ခပ်မိုက်မိုက်လေးနေချင်ပေမယ့်နေခွင့်မရပြန်တဲ့ လိပ်ပြာမလေးဟန်ဆိုဟီး

The World of the Married ၊ Nevertheless၊ My Name တို့လိုဇာတ်လမ်းတွဲတွေနဲ့ပရိသတ်ရင်ထဲရောက်လာခဲ့ပြီး သူမရဲ့အလှအပကြောင့်ကောင်လေးရောကောင်မလေးတွေပါသဘောကျတာခံနေရတဲ့မင်းသမီးလေးကတော့ ဟန်ဆိုဟီးပါ။ဟန်ဆိုဟီးကအောက်တို ဘာလ ၂၈ ရက်နေ့က သူမရဲ့လက်ရှိအခြေအနေ၊ဘာတွေလုပ်ဆောင်နေလဲဆိုတာတွေအပြင် သူမရဲ့အဘွားဆီသွားလည်တဲ့အကြောင်းတွေကို Blog post တင်ခဲ့တာတွေ့ရပါတယ်။ ဒါအပြင် သူမရဲ့မျက်စိအောက်နဲ့ နှုတ်ခမ်းမှာဖောက်ထားတဲ့ Piercings (ခန္ဓာကိုယ်အပေါက်ဖောက်ခြင်း) တွေကိုဖယ်ရှားလိုက်တဲ့အကြောင်းကိုလည်းပြောခဲ့တာတွေ့ရပါတယ်။

“မျက်နှာပေါ်အပေါက်ဖောက်တာကို ကျွန်မခဏတော့လုပ်ခဲ့တယ်။အခုတော့ကျွန်မအကုန်ဖယ်လိုက်ပါပြီ။ ကျွန်မက ကိုယ်လုပ်ချင်တာတစ်ခုခုကိုလုပ်လိုက်ရပြီဆိုရင်ကျေနပ်ပျော်ရွှင်သွားတတ်တဲ့ Personality မျိုးရှိသူပါ။ အခုတော့ကျွန်မစိတ်ကျေနပ်သွားလို့ဖယ်လိုက်တာပါ။ နောက်လာမယ့်ဇာတ်ကားကဒီလိုအပေါက်ဖောက်တာမျိုးနဲ့လိုက်ဖက်မယ်ဆိုရင်တော့ ကျွန်မကဆက်ထားမှာပါ။အခုတော့ဖယ်လိုက်ပါပြီ”ဆို ပြီးပြောခဲ့တာဖြစ်ပါတယ်။သူမရဲ့ခပ်မိုက်မိုက်ပြင်ဆင်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီး အမြဲလိုလိုဝေဖန်မှုတွေကနှစ်မျိုးရှိခဲ့တာဖြစ်ပါတယ်။ သူမပွဲဦိးမထွက်ခင်တုန်းကသူမရဲ့လည်ပင်းနဲ့လက်မောင်းကတက်တူးအကြီးကြီးတွေကြောင့် သရုပ်ဆောင် Career
ကိုထိခိုက်နိုင်တာမို့ တက်တူးတွေကိုဖျက်ပစ်ခဲ့ရပါတယ်။ အခုချိန်မှာလည်း ဒီလို Piercings လုပ်လိုက်တဲ့အတွက်ကြောင့် ဇာတ်ကားရိုက်ကူးမှုနဲ့ပတ်သက်ပြီး ဘယ်လိုဇာတ်ကောင်စရိုက်မျိုးမဆိုလက်ခံဖို့ခက်ခဲနေစေပါတယ်။ ဒါကြောင့်ပဲ သူမကခပ်ဂေါ်ဂေါ်လေးနေချင်ပေမယ့်နေခွင့်မရသူလို့ပရိသတ်တချို့ကပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

Ju Ju

zawgyi

The World of the Married ၊ Nevertheless၊ My Name တို႔လိုဇာတ္လမ္းတြဲေတြနဲ႔ပရိသတ္ရင္ထဲေရာက္လာခဲ့ၿပီး သူမရဲ႕အလွအပေၾကာင့္ေကာင္ေလးေရာေကာင္မေလးေတြပါသေဘာက်တာခံေနရတဲ့မင္းသမီးေလးကေတာ့ ဟန္ဆိုဟီးပါ။ဟန္ဆိုဟီးကေအာက္တို ဘာလ ၂၈ ရက္ေန႔က သူမရဲ႕လက္ရွိအေျခအေန၊ဘာေတြလုပ္ေဆာင္ေနလဲဆိုတာေတြအျပင္ သူမရဲ႕အဘြားဆီသြားလည္တဲ့အေၾကာင္းေတြကို Blog post တင္ခဲ့တာေတြ႕ရပါတယ္။ ဒါအျပင္ သူမရဲ႕မ်က္စိေအာက္နဲ႔ ႏႈတ္ခမ္းမွာေဖာက္ထားတဲ့ Piercings (ခႏၶာကိုယ္အေပါက္ေဖာက္ျခင္း) ေတြကိုဖယ္ရွားလိုက္တဲ့အေၾကာင္းကိုလည္းေျပာခဲ့တာေတြ႕ရပါတယ္။

“မ်က္ႏွာေပၚအေပါက္ေဖာက္တာကို ကြၽန္မခဏေတာ့လုပ္ခဲ့တယ္။အခုေတာ့ကြၽန္မအကုန္ဖယ္လိုက္ပါၿပီ။ ကြၽန္မက ကိုယ္လုပ္ခ်င္တာတစ္ခုခုကိုလုပ္လိုက္ရၿပီဆိုရင္ေက်နပ္ေပ်ာ္႐ႊင္သြားတတ္တဲ့ Personality မ်ိဳးရွိသူပါ။ အခုေတာ့ကြၽန္မစိတ္ေက်နပ္သြားလို႔ဖယ္လိုက္တာပါ။ ေနာက္လာမယ့္ဇာတ္ကားကဒီလိုအေပါက္ေဖာက္တာမ်ိဳးနဲ႔လိုက္ဖက္မယ္ဆိုရင္ေတာ့ ကြၽန္မကဆက္ထားမွာပါ။အခုေတာ့ဖယ္လိုက္ပါၿပီ”ဆို ၿပီးေျပာခဲ့တာျဖစ္ပါတယ္။သူမရဲ႕ခပ္မိုက္မိုက္ျပင္ဆင္ေျပာင္းလဲမႈေတြနဲ႔ပတ္သက္ၿပီး အၿမဲလိုလိုေဝဖန္မႈေတြကႏွစ္မ်ိဳးရွိခဲ့တာျဖစ္ပါတယ္။ သူမပြဲဦိးမထြက္ခင္တုန္းကသူမရဲ႕လည္ပင္းနဲ႔လက္ေမာင္းကတက္တူးအႀကီးႀကီးေတြေၾကာင့္ သ႐ုပ္ေဆာင္ Career
ကိုထိခိုက္ႏိုင္တာမို႔ တက္တူးေတြကိုဖ်က္ပစ္ခဲ့ရပါတယ္။ အခုခ်ိန္မွာလည္း ဒီလို Piercings လုပ္လိုက္တဲ့အတြက္ေၾကာင့္ ဇာတ္ကား႐ိုက္ကူးမႈနဲ႔ပတ္သက္ၿပီး ဘယ္လိုဇာတ္ေကာင္စ႐ိုက္မ်ိဳးမဆိုလက္ခံဖို႔ခက္ခဲေနေစပါတယ္။ ဒါေၾကာင့္ပဲ သူမကခပ္ေဂၚေဂၚေလးေနခ်င္ေပမယ့္ေနခြင့္မရသူလို႔ပရိသတ္တခ်ိဳ႕ကေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*