ဟောလိုဝင်းအတွက်မာရီလင်မွန်ရိုးပုံပြောင်းထားတဲ့ Kendall Jenner

အောက်တိုဘာလ ၃၁ မှာကျရောက်တဲ့ ဟောလိုဝင်းနေ့အတွက် စူပါမော်ဒယ်လ် Kendall Jenner ကိုထူးခြားတဲ့ပြင်ဆင်မှုနဲ့အတူ တွေ့မြင်ရပါတယ်။ သူမဟာ မာရီလင်မွန်ရိုးရဲ့ပြင်ဆင်မှုအတိုင်းအတုခိုးပြင်ဆင်ထားပြီး ဒီပုံစံဟာလည်း သူမနဲ့ပြီးပြည့်စုံစွာလိုက်ဖက်နေတာကိုတွေ့ကြရပါတယ်။ Kendall ဟာ မာရီလင်မွန်ရိုးရဲ့အမှတ်အသားလို့ဆိုနိုင်တဲ့ ရွှေရောင်ဖျော့ဖျော့ဆံပင်ခွေလေးတွေ၊စင်ရော်တောင်မျက်ခုံး၊ မျက်တောင်ကော့ကော့၊ မှဲ့လေးအပြင် ကိုယ်လုံးအလှကိုပေါ်လွင်စေတဲ့အနက်ရောင်ကိုယ်ကျပ်အကျီကို ဝတ်ဆင်ထားပြီး ရယ် မောပုံကအစမွန်ရိုးလိုခပ်ရွှင်ရွှင်လေးရယ်မောနေပုံတွေကို ဖော်ပြခဲ့တာပါ။

ဒီ Snap ပုံတွေကို အောက်တိုဘာလ ၂၉ ရက်နေ့က သူမရဲ့ အင်စတာဂရမ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ ၁၉၆၂ ခုနစ်က သမ္မတဂျွန်အက်ဖ်ကနေဒီအတွက် မွန်ရိုးဆုတောင်းခဲ့တဲ့ပုံရိပ်ကိုရည်ညွှန်းတဲ့အနေနဲ့Happy Birthday Mister President ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ပုံတွေကိုဖော်ပြထားခဲ့တာတွေ့ရပါတယ်။မာရီလင်မွန်ရိုးကိုသဘောကျတဲ့အထဲမှာ Kendall ရဲ့အမေတူအဖေကွဲအစ်မဖြစ်တဲ့ကင်မ်ကာဒက်ရှန်လည်းပါဝင်တာဖြစ်ပါတယ်။ ကင်မ်ကာဒက်ရှန်ဟာလည်း ၂၀၂၂ ခုနစ် Met Gala ပွဲမှာမွန်ရိုးရဲ့ Happy Birthday Mister President Look အတိုင်းပြင်ဆင်တက်ရောက်ခဲ့ဖူးတာကိုတွေ့ရပါတယ်။

Ju Ju

zawgyi

ေအာက္တိုဘာလ ၃၁ မွာက်ေရာက္တဲ့ ေဟာလိုဝင္းေန႔အတြက္ စူပါေမာ္ဒယ္လ္ Kendall Jenner ကိုထူးျခားတဲ့ျပင္ဆင္မႈနဲ႔အတူ ေတြ႕ျမင္ရပါတယ္။ သူမဟာ မာရီလင္မြန္႐ိုးရဲ႕ျပင္ဆင္မႈအတိုင္းအတုခိုးျပင္ဆင္ထားၿပီး ဒီပုံစံဟာလည္း သူမနဲ႔ၿပီးျပည့္စုံစြာလိုက္ဖက္ေနတာကိုေတြ႕ၾကရပါတယ္။ Kendall ဟာ မာရီလင္မြန္႐ိုးရဲ႕အမွတ္အသားလို႔ဆိုႏိုင္တဲ့ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ဆံပင္ေခြေလးေတြ၊စင္ေရာ္ေတာင္မ်က္ခုံး၊ မ်က္ေတာင္ေကာ့ေကာ့၊ မွဲ႔ေလးအျပင္ ကိုယ္လုံးအလွကိုေပၚလြင္ေစတဲ့အနက္ေရာင္ကိုယ္က်ပ္အက်ီကို ဝတ္ဆင္ထားၿပီး ရယ္ ေမာပုံကအစမြန္႐ိုးလိုခပ္႐ႊင္႐ႊင္ေလးရယ္ေမာေနပုံေတြကို ေဖာ္ျပခဲ့တာပါ။

ဒီ Snap ပုံေတြကို ေအာက္တိုဘာလ ၂၉ ရက္ေန႔က သူမရဲ႕ အင္စတာဂရမ္မွာတင္ထားခဲ့တာျဖစ္ပါတယ္။ ၁၉၆၂ ခုနစ္က သမၼတဂြၽန္အက္ဖ္ကေနဒီအတြက္ မြန္႐ိုးဆုေတာင္းခဲ့တဲ့ပုံရိပ္ကိုရည္ၫႊန္းတဲ့အေနနဲ႔Happy Birthday Mister President ဆိုတဲ့စာသားနဲ႔အတူ သူမရဲ႕ပုံေတြကိုေဖာ္ျပထားခဲ့တာေတြ႕ရပါတယ္။မာရီလင္မြန္႐ိုးကိုသေဘာက်တဲ့အထဲမွာ Kendall ရဲ႕အေမတူအေဖကြဲအစ္မျဖစ္တဲ့ကင္မ္ကာဒက္ရွန္လည္းပါဝင္တာျဖစ္ပါတယ္။ ကင္မ္ကာဒက္ရွန္ဟာလည္း ၂၀၂၂ ခုနစ္ Met Gala ပြဲမွာမြန္႐ိုးရဲ႕ Happy Birthday Mister President Look အတိုင္းျပင္ဆင္တက္ေရာက္ခဲ့ဖူးတာကိုေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*