ပထမပတ်အတွင်းမှာတင်အချပ်ရေ ၅ သန်းကျော်ရောင်းချရတဲ့ Seventeen ရဲ့အယ်လ်ဘမ်

ကိုရီးယားအမျိုးသားအဆိုတော်အဖွဲ့ Seventeen ရဲ့ ၁၁ ချပ်မြောက် Mini-album ဖြစ်တဲ့ Seventeenth Heaven ဟာ Kpop သမိုင်း ကြောင်းမှာမှတ်တိုင်သစ်စိုက်ထူနိုင်ခဲ့ပြီလို့သိရပါတယ်။ သူတို့ရဲ့ Seventeenth Heaven ဆိုတဲ့အယ်လ်ဘမ်အသစ်ဟာ ပထမတစ်ပတ်အတွင်းမှာတင် အချပ်ရ ၅ သန်းကျော်ရောင်းချနိုင်ခဲ့တယ်လို့ Hanteo Chart ရဲ့ဖော်ပြချက်အရသိရပါတယ်။

Seventeen ရဲ့အေဂျင်စီဖြစ်တဲ့ Pledis Entertainment ကလည်း “Seventeen အဖွဲ့ဟာအယ်လ်ဘမ်ထွက်ရှိပြီးတစ်ပတ်အတွင်းမှာတင် အချပ်ရေ ၅ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့အဖွဲ့အဖြစ်မှတ်တိုင်သစ်စိုက်ထူနိုင်သွားပါပြီ။ သူတို့ကအယ်လ်ဘမ်စထွက်ရှိတဲ့နေ့မှာတင်အချပ်ရေသုံးသန်းကျော်အထိ ရောင်းချနိုင်ခဲ့တာပါ”လို့ပြောခဲ့တာဖြစ်ပါတယ်။ Seventeenth Heaven ဟာ အောက်တိုဘာလ ၂၃ ရက်နေ့ကထွက်ရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ၅၀၉၁၈၈၇ ချပ်ရောင်းချရပြီးဖြစ်တယ်လို့ဆိုရပါတယ်။ ဒီတေးအယ်လ်ဘမ်ရဲ့ Title Track ဖြစ်တဲ့ God of Music ဟာလည်း Melon Chart ရဲ့ နံပါတ် ၄ နေရာမှာရောက်ရှိနေတယ်လို့သိရပါတယ်။

Ju Ju

zawgyi

ကိုရီးယားအမ်ိဳးသားအဆိုေတာ္အဖြဲ႕ Seventeen ရဲ႕ ၁၁ ခ်ပ္ေျမာက္ Mini-album ျဖစ္တဲ့ Seventeenth Heaven ဟာ Kpop သမိုင္း ေၾကာင္းမွာမွတ္တိုင္သစ္စိုက္ထူႏိုင္ခဲ့ၿပီလို႔သိရပါတယ္။ သူတို႔ရဲ႕ Seventeenth Heaven ဆိုတဲ့အယ္လ္ဘမ္အသစ္ဟာ ပထမတစ္ပတ္အတြင္းမွာတင္ အခ်ပ္ရ ၅ သန္းေက်ာ္ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ Hanteo Chart ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

Seventeen ရဲ႕ေအဂ်င္စီျဖစ္တဲ့ Pledis Entertainment ကလည္း “Seventeen အဖြဲ႕ဟာအယ္လ္ဘမ္ထြက္ရွိၿပီးတစ္ပတ္အတြင္းမွာတင္ အခ်ပ္ေရ ၅ သန္းေက်ာ္ေရာင္းခ်ႏိုင္ခဲ့တဲ့အဖြဲ႕အျဖစ္မွတ္တိုင္သစ္စိုက္ထူႏိုင္သြားပါၿပီ။ သူတို႔ကအယ္လ္ဘမ္စထြက္ရွိတဲ့ေန႔မွာတင္အခ်ပ္ေရသုံးသန္းေက်ာ္အထိ ေရာင္းခ်ႏိုင္ခဲ့တာပါ”လို႔ေျပာခဲ့တာျဖစ္ပါတယ္။ Seventeenth Heaven ဟာ ေအာက္တိုဘာလ ၂၃ ရက္ေန႔ကထြက္ရွိခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ၅၀၉၁၈၈၇ ခ်ပ္ေရာင္းခ်ရၿပီးျဖစ္တယ္လို႔ဆိုရပါတယ္။ ဒီေတးအယ္လ္ဘမ္ရဲ႕ Title Track ျဖစ္တဲ့ God of Music ဟာလည္း Melon Chart ရဲ႕ နံပါတ္ ၄ ေနရာမွာေရာက္ရွိေနတယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*