ဘာ Plan ပဲလုပ်လုပ်အောင်မြင်စေမယ့် လျှို့ဝှက်ချက်တစ်ခု

မိတ်ဆွေတို့လည်းကြုံဖူးကြမှာပါ။ အလုပ်တစ်ခုပြီးမြောက်စေဖို့ချမှတ်လိုက်တဲ့ Plan တွေဟာများသောအားဖြင့် ပြီးမြောက်အောင်မြင်မှုမရှိဘဲ Fail ဖြစ်သွားတတ်ကြပါတယ်။ရှုပ်ထွေးများပြားတဲ့ Plan တွေဟာ ရိုးရှင်းတဲ့ Plan တွေထက်အောင်မြင်နိုင်ခြေနည်းပါးပြီးစွဲစွဲမြဲမြဲလုပ်မိစေဖို့ခက်ခဲတတ်ပါတယ်။ဟိုဟာပဲစလုပ်ရမလို ဒီဟာပဲစလုပ်ရမလိုနဲ့ အချိန်ကုန်သွားစေပြီး လက်တွေ့မှာသိသိသာသာပြီးမြောက်အောင်မြင်မှုမရှိတတ်ကြပါဘူး။

တကယ်ကောင်းမွန်တဲ့ Plan နဲ့ Strategy တွေဟာ ရိုးရှင်းပါတယ်။ဒါကြောင့် ကျောင်းသားတွေအတွက်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်နေတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်ဘယ်အရွယ်အတွက်မဆိုအဆင်ပြေစေတဲ့ ရိုးရှင်းတဲ့အချက်လေးတစ်ခုကိုမျှဝေပေးချင်ပါတယ်။အဲဒါကတော့ ကိုယ်မှန်းထားတဲ့ရည်မှန်းချက်အတွက် တကယ်လုပ်ဖြစ်မယ့်အရာ ၃ ခုကိုရွေးထုတ်ဖို့ပဲဖြစ်ပါတယ်။ကိုယ်က ကိုရီးယားမှာအလုပ်သွားလုပ်မှာမို့ ဘာသာစကားကိုအမြန်လေ့လာနေရတယ်ဆိုရင်စာတွေပဲထိုင်ကျက်ရမလား၊ အရေးပဲလေ့ကျင့်ရမလား၊ ကိုရီယားကားပဲထိုင်ကြည့်ပြီးလေ့လာရမလား၊App ကနေပဲလေ့လာရမလား၊ Youtube ကနေပဲလေ့လာရမလား စတဲ့များပြားလှတဲ့အရာတွေကကိုယ့်ကိုရှုပ်ထွေးစေပါတယ်။ဒီနေရာမှာကိုယ်လုပ်နိုင်မယ့်အရာ ၃ ခုကိုပဲရွေးထုတ်လုပ်ဆောင်ကြည့်ပါ။ မနက်ပိုင်းမှာစာအရေးလေ့ကျင့်မယ်၊ နေ့လယ်မှာ သင်တန်းကစာတွေကျက်မယ်၊ ညဘက်မှာရုပ်ရှင်တစ်ကားကြည့်ပြီးလေ့လာမယ် စသဖြင့်လုပ်ဆောင်မယ်ဆိုရင်တကယ်လည်းစာလုပ်ဖြစ်သွားပါတယ်။

ကိုယ်က Productive ဖြစ်ချင်တယ်ဆိုရင် တစ်နေ့တာလုပ်ရမယ့်အလုပ်စာရင်း၊တစ်ပတ်စာအလုပ်စာရင်းနဲ့ အချိန်ဇယားအတွက် Calendar တစ်ခု စတဲ့အရာ ၃ ခုကိုပဲအဓိကလိုအပ်တာဖြစ်ပါတယ်။လေ့ကျင့်ခန်းဆက်တိုက်လုပ်ဖြစ်စေဖို့ Gym မှာလုပ်မယ့် Routine နှစ်ခုနဲ့စက်ဘီးထွက်နင်းမယ့်ရက်တစ်ရက် ကိုပဲစဥ်းစားလုပ်ဆောင်နိုင်ပါတယ်။Diet အတွက်ဆိုရင်လည်း ကိုယ်အမြဲစားဖြစ်မယ့် Meal plan ၃ ခု ဒါမှမဟုတ် Detox ၃ မျိုးစတာတွေကိုအဓိကရှာဖွေလုပ်ဆောင်သင့်ပါတယ်။ဒီလိုရွေးထုတ်လုပ်ဆောင်ရင်းနဲ့ လအနည်းငယ်ကြာတဲ့အချိန်မှာ အောင်မြင်မှုရသွားပြီဆိုရင်တခြားသောအရာတွေကိုပြောင်းလဲလုပ်ဆောင်နိုင်ပါတယ်။ကိုယ်လုပ်ရမယ့်အလုပ်အနည်းအများပေါ်မူတည်ပြီး တကယ်ရွေးထုတ်ရမယ့်အရာတွေက ၄ ခု သို့မဟုတ် ၅ ခုလည်းဖြစ်နိုင်ပါတယ်။ အရေးကြီးတဲ့အချက်ကတော့တကယ်လုပ်ဖြစ်မယ့်အရာတွေကိုဆွဲထုတ်မိဖို့ပါပဲ။ရိုးရှင်းလွယ်ကူတဲ့ဒီအချက်လေးကို အသုံးချကြည့်ပါ။ သင့်အတွက် အောင်မြင်မှုနဲ့အတူအလေ့အကျင့်ကောင်းတွေကိုစွဲမြဲလာစေမှာသေချာပါတယ်။

Ju Ju

zawgyi

မိတ္ေဆြတို႔လည္းႀကဳံဖူးၾကမွာပါ။ အလုပ္တစ္ခုၿပီးေျမာက္ေစဖို႔ခ်မွတ္လိုက္တဲ့ Plan ေတြဟာမ်ားေသာအားျဖင့္ ၿပီးေျမာက္ေအာင္ျမင္မႈမရွိဘဲ Fail ျဖစ္သြားတတ္ၾကပါတယ္။ရႈပ္ေထြးမ်ားျပားတဲ့ Plan ေတြဟာ ႐ိုးရွင္းတဲ့ Plan ေတြထက္ေအာင္ျမင္ႏိုင္ေျခနည္းပါးၿပီးစြဲစြဲၿမဲၿမဲလုပ္မိေစဖို႔ခက္ခဲတတ္ပါတယ္။ဟိုဟာပဲစလုပ္ရမလို ဒီဟာပဲစလုပ္ရမလိုနဲ႔ အခ်ိန္ကုန္သြားေစၿပီး လက္ေတြ႕မွာသိသိသာသာၿပီးေျမာက္ေအာင္ျမင္မႈမရွိတတ္ၾကပါဘူး။

တကယ္ေကာင္းမြန္တဲ့ Plan နဲ႔ Strategy ေတြဟာ ႐ိုးရွင္းပါတယ္။ဒါေၾကာင့္ ေက်ာင္းသားေတြအတြက္ပဲျဖစ္ျဖစ္၊ အလုပ္လုပ္ေနတဲ့သူေတြအတြက္ပဲျဖစ္ျဖစ္ဘယ္အ႐ြယ္အတြက္မဆိုအဆင္ေျပေစတဲ့ ႐ိုးရွင္းတဲ့အခ်က္ေလးတစ္ခုကိုမွ်ေဝေပးခ်င္ပါတယ္။အဲဒါကေတာ့ ကိုယ္မွန္းထားတဲ့ရည္မွန္းခ်က္အတြက္ တကယ္လုပ္ျဖစ္မယ့္အရာ ၃ ခုကိုေ႐ြးထုတ္ဖို႔ပဲျဖစ္ပါတယ္။ကိုယ္က ကိုရီးယားမွာအလုပ္သြားလုပ္မွာမို႔ ဘာသာစကားကိုအျမန္ေလ့လာေနရတယ္ဆိုရင္စာေတြပဲထိုင္က်က္ရမလား၊ အေရးပဲေလ့က်င့္ရမလား၊ ကိုရီယားကားပဲထိုင္ၾကည့္ၿပီးေလ့လာရမလား၊App ကေနပဲေလ့လာရမလား၊ Youtube ကေနပဲေလ့လာရမလား စတဲ့မ်ားျပားလွတဲ့အရာေတြကကိုယ့္ကိုရႈပ္ေထြးေစပါတယ္။ဒီေနရာမွာကိုယ္လုပ္ႏိုင္မယ့္အရာ ၃ ခုကိုပဲေ႐ြးထုတ္လုပ္ေဆာင္ၾကည့္ပါ။ မနက္ပိုင္းမွာစာအေရးေလ့က်င့္မယ္၊ ေန႔လယ္မွာ သင္တန္းကစာေတြက်က္မယ္၊ ညဘက္မွာ႐ုပ္ရွင္တစ္ကားၾကည့္ၿပီးေလ့လာမယ္ စသျဖင့္လုပ္ေဆာင္မယ္ဆိုရင္တကယ္လည္းစာလုပ္ျဖစ္သြားပါတယ္။

ကိုယ္က Productive ျဖစ္ခ်င္တယ္ဆိုရင္ တစ္ေန႔တာလုပ္ရမယ့္အလုပ္စာရင္း၊တစ္ပတ္စာအလုပ္စာရင္းနဲ႔ အခ်ိန္ဇယားအတြက္ Calendar တစ္ခု စတဲ့အရာ ၃ ခုကိုပဲအဓိကလိုအပ္တာျဖစ္ပါတယ္။ေလ့က်င့္ခန္းဆက္တိုက္လုပ္ျဖစ္ေစဖို႔ Gym မွာလုပ္မယ့္ Routine ႏွစ္ခုနဲ႔စက္ဘီးထြက္နင္းမယ့္ရက္တစ္ရက္ ကိုပဲစဥ္းစားလုပ္ေဆာင္ႏိုင္ပါတယ္။Diet အတြက္ဆိုရင္လည္း ကိုယ္အၿမဲစားျဖစ္မယ့္ Meal plan ၃ ခု ဒါမွမဟုတ္ Detox ၃ မ်ိဳးစတာေတြကိုအဓိကရွာေဖြလုပ္ေဆာင္သင့္ပါတယ္။ဒီလိုေ႐ြးထုတ္လုပ္ေဆာင္ရင္းနဲ႔ လအနည္းငယ္ၾကာတဲ့အခ်ိန္မွာ ေအာင္ျမင္မႈရသြားၿပီဆိုရင္တျခားေသာအရာေတြကိုေျပာင္းလဲလုပ္ေဆာင္ႏိုင္ပါတယ္။ကိုယ္လုပ္ရမယ့္အလုပ္အနည္းအမ်ားေပၚမူတည္ၿပီး တကယ္ေ႐ြးထုတ္ရမယ့္အရာေတြက ၄ ခု သို႔မဟုတ္ ၅ ခုလည္းျဖစ္ႏိုင္ပါတယ္။ အေရးႀကီးတဲ့အခ်က္ကေတာ့တကယ္လုပ္ျဖစ္မယ့္အရာေတြကိုဆြဲထုတ္မိဖို႔ပါပဲ။႐ိုးရွင္းလြယ္ကူတဲ့ဒီအခ်က္ေလးကို အသုံးခ်ၾကည့္ပါ။ သင့္အတြက္ ေအာင္ျမင္မႈနဲ႔အတူအေလ့အက်င့္ေကာင္းေတြကိုစြဲၿမဲလာေစမွာေသခ်ာပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*