ရုံးကပေးထားတဲ့ကွန်ပျူတာထဲထည့်မသိမ်းသင့်တဲ့အရာများ
တချို့ရုံးတွေမှာ အလုပ်လုပ်ဖို့ တစ်ယောက်ကို PC သို့မဟုတ်လက်ပ်တော့တစ်လုံးစီပေးထားတာမျိုးရှိကြပါတယ်။ ကုမ္ပဏီမှာအလုပ်လုပ်နေစဥ်အတွင်းကိုယ်ပိုင်ပစ္စည်းတစ်ခုလိုပဲ ထိတွေ့သုံးစွဲနေရပေမယ့် တခါတလေမေ့လျော့ပြီးမသိမ်းဆည်းသင့်တာလေးတွေကို စက်ထဲသိမ်းဆည်းထားမိတတ်ကြပါတယ်နော်။ဒါကြောင့်အားလုံးသတိထားမိနိုင်စေဖို့အတွက် အလုပ်အတွက်သုံးရတဲ့ကွန်ပျူတာထဲဘာတွေသိမ်းမထားသင့်ဘူးလဲဆိုတာမျှဝေပေးချင်ပါတယ်။ကိုယ်ရေးကိုယ်တာဓာတ်ပုံတွေကိုယ့်ဓာတ်ပုံတွေကို ခဏသိမ်းထားပြီး မေ့သွားတာမျိုး၊ Download လုပ်ရင်းစက်ထဲကျန်ခဲ့တာမျိုးမဖြစ်စေသင့်ပါဘူးနော်။ကိုယ့်ရဲ့ကိုယ်ပိုင်စက်မဟုတ်တဲ့အတွက် အခြေအနေအမျိုးမျိုးကြောင့်အခြားသူလက်ထဲရောက်နိုင်ပါတယ်။ရုံးမှာရုပ်တည်ကြီးနဲ့မန်နေဂျာလုပ်နေပေမယ့် မူးတုန်းကကွက်မျိုးစုံကထားတဲ့ ဗီဒီယိုတွေတွေ့သွားလို့ကတော့ အရှက်တွေဗျန်းဗျန်းကွဲနိုင်ပါတယ်။နောက်အလုပ်တစ်ခုရဲ့ Data တွေကိုယ်ကနောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခု ဒါမှမဟုတ် အကူအညီပေးနေရတဲ့ အလုပ်ရှိတယ်ဆိုရင်ဒီအလုပ်နဲ့ပတ်သက်တဲ့ Data တွေကို […]