Walking Dead မင်းသား Erik Jensen ကင်ဆာအဆင့် ၄ ခံစားနေရ

The Walking Dead ၊ CSI ၊ Alias စတဲ့တီဗီစီးရီးများစွာမှာပါဝင်ခဲ့တဲ့မင်းသား Erik Jensen ဟာကြီးမားတဲ့ ကျန်းမာရေးပြဿနာနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူဟာ အူမကင်ဆာအဆင့် ၄ ဖြစ်နေကြောင်းစစ်ဆေးတွေ့ရှိရတယ်လို့ သူ့ရဲ့မိသားစုက GoFundMe မှာပြောထားပါတယ်။ Erik Jensen ဟာ လက်ရှိမှာအသက် ၅၃ နှစ်ရှိပြီဖြစ်ပါတယ်။သူ့မှာ ၁၃ နှစ်အရွယ်သမီးလေးနဲ့ ၂၃ နှစ်ကြာလက်တွဲလာခဲ့တဲ့ဇနီးရှိတဲ့အကြောင်း၊ သူဟာအလုပ်ကြိုးစားပြီး သဘောကောင်းတဲ့လူတစ်ယောက်ဖြစ်တာမို့

ဒီဝေဒနာဆိုးကြီးနဲ့အတူလက်မလွှတ်ချင်ဘူးလို့ ဇနီးဖြစ်သူ ဂျက်ဆီကာက ပြောခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဇနီးဖြစ်သူ ဂျက်ဆီကာဘလင့်ခ်ဟာလည်း ဒါရိုက်တာနဲ့သရုပ်ဆောင်အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။သူ့ရဲ့ကောင်းသတင်းနဲ့အတူ ဆေးကုသဖို့အတွက်အလှူငွေရနိုင်ဖို့ လုပ်ဖော်ကိုင်ဖက်တွေကလည်းပိုစ့်တွေရေးသားပြီး အလှူငွေကောက်ခံပေးနေကြတာတွေ့ရပါတယ်။ Erik Jensen ဟာ ရုပ်ရှင်ကားပေါင်း ၃၀ ကျော်မှာ မတူညီတဲ့ဇာတ်ရုပ်များစွာနဲ့ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီး ၂၀၀၅ ခုနစ်က ဇနီးဖြစ်သူဂျက်ဆီကာဘလင့်ခ်နဲ့အတူ Living Justice ဆိုတဲ့စာအုပ်ကိုလည်းထုတ်ဝေခဲ့ဖူးပါတယ်။

Ju Ju

zawgyi

The Walking Dead ၊ CSI ၊ Alias စတဲ့တီဗီစီးရီးမ်ားစြာမွာပါဝင္ခဲ့တဲ့မင္းသား Erik Jensen ဟာႀကီးမားတဲ့ က်န္းမာေရးျပႆနာနဲ႔ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ သူဟာ အူမကင္ဆာအဆင့္ ၄ ျဖစ္ေနေၾကာင္းစစ္ေဆးေတြ႕ရွိရတယ္လို႔ သူ႔ရဲ႕မိသားစုက GoFundMe မွာေျပာထားပါတယ္။ Erik Jensen ဟာ လက္ရွိမွာအသက္ ၅၃ ႏွစ္ရွိၿပီျဖစ္ပါတယ္။သူ႔မွာ ၁၃ ႏွစ္အ႐ြယ္သမီးေလးနဲ႔ ၂၃ ႏွစ္ၾကာလက္တြဲလာခဲ့တဲ့ဇနီးရွိတဲ့အေၾကာင္း၊ သူဟာအလုပ္ႀကိဳးစားၿပီး သေဘာေကာင္းတဲ့လူတစ္ေယာက္ျဖစ္တာမို႔

ဒီေဝဒနာဆိုးႀကီးနဲ႔အတူလက္မလႊတ္ခ်င္ဘူးလို႔ ဇနီးျဖစ္သူ ဂ်က္ဆီကာက ေျပာခဲ့တာျဖစ္ပါတယ္။သူ႔ရဲ႕ဇနီးျဖစ္သူ ဂ်က္ဆီကာဘလင့္ခ္ဟာလည္း ဒါ႐ိုက္တာနဲ႔သ႐ုပ္ေဆာင္အလုပ္လုပ္ကိုင္သူျဖစ္ပါတယ္။သူ႔ရဲ႕ေကာင္းသတင္းနဲ႔အတူ ေဆးကုသဖို႔အတြက္အလႉေငြရႏိုင္ဖို႔ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္းပိုစ့္ေတြေရးသားၿပီး အလႉေငြေကာက္ခံေပးေနၾကတာေတြ႕ရပါတယ္။ Erik Jensen ဟာ ႐ုပ္ရွင္ကားေပါင္း ၃၀ ေက်ာ္မွာ မတူညီတဲ့ဇာတ္႐ုပ္မ်ားစြာနဲ႔ပါဝင္သ႐ုပ္ေဆာင္ခဲ့ဖူးၿပီး ၂၀၀၅ ခုနစ္က ဇနီးျဖစ္သူဂ်က္ဆီကာဘလင့္ခ္နဲ႔အတူ Living Justice ဆိုတဲ့စာအုပ္ကိုလည္းထုတ္ေဝခဲ့ဖူးပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*