေတြကိုတိုးလာေစပါတယ္။အင္တာဗ်ဴးျပန္ေျဖခ်ိန္မွာလည္း ႀကိဳတင္ေလ့က်င့္မႈေတြလုပ္ပါ၊ ႐ိုး႐ိုးသားသားပဲေျဖပါ၊ယုံၾကည္မႈရွိရွိေျဖဆိုပါေနာ္။
ေနာက္တစ္ခ်က္က ကိုယ့္ကိုယ္ကိုယ္အထင္မေသးဖို႔ပါ။ငါလုပ္ႏိုင္တယ္ဆိုတဲ့စိတ္ကိုေမြးထားဖို႔လိုပါတယ္။ အေျပာင္းအလဲတစ္ခုခုလုပ္ဖို႔ မေၾကာက္ပါနဲ႔။ႀကိဳတင္ေလ့လာမႈေတြလုပ္ဖို႔ကိုလည္းမပ်င္းပါနဲ႔ေနာ္။ဒီဘက္ေခတ္မွာက အလုပ္အကိုင္ရွာေဖြရာမွာ Connection
တည္ေဆာက္ႏိုင္ျခင္းကအဓိကက်ေနပါတယ္။ ကိုယ္ကကြန္ပ်ဴတာေရွ႕မွာပဲထိုင္ၿပီး Resume ပဲထိုင္ပို႔တာမ်ိဳးနဲ႔ ေအးတိေအးစက္လုပ္ေနလို႔ အလုပ္မရႏိုင္ပါဘူး။ ဒါေၾကာင့္အေပၚကအခ်က္ေတြအျပင္ ေဆြးေႏြးပြဲေတြျပန္တက္ပါ။ အဆက္အသြယ္ေကာင္းေတြရွာပါ၊မိတ္ေဆြဖြဲ႕ပါ၊ စကားမ်ားမ်ားေျပာပါ။ ဒါဆိုရင္ေတာ့ ကိုယ္နဲ႔ထိုက္တန္တဲ့အလုပ္ေနရာကို ျပန္လည္ရရွိဖို႔ျမန္ဆန္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*