လုပ်ငန်းအတွေ့အကြုံမရှိဘဲ အလုပ်ရအောင်ဘယ်လိုလုပ်ကြမလဲ

ကိုယ်ကအလုပ်လည်းလိုချင်နေပြီ၊ အတွေ့အကြုံကလည်းမရှိဆိုရင် လူတော်တော်များများလုပ်ကြတာကကွန်ပျူတာ ဒါမှမဟုတ် ဖုန်းကနေ အတွေ့အကြုံရှိရန်မလိုသောအလုပ်များလို့ရိုက်ပြီးရှာဖွေကြမယ်။တဖြည်းဖြည်းနဲ့ရှာရခက်လာရင် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မယ်၊ Career ရွေးချယ်မှုအပေါ်ဝေဝေဝါးဝါးဖြစ်လာမယ်၊ စိတ်ဓာတ်တွေကျလာမယ်။ ဒါတွေကဖြစ်တတ်ကြတဲ့ပုံစံတွေပါ။ လုပ်ငန်းအတွေ့အ ကြုံဆိုတာက သင်ဘယ်နေရာတွေမှာအလုပ်လုပ်ခဲ့တယ်၊ဘယ်ကျောင်းကနေဘွဲ့ရခဲ့တယ်ဆိုတဲ့အချက်တွေထက် ပိုအရေးကြီးတာမှန်ပါတယ်။ဒါပေမဲ့ လုပ်ငန်းအတွေ့အကြုံမရှိတာတစ်ခုတည်းနဲ့ စိတ်ဓာတ်ကျဖို့မလိုပါဘူး။ကိုယ့်မှာအတွေ့အကြုံမရှိပေမယ့် ဘယ်လိုမျိုးအ လုပ်တစ်ခုရအောင်လုပ်နိုင်မလဲဆိုတဲ့နည်းလမ်းလေးတွေရှိနေပါတယ်။အဲဒါတွေကတော့ …

Soft Skill တွေကိုအသုံးချပါ
ကိုယ့်မှာအလွယ်တကူဆက်သွယ်ပြောဆိုနိုင်စွမ်းရှိလား၊ကိုယ့်မှာသင်လွယ်တတ်လွယ်တဲ့အရည်အချင်းရှိလား၊ ခေါင်းဆောင်နိုင်မှုအရည် အသွေးရှိလား၊လူအများရှေ့မှာရှင်းလင်းပြောဆိုရဲတဲ့အရည်အချင်းရှိလား၊ တီထွင်ဖန်တီးနိုင်စွမ်း၊အများနဲ့ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိလား စတဲ့စတဲ့အရည်အချင်းတွေရှိတယ်ဆိုရင်အလုပ်လျှောက်ဖို့ကြောက်နေစရာမလိုပါဘူး။ ဒီလိုအရည်အချင်းတွေကို Highlight လုပ်ပြီးကုမ္ပဏီအတွက်ဘယ်လိုအသုံးဝင်နိုင်ပါတယ်ဆိုတာကို ပြောပြနိုင်ဖို့ပဲလိုပါတယ်။

နီးစပ်အောင်ကြိုးစားပါ
ကိုယ်က Content Writer ၊ Copy Writer အလုပ်ကိုလုပ်ချင်တယ်၊ ဒါပေမဲ့ အဲဒီအလုပ်တွေအတွက်အတွေ့အကြုံလုံးဝမရှိသေးဘူးဆိုရင် အဲဒီနယ်ပယ်နဲ့နီးစပ်နိုင်မယ့်အလုပ်ကို အရင်လုပ်နိုင်ပါတယ်။ဥပမာ – စာလုံးပေါင်းသတ်ပုံစစ်ရတဲ့အလုပ် Proof Reader လိုမျိုးအ လုပ်ကိုအရင်ဆုံးလုပ်နိုင်ပါတယ်။ဒါက စာတွေများများဖတ်ဖြစ်စေဖို့လည်းအထောက်အကူပေးပြီးစာလုံးပေါင်းသတ်ပုံစစ်တဲ့အလုပ်ဟာလည်း Content ၊ Copy အလုပ်တွေရဲ့အစိတ်အပိုင်းတစ်ခုလည်းဖြစ်နေတာမို့ပါ။ဒီလိုမျိုးကိုယ်တကယ်လုပ်ချင်တဲ့အလုပ်ကြီးကိုမရနိုင်ခင်နီးစပ်တဲ့အလုပ်လေးတွေကိုဝင်လုပ်လိုက်ဖို့လိုပါတယ်။

လုပ်အားပေးပါ
လုပ်ငန်းအတွေ့အကြုံမရှိခင်မှာ လုပ်အားပေးအနေနဲ့လုပ်ကိုင်ဖို့လည်းလိုအပ်ပါတယ်။ဒီလိုလုပ်ဆောင်တာက ဘာမှအတွေ့အကြုံမရှိတာထက်စာရင် ပိုပြီးအားသာချက်တွေရှိပါတယ်။ကိုယ်လိုချင်တဲ့အလုပ်ရဲ့ လုပ်ငန်းလည်ပတ်ပုံ၊ သဘောသဘာဝကိုနားလည်ထားတယ်ဆိုရင်
အင်တာဗျူးဖြေတဲ့အခါပိုအဆင်ပြေပြီး အခွင့်အလမ်းတွေပိုရနိုင်ပါတယ်။ ဒါပေမဲ့ဒီလိုပိုက်ဆံမရဘဲလုပ်အားပေးလုပ်တာမျိုးက ခဏတာပဲကောင်းပါတယ်။

သွယ်ဝိုက်ဆက်နွယ်တဲ့ Experience တွေကိုမမေ့ပါနဲ့
ကိုယ့်ဆီမှာ အလုပ်ရှင်လိုချင်တဲ့ Experience မျိုးကွက်တိရှိချင်မှရှိပါလိမ့်မယ်။ ဒါပေမဲ့သွယ်ဝိုက်ပတ်သက်နေတဲ့အတွေ့အကြုံမျိုးရှိလားရှာပါ။ ကိုယ့်မှာကုမ္ပဏီကြီးအတွက် Finance နဲ့ပတ်သက်ပြီး တိုက်ရိုက်အတွေ့အကြုံမရှိပေမယ့် ဖက်ရှင်ဆိုင်တစ်ခုခုမှာစာရင်းနဲ့ငွေ ကြေးပိုင်းကိုင်ခဲ့ရဖူးတယ်ဆိုရင် ဒီအချက်ကို Resume ထဲမှာအဆင်ပြေအောင်ထည့်ရေးနိုင်ပါတယ်။

အလုပ်နေရာတစ်ခုချင်းစီအတွက် Resume တစ်ခုစီပြင်ပါ
ကိုယ်လျှောက်မယ့်အလုပ်ရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ကိုယ့် CV သို့မဟုတ် Resume ကိုပြန်ပြီးပြင်ဆင်ဖို့လိုပါတယ်။ ဒါကနည်းနည်းတော့ခက်ခဲပင်ပန်းတာမှန်ပေမယ့်လုပ်ငန်းအတွေ့အကြုံမရှိသူအနေနဲ့တော့ လုပ်သင့်ပါတယ်။

ချိတ်ဆက်မှုလုပ်ပါ
လုပ်ငန်းအတွေ့အကြုံမရှိပေမယ့် Network ကောင်းတဲ့အခါ အလုပ်အကိုင် ရလွယ်တတ်ကြပါတယ်။ဒါကြောင့် Workshop တွေတက်ပါ။ Seminar တွေရှိရင်တက်ရောက်နားထောင်ပါ။ Facebook Group တွေထဲဝင်ပါ။ ကိုယ်အလုပ်လိုချင်နေတဲ့နယ်ပယ်ကသူတွေနဲ့ တွေ့ဆုံစကားပြောဖြစ်အောင်ကြိုးစားပါ။ကိုယ်ဝင်ချင်တဲ့လုပ်ငန်းနယ်ပယ်အတွက် လိုအပ်တဲ့သင်တန်းလေးတွေတက်ထားပါ။လုပ်ငန်းအတွေ့အကြုံမရှိဘဲအလုပ်လုပ်မယ်ဆိုရင် ကိုယ့်ဘက်ကအလုပ်ရှာဖွေဖို့ကို ပိုအားစိုက်ပြီးအမြဲတမ်းတက်တက်ကြွကြွရှိနေသင့်ပါတယ်နော်။ အပြည့်အဝအားမစိုက်ဘဲ အလုပ်တစ်ခု၊နှစ်ခုလောက်ကိုလျှောက်ထားပြီး ကံကောင်းမယ့်အချိန်တစ်ခုကို ထိုင်မျှော်နေရုံနဲ့တော့မရပါဘူး။ငါမရနိုင်လောက်ဘူးဆိုပြီးတော့လည်း တချို့အလုပ်တွေကို မလျှောက်ဘဲမနေပါနဲ့။ ကိုယ့်ရဲ့ ခံယူချက်၊ကြိုးစားချင်စိတ်နဲ့ သွက် လက်မှုတွေကို သဘောကျပြီးအလုပ်ခန့်လိုက်တာမျိုးလည်းရှိတာမို့ကိုယ်သဘောကျမိတဲ့အလုပ်ဆိုရင် ရဲရဲဝံ့ဝံ့လျှောက်ကြည့်ဖို့တိုက် တွန်းပါရစေ။

Ju Ju

zawgyi

ကိုယ္ကအလုပ္လည္းလိုခ်င္ေနၿပီ၊ အေတြ႕အႀကဳံကလည္းမရွိဆိုရင္ လူေတာ္ေတာ္မ်ားမ်ားလုပ္ၾကတာကကြန္ပ်ဴတာ ဒါမွမဟုတ္ ဖုန္းကေန အေတြ႕အႀကဳံရွိရန္မလိုေသာအလုပ္မ်ားလို႔႐ိုက္ၿပီးရွာေဖြၾကမယ္။တျဖည္းျဖည္းနဲ႔ရွာရခက္လာရင္ ကိုယ့္ကိုယ္ကိုယ္အျပစ္တင္မယ္၊ Career ေ႐ြးခ်ယ္မႈအေပၚေဝေဝဝါးဝါးျဖစ္လာမယ္၊ စိတ္ဓာတ္ေတြက်လာမယ္။ ဒါေတြကျဖစ္တတ္ၾကတဲ့ပုံစံေတြပါ။ လုပ္ငန္းအေတြ႕အ ႀကဳံဆိုတာက သင္ဘယ္ေနရာေတြမွာအလုပ္လုပ္ခဲ့တယ္၊ဘယ္ေက်ာင္းကေနဘြဲ႕ရခဲ့တယ္ဆိုတဲ့အခ်က္ေတြထက္ ပိုအေရးႀကီးတာမွန္ပါတယ္။ဒါေပမဲ့ လုပ္ငန္းအေတြ႕အႀကဳံမရွိတာတစ္ခုတည္းနဲ႔ စိတ္ဓာတ္က်ဖို႔မလိုပါဘူး။ကိုယ့္မွာအေတြ႕အႀကဳံမရွိေပမယ့္ ဘယ္လိုမ်ိဳးအ လုပ္တစ္ခုရေအာင္လုပ္ႏိုင္မလဲဆိုတဲ့နည္းလမ္းေလးေတြရွိေနပါတယ္။အဲဒါေတြကေတာ့ …

Soft Skill ေတြကိုအသုံးခ်ပါ
ကိုယ့္မွာအလြယ္တကူဆက္သြယ္ေျပာဆိုႏိုင္စြမ္းရွိလား၊ကိုယ့္မွာသင္လြယ္တတ္လြယ္တဲ့အရည္အခ်င္းရွိလား၊ ေခါင္းေဆာင္ႏိုင္မႈအရည္ အေသြးရွိလား၊လူအမ်ားေရွ႕မွာရွင္းလင္းေျပာဆိုရဲတဲ့အရည္အခ်င္းရွိလား၊ တီထြင္ဖန္တီးႏိုင္စြမ္း၊အမ်ားနဲ႔ပူးေပါင္းေဆာင္႐ြက္ႏိုင္စြမ္းရွိလား စတဲ့စတဲ့အရည္အခ်င္းေတြရွိတယ္ဆိုရင္အလုပ္ေလွ်ာက္ဖို႔ေၾကာက္ေနစရာမလိုပါဘူး။ ဒီလိုအရည္အခ်င္းေတြကို Highlight လုပ္ၿပီးကုမၸဏီအတြက္ဘယ္လိုအသုံးဝင္ႏိုင္ပါတယ္ဆိုတာကို ေျပာျပႏိုင္ဖို႔ပဲလိုပါတယ္။

နီးစပ္ေအာင္ႀကိဳးစားပါ
ကိုယ္က Content Writer ၊ Copy Writer အလုပ္ကိုလုပ္ခ်င္တယ္၊ ဒါေပမဲ့ အဲဒီအလုပ္ေတြအတြက္အေတြ႕အႀကဳံလုံးဝမရွိေသးဘူးဆိုရင္ အဲဒီနယ္ပယ္နဲ႔နီးစပ္ႏိုင္မယ့္အလုပ္ကို အရင္လုပ္ႏိုင္ပါတယ္။ဥပမာ – စာလုံးေပါင္းသတ္ပုံစစ္ရတဲ့အလုပ္ Proof Reader လိုမ်ိဳးအ လုပ္ကိုအရင္ဆုံးလုပ္ႏိုင္ပါတယ္။ဒါက စာေတြမ်ားမ်ားဖတ္ျဖစ္ေစဖို႔လည္းအေထာက္အကူေပးၿပီးစာလုံးေပါင္းသတ္ပုံစစ္တဲ့အလုပ္ဟာလည္း Content ၊ Copy အလုပ္ေတြရဲ႕အစိတ္အပိုင္းတစ္ခုလည္းျဖစ္ေနတာမို႔ပါ။ဒီလိုမ်ိဳးကိုယ္တကယ္လုပ္ခ်င္တဲ့အလုပ္ႀကီးကိုမရႏိုင္ခင္နီးစပ္တဲ့အလုပ္ေလးေတြကိုဝင္လုပ္လိုက္ဖို႔လိုပါတယ္။

လုပ္အားေပးပါ
လုပ္ငန္းအေတြ႕အႀကဳံမရွိခင္မွာ လုပ္အားေပးအေနနဲ႔လုပ္ကိုင္ဖို႔လည္းလိုအပ္ပါတယ္။ဒီလိုလုပ္ေဆာင္တာက ဘာမွအေတြ႕အႀကဳံမရွိတာထက္စာရင္ ပိုၿပီးအားသာခ်က္ေတြရွိပါတယ္။ကိုယ္လိုခ်င္တဲ့အလုပ္ရဲ႕ လုပ္ငန္းလည္ပတ္ပုံ၊ သေဘာသဘာဝကိုနားလည္ထားတယ္ဆိုရင္
အင္တာဗ်ဴးေျဖတဲ့အခါပိုအဆင္ေျပၿပီး အခြင့္အလမ္းေတြပိုရႏိုင္ပါတယ္။ ဒါေပမဲ့ဒီလိုပိုက္ဆံမရဘဲလုပ္အားေပးလုပ္တာမ်ိဳးက ခဏတာပဲေကာင္းပါတယ္။

သြယ္ဝိုက္ဆက္ႏြယ္တဲ့ Experience ေတြကိုမေမ့ပါနဲ႔
ကိုယ့္ဆီမွာ အလုပ္ရွင္လိုခ်င္တဲ့ Experience မ်ိဳးကြက္တိရွိခ်င္မွရွိပါလိမ့္မယ္။ ဒါေပမဲ့သြယ္ဝိုက္ပတ္သက္ေနတဲ့အေတြ႕အႀကဳံမ်ိဳးရွိလားရွာပါ။ ကိုယ့္မွာကုမၸဏီႀကီးအတြက္ Finance နဲ႔ပတ္သက္ၿပီး တိုက္႐ိုက္အေတြ႕အႀကဳံမရွိေပမယ့္ ဖက္ရွင္ဆိုင္တစ္ခုခုမွာစာရင္းနဲ႔ေငြ ေၾကးပိုင္းကိုင္ခဲ့ရဖူးတယ္ဆိုရင္ ဒီအခ်က္ကို Resume ထဲမွာအဆင္ေျပေအာင္ထည့္ေရးႏိုင္ပါတယ္။

အလုပ္ေနရာတစ္ခုခ်င္းစီအတြက္ Resume တစ္ခုစီျပင္ပါ
ကိုယ္ေလွ်ာက္မယ့္အလုပ္ရဲ႕လိုအပ္ခ်က္အေပၚမူတည္ၿပီး ကိုယ့္ CV သို႔မဟုတ္ Resume ကိုျပန္ၿပီးျပင္ဆင္ဖို႔လိုပါတယ္။ ဒါကနည္းနည္းေတာ့ခက္ခဲပင္ပန္းတာမွန္ေပမယ့္လုပ္ငန္းအေတြ႕အႀကဳံမရွိသူအေနနဲ႔ေတာ့ လုပ္သင့္ပါတယ္။

ခ်ိတ္ဆက္မႈလုပ္ပါ
လုပ္ငန္းအေတြ႕အႀကဳံမရွိေပမယ့္ Network ေကာင္းတဲ့အခါ အလုပ္အကိုင္ ရလြယ္တတ္ၾကပါတယ္။ဒါေၾကာင့္ Workshop ေတြတက္ပါ။ Seminar ေတြရွိရင္တက္ေရာက္နားေထာင္ပါ။ Facebook Group ေတြထဲဝင္ပါ။ ကိုယ္အလုပ္လိုခ်င္ေနတဲ့နယ္ပယ္ကသူေတြနဲ႔ ေတြ႕ဆုံစကားေျပာျဖစ္ေအာင္ႀကိဳးစားပါ။ကိုယ္ဝင္ခ်င္တဲ့လုပ္ငန္းနယ္ပယ္အတြက္ လိုအပ္တဲ့သင္တန္းေလးေတြတက္ထားပါ။လုပ္ငန္းအေတြ႕အႀကဳံမရွိဘဲအလုပ္လုပ္မယ္ဆိုရင္ ကိုယ့္ဘက္ကအလုပ္ရွာေဖြဖို႔ကို ပိုအားစိုက္ၿပီးအၿမဲတမ္းတက္တက္ႂကြႂကြရွိေနသင့္ပါတယ္ေနာ္။ အျပည့္အဝအားမစိုက္ဘဲ အလုပ္တစ္ခု၊ႏွစ္ခုေလာက္ကိုေလွ်ာက္ထားၿပီး ကံေကာင္းမယ့္အခ်ိန္တစ္ခုကို ထိုင္ေမွ်ာ္ေန႐ုံနဲ႔ေတာ့မရပါဘူး။ငါမရႏိုင္ေလာက္ဘူးဆိုၿပီးေတာ့လည္း တခ်ိဳ႕အလုပ္ေတြကို မေလွ်ာက္ဘဲမေနပါနဲ႔။ ကိုယ့္ရဲ႕ ခံယူခ်က္၊ႀကိဳးစားခ်င္စိတ္နဲ႔ သြက္ လက္မႈေတြကို သေဘာက်ၿပီးအလုပ္ခန႔္လိုက္တာမ်ိဳးလည္းရွိတာမို႔ကိုယ္သေဘာက်မိတဲ့အလုပ္ဆိုရင္ ရဲရဲဝံ့ဝံ့ေလွ်ာက္ၾကည့္ဖို႔တိုက္ တြန္းပါရေစ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*