ကောလာဟလတွေကိုဘာမှမတုံ့ပြန်ဘဲ ရေမွှေးအသစ်မိတ်ဆက်လိုက်ပြန်တဲ့ Ariana Grande

Wicked Part 1 ဇာတ်ကားရဲ့တွဲဖက်သရုပ်ဆောင် Ethan Slater နဲ့ Date နေပါတယ်ဆိုတဲ့သတင်းတွေထွက်လာပြီးတဲ့နောက် Ariana ဟာ ဘာမှဖြေရှင်းချက်မပေးဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။ဒီလိုအကြာကြီးတိတ်ဆိတ်နေခဲ့ရာကနေ လတ်တလောမှာတော့သူမရဲ့ထုတ်ကုန်အသစ်ကို မိတ်ဆက်ရင်းလူမှုကွန်ရက်မှာပြန်ပေါ်လာခဲ့ပါပြီ။သူမရဲ့ရေမွှေးအသစ် Cloud Pink အတွက် ဓာတ်ပုံရိုက်ကူးဖို့ပြင်ဆင်ခြယ်သနေပုံတွေ၊သူငယ်ချင်းတွေနဲ့အတူရှိနေပုံတွေကို အင်စတာဂရမ် Story မှာမျှဝေထားခဲ့တာဖြစ်ပါတယ်။

၂၀၁၃ ခုနစ်မှာထွက်ရှိခဲ့တဲ့သူမရဲ့ပထမဆုံးတေးအယ်လ်ဘမ် Yours Truly ရဲ့၁၀နှစ်ပြည့်အထိမ်းအမှတ်အဖြစ်လည်းအမှတ်တရ Post တစ်ခုကိုသူမအင်စတာဂရမ်အကောင့်မှာတင်ထားခဲ့ပါသေးတယ်။အသစ်ထွက်ရှိလာတော့မယ့် Cloud Pink ရေမွှေးကြော်ငြာလေးကိုတော့သူမရဲ့အင်စတာဂရမ်အကောင့်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။Ariana နဲ့ Ethan Slater တို့အတူတွဲဖက်သရုပ်ဆောင်ထားတဲ့ Wicked Part 1 ရုပ်ရှင်ကတော့ ၂၀၂၄ ခုနစ်၊ နိုဝင်ဘာလမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Wicked Part 1 ဇာတ္ကားရဲ႕တြဲဖက္သ႐ုပ္ေဆာင္ Ethan Slater နဲ႔ Date ေနပါတယ္ဆိုတဲ့သတင္းေတြထြက္လာၿပီးတဲ့ေနာက္ Ariana ဟာ ဘာမွေျဖရွင္းခ်က္မေပးဘဲ တိတ္ဆိတ္ေနခဲ့ပါတယ္။ဒီလိုအၾကာႀကီးတိတ္ဆိတ္ေနခဲ့ရာကေန လတ္တေလာမွာေတာ့သူမရဲ႕ထုတ္ကုန္အသစ္ကို မိတ္ဆက္ရင္းလူမႈကြန္ရက္မွာျပန္ေပၚလာခဲ့ပါၿပီ။သူမရဲ႕ေရေမႊးအသစ္ Cloud Pink အတြက္ ဓာတ္ပုံ႐ိုက္ကူးဖို႔ျပင္ဆင္ျခယ္သေနပုံေတြ၊သူငယ္ခ်င္းေတြနဲ႔အတူရွိေနပုံေတြကို အင္စတာဂရမ္ Story မွာမွ်ေဝထားခဲ့တာျဖစ္ပါတယ္။

၂၀၁၃ ခုနစ္မွာထြက္ရွိခဲ့တဲ့သူမရဲ႕ပထမဆုံးေတးအယ္လ္ဘမ္ Yours Truly ရဲ႕၁၀ႏွစ္ျပည့္အထိမ္းအမွတ္အျဖစ္လည္းအမွတ္တရ Post တစ္ခုကိုသူမအင္စတာဂရမ္အေကာင့္မွာတင္ထားခဲ့ပါေသးတယ္။အသစ္ထြက္ရွိလာေတာ့မယ့္ Cloud Pink ေရေမႊးေၾကာ္ျငာေလးကိုေတာ့သူမရဲ႕အင္စတာဂရမ္အေကာင့္မွာဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။Ariana နဲ႔ Ethan Slater တို႔အတူတြဲဖက္သ႐ုပ္ေဆာင္ထားတဲ့ Wicked Part 1 ႐ုပ္ရွင္ကေတာ့ ၂၀၂၄ ခုနစ္၊ ႏိုဝင္ဘာလမွာ ႐ုံတင္ျပသမွာျဖစ္ပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*