၂၀၂၆ ခုနှစ်၊ အောက်တိုဘာလမှာ ရာသီခွင် ၃ ခုဟာ ငွေကြေးဓနနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ သောကြာဂြိုဟ်နဲ့ ဗုဒ္ဓဟူးဂြိုဟ်တို့ အနောက်ပြန်ဆုတ် (Retrograde) တဲ့ ဖြစ်စဉ်က သူတို့အတွက် ဒီလထဲမှာ ငွေကြေးအခြေအနေကို အပြုသဘောဘက် ပြောင်းလဲပစ်ဖို့ အခွင့်အလမ်းကောင်းတွေ အများကြီး ပေးစွမ်းသွားမှာပါ။အောက်တိုဘာ ၃ ရက်နေ့မှာ သောကြာဂြိုဟ်ဟာ ြဗိစ္ဆာရာသီ (Scorpio) ထဲမှာ စတင် အနောက်ပြန်ဆုတ်မှာဖြစ်ပြီး၊ ဒါဟာ ကိုယ့်ရဲ့ ငွေကြေးသုံးစွဲ စီမံပုံတွေကို ရက်သတ္တပတ်ကြာ ပြန်လည်သုံးသပ်ရတော့မယ့် သမိုင်းသစ်ရဲ့ အစပဲ ဖြစ်ပါတယ်။ ြဗိစ္ဆာရာသီရဲ့ သဘာဝက မဟုတ်မမှန်တာမှန်သမျှကို အကုန်တူးဖော်တတ်တာမို့ ကိုယ့်ကိုယ်ကို ရိုးသားမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့တော့ လိုပါလိမ့်မယ်။ သို့သော်လည်း အရင်က လက်လွှတ်ခဲ့ဖူးပေမဲ့ အခုမှ ပြန်ကြည့်တဲ့အခါ အကြီးမားဆုံး အောင်မြင်မှု အရင်းအမြစ်တွေ ဖြစ်လာနိုင်မှန်း ရိပ်မိသွားမယ့် အခွင့်အလမ်းဟောင်းတွေကိုလည်း ဒီဖြစ်စဉ်က ပြန်သယ်ဆောင်လာပေးမှာပါ။အောက်တိုဘာ ၂၄ ရက်နေ့မှာ ဗုဒ္ဓဟူးဂြိုဟ်ပါ ဗြိစ္ဆာရာသီထဲမှာ ထပ်ပြီး အနောက်ပြန်ဆုတ်ဦးမှာမို့ ရောက်လာသမျှ အခွင့်အလမ်းတိုင်းကို ချက်ချင်း လက်ခံ ဆုံးဖြတ်စရာတော့ မလိုသေး ပါဘူး။ လောလောဆယ်မှာတော့ ပေါ်ပေါက်လာတာတွေကို အသေအချာ လေ့လာစုံစမ်းတာ၊ ငွေကြေးစီမံခန့်ခွဲမှုကို ပြန်လည်ဆန်းစစ်တာမျိုးတွေ လုပ်ပေးရုံနဲ့တင် ရေရှည်အတွက် အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘယ်ရာသီခွင်တွေလဲဆိုတာ ဖတ်ကြည့်ကြရအောင်ပါ။
Virgo
ဒီလထဲမှာ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်ဖို့အတွက် ကိုယ့်ရဲ့ ငွေကြေးပိုင်းကို အမြင်သစ်နဲ့ ကြည့်မြင်တတ်ဖို့က ကန်ရာသီဖွားတို့အတွက် အများကြီး အထောက်အ ကူပြုပါလိမ့်မယ်။ စစချင်းမှာတော့ နှေးနေသလို ခံစားရနိုင်ပေမဲ့ အောက်တိုဘာ ၂၀ ရက်နေ့မှာ ကျရောက်မယ့် တူရာသီ (Libra) ထဲက လဆန်းရက်ဟာ ချမ်းသာကြွယ်ဝမှုနဲ့ ပြည့်စုံကြွယ်ဝခြင်း ဆိုတာကို မင်း ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဆိုတဲ့အပေါ် အမြင်သစ်တစ်ရပ် သယ်ဆောင်လာပေးမှာပါ။ ဒါဟာ စီးပွားရေးနဲ့ ဘတ်ဂျက်တွက်ချက်မှုတစ်ခုတည်း မဟုတ်ဘဲ မင်း တကယ်တမ်း ပိုင်ဆိုင်ဖြတ်သန်းခွင့်ရမယ့် ဘဝပုံစံအပေါ်မှာ အဓိကမူတည်တယ်ဆိုတာကို သဘောပေါက်သွားစေပါလိမ့်မယ်။လကုန်ပိုင်းလောက် ရောက်တဲ့အခါ ပုံမှန် ၉ နာရီ ၅ နာရီ ရုံးတက်အလုပ်ထက်စာရင် အေးအေးဆေးဆေး ဝင်ငွေရမယ့် ပုံသေဝင်ငွေ အခွင့်အလမ်းတွေကို ပိုပြီး စိတ်ဝင်စားစုံစမ်းချင်စိတ် ပေါ်လာရင်လည်း မအံ့ဩပါနဲ့နော်။ အထူးသဖြင့် အောက်တိုဘာ ၂၅ ရက်နေ့မှာ စီးပွားရေး စပ်တူရှယ်ယာ အခွင့်အလမ်းသစ်တွေကို အပြည့်အဝ ရှာဖွေစုံစမ်းပါ။ အဲဒီအချိန်ဟာ မင်းရဲ့ ပိုက်ဆံကို မင်းအတွက် ပြန်ပြီး အလုပ်လုပ်ပေးအောင် မည်သို့ဖန်တီးရမည်ဆိုတာကို အမှန်တကယ် စတင်မြင်တွေ့ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။တူရာသီနဲ့ ဗြိစ္ဆာရာသီ နှစ်ခုလုံးဟာ စပ်တူလုပ်ကိုင်မှုတွေကို ဦးတည်နေတာမို့ မင်းရဲ့ အောင်မြင်မှု အခွင့်အလမ်းတွေဟာ စိစစ်ထားတဲ့၊ အကျိုးအမြတ်များတဲ့ စပ်တူလုပ်ငန်းတွေကနေ လာပါလိမ့်မယ်။ ပုံသေဝင်ငွေလမ်းကြောင်းတွေနဲ့ အလုပ်လို့ မခံစားရဘဲ အေးဆေးလုပ်လို့ရမယ့် စီးပွားရေးအခွင့်အ လမ်းတွေ အပါအဝင် မင်းရဲ့ ငွေကြေးဆိုင်ရာ ရုပ်ပုံလွှာတစ်ခုလုံးကို သေချာခြုံငုံကြည့်ဖို့ မမေ့ပါနဲ့။ ရလဒ်အနေနဲ့ ပိုမိုကြီးမားတဲ့ အောင်မြင်မှုကို ရရှိစေရုံတင်မကဘဲ မင်း လိုချင်တဲ့ ဘဝပုံစံအတိုင်း ပိုမိုနေထိုင်ခွင့် ရရှိလာပါလိမ့်မယ်။
Libra
အောက်တိုဘာ ၃ ရက်ကနေ ၂၅ ရက်နေ့အထိ ဗြိစ္ဆာရာသီထဲမှာ သောကြာဂြိုဟ် အနောက်ပြန်ဆုတ်နေမှုဟာ မင်းရဲ့ ငွေကြေးနဲ့ ပတ်သက်တဲ့ ဆက်ဆံရေး၊ စည်းစိမ်ဥစ္စာအပေါ် ထားရှိတဲ့ ကိုယ်ပိုင်ခံယူချက်တွေကို အပြင်ဆွဲထုတ်ပြသပေးသွားမှာပါ။ သောကြာဂြိုဟ် အနောက်ပြန်ဆုတ်ခြင်းဟာ အတိတ်က စိုက်ထုတ်ခဲ့ဖူးတဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကျိုးအမြတ်ကို ပြန်လည်ရရှိစေသလို မင်းနဲ့ တကယ်ထိုက်တန်တဲ့အရာက ဘာလဲဆိုတာကို သဘောပေါက်အောင်လည်း ကူညီပေးပါတယ်။
ဒါပေမဲ့ တူရာသီဖွားတို့ရေ.. ဒီလဟာ ဆန်းသစ်လွန်းတဲ့ ဒါမှမဟုတ် စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို စမ်းသပ်ရမယ့်လတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ဘတ်ဂျက်ကို ပြန်လည်စိစစ်တာ၊ ငွေကြေးကြွယ်ဝမှုအပေါ် ထားရှိတဲ့ ခံယူချက်တွေကို ပြန်လည်သုံးသပ်တာတွေဟာ အောက်တိုဘာလမှာတင် မကဘဲ အနာဂတ်မှာပါ ဓနဥစ္စာနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မယ့် အဓိကသော့ချက်တွေ ဖြစ်ပါတယ်။သောကြာဂြိုဟ်ဟာ လကုန်ခါနီးအထိ ဗြိစ္ဆာရာသီထဲမှာ အနောက်ပြန်ဆုတ်နေပြီးမှ မင်းရဲ့ ကိုယ်ပိုင်ရာသီခွင် (တူရာသီ) ထဲကို ပြန်ဝင်လာမှာပါ။ သောကြာဂြိုဟ် မူလအတိုင်း ပုံမှန်ပြန်သွားရင် ဒီဇင်ဘာ ၄ ရက်မှာ ဗြိစ္ဆာရာသီထဲ ပြန်ဝင်မှာဖြစ်တာကြောင့် ဒီအောက်တိုဘာလမှာ မင်း စတင်သတိထားမိပြီး မွမ်းမံပြင်ဆင်လိုက်တဲ့အရာတွေဟာ နှစ်ကုန်အထိ ဆက်လက်အကျိုးသက်ရောက်နေဦးမှာပါ။ ဒါကြောင့် ရလဒ်တွေကို ချက်ချင်း မမြင်ရသေးလို့ စိတ်မလောပါနဲ့။ ဒါဟာ ရေရှည်ပွဲစဉ်ကို စိတ်ရှည်ရှည် ကစားရမယ့် အချိန်ပါ။ စီးပွားရေးတိုးတက်မှုကို အတင်းအကျပ် အလျင်လိုလို့ မရသလို ကိုယ့်ရဲ့ ရင့်ကျက်တိုးတက်မှုကိုလည်း အတင်းအဆောတလျင် လုပ်ယူလို့ မရပါဘူး။
Capricorn
အောက်တိုဘာလ ကုန်တဲ့အခါကျရင် မင်းအနေနဲ့ စီးပွားဥစ္စာ ရှာဖွေတဲ့နေရာမှာ နားလည်မှုရှိတဲ့ မှန်ကန်သော လက်တွဲဖော် အဖော်အဖက် ရှိနေခြင်းဟာ ဘယ်လောက်အထိ ကွာခြားသွားစေသလဲဆိုတာကို အပြည့်အဝ သဘောပေါက်သွားပါလိမ့်မယ်။ အောက်တိုဘာ ၂၃ ရက်နေ့မှာ မင်းရဲ့ ငွေကြေးဘဝမှာ စပ်တူလက်တွဲခြင်းက ပေးစွမ်းမယ့် အကျိုးကျေးဇူးတွေအပေါ် ပိုပြီး အာရုံရောက်သွားပါလိမ့်မယ်။ နှစ်ယောက်လုံးအတွက် ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ဖန်တီးဖို့ တခြားသူတစ်ယောက်နဲ့ လက်တွဲလုပ်ဆောင်ဖို့ ပြင်ဆင်ထားလိုက်ပါ။ဒီလမှာ သောကြာဂြိုဟ်က ဗြိစ္ဆာရာသီထဲမှာ အနောက်ပြန်ဆုတ်နေတာမို့ ကိုယ်ရေးကိုယ်တာ ဒါမှမဟုတ် ချစ်သူအိမ် ထောင်ဖက်နဲ့ လက်တွဲမှုကနေ မင်းအတွက် ငွေကြေးအရ အကျိုးအမြတ်တွေ ရလာဖို့ ရှိနေပါတယ်။ ဒါတင်မကသေးဘဲ မင်းကို အကျိုးအမြတ်များမယ့် စီးပွားရေး စပ်တူလက်တွဲမှုတစ်ချို့ကို ရွေးချယ်ဖို့ ဒါမှမဟုတ် အောင်မြင်တဲ့ ငွေကြေးဆိုင်ရာ အကြံပေးပညာရှင်တစ်ယောက်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ တွန်းအားပေးပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှေ့လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ မှန်ကန်တဲ့ လက်တွဲဖော်တွေကို စိစစ်ရွေးချယ်ဖို့က အလွန်အရေးကြီးပါတယ်။အောက်တိုဘာ ၁၅ ရက်မှာ ပလူတိုဂြိုဟ် (Pluto) က ကုမ်ရာသီထဲမှာ မူလအတိုင်း တန်းတန်းမတ်မတ် ပြန်သွားတော့မှာဖြစ်လို့ မင်း ဘာတွေလိုအပ်သလဲဆိုတဲ့ ကိုယ်တွင်းသုံးသပ်ချက်မှန်သမျှကို လမကုန်ခင်မှာ အပြီးသတ်ထားသင့်ပါတယ်။ ဒါဟာ ကောင်းတဲ့ကိစ္စပါ၊ ဘာလို့လဲဆိုတော့ ဒီလထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ သွားရတော့မှာမို့ပါ။ အောက်တိုဘာလအတွင်း ငွေကြေးဆိုင်ရာ ကိစ္စတွေကို ချဉ်းကပ် ကိုင်တွယ်ပုံ ပြောင်းလဲလိုက်တာနဲ့ အောင်မြင်မှုတွေဟာ ကိုယ့်ဆီကို တန်းစီပြီး ရောက်လာတော့မှာ ဖြစ်ပါတယ်။
ကျော့ကေခိုင်
zawgyi
Virgo
Libra
Capricorn
ကျော့ကေခိုင်
Leave a Reply