Gal Gadot ကိုဘာဘီဖြစ်စေချင်ခဲ့တဲ့ Margot Robbie

ဘာဘီရုပ်ရှင်ကားရဲ့ အဓိကဇာတ်ဆောင်လည်းဖြစ် ထုတ်လုပ်သူလည်းဖြစ်တဲ့ Margot Robbie ကဘာဘီနေရာမှာ Gal Gadot ကိုသရုပ်ဆောင်စေချင်ခဲ့တာလို့သိရပါတယ်။ဒီလို Margot Robbie ရဲ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး Gal Gadot က“ကျွန်မအခင်ချင်ဆုံးအမျိုးသမီးကိုပြောပါဆိုရင်လည်း Margot ကိုရွေးချယ်မိမှာပါ။ Margotနဲ့ဆိုဘာပဲဖြစ်ဖြစ်တွဲလုပ်ချင်ပါတယ်။ သူကျွန်မအပေါ်ချစ်ခင်တယ်ဆိုတာသိရတော့တကယ့်ကိုရင်ထဲနွေးထွေးသွားပါတယ်” လို့ Flaunt မဂ္ဂဇင်းကိုဖြေကြားခဲ့တာဖြစ်ပါတယ်။

Margot Robbie ကလည်း “Gal Gadot ကအရမ်းလှတယ်။ ဒါပေမယ့်သူ့အလှကရိုးသားမှုအပြည့်နဲ့မို့မုန်းစရာမကောင်းဘူး။ သူကသွက်လက်ထက်မြက်တယ်၊ ကြင်နာတတ်တယ်။သူကတကယ့်ကိုဘာဘီရဲ့အရည်အသွေးအပြည့်နဲ့ပါ” လို့ Vogue ကိုဖြေကြားခဲ့ဖူးတာဖြစ်ပါတယ်။နှစ်ဖက်လုံးရဲ့အချိန်အဆင်မပြေမှုတွေကြောင့် Gal Gadotအနေနဲ့ဘာဘီရုပ်ရှင်ကားမှာမပါဝင်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*