ဇာတ်လမ်းတွဲအသစ်မှာပါဝင်လာတော့မယ့် ချန်ဂင်

နန်းတွင်းရတနာဇာတ်ကားနဲ့ ချန်ဂင်လို့လူသိများကျော်ကြားခဲ့တဲ့ Lee Young Aee ကဇာတ်လမ်းတွဲအသစ်ရိုက်ကူးတော့မယ်လို့သိရပါတယ်။Eun Su Good Day လို့နာမည်ပေးထားတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ်ဇာတ်ကားအမျိုးအစားအတွက်အဓိကဇာတ်ဆောင်နေရာမှာ Lee Young Aee ပါဝင်မယ်လို့ JTBC ကတရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။သူမရဲ့ အေဂျင်စီကလည်းဒီသတင်းကိုမှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ သူမက လမ်းပေါ်ကကောက်ရတဲ့ဆေးတစ်မျိုးကြောင့်နာမကျန်းဖြစ်သွားတဲ့ခင်ပွန်းကိုပြုစုစောင့်ရှောက်နေရတဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ယောက်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။လက်ရှိမှာလည်း ချန်ဂင်ဟာ ဒီဇင်ဘာလမှာထုတ်လွှင့်မယ့် Maestra ဆိုတဲ့ဇာတ်လမ်းတွဲအတွက်ရိုက်ကူးမှုများပြုလုပ်နေဆဲဖြစ်ပါတယ်။ Maestra ဇာတ်လမ်းတွဲကိုတော့ tvN ကရိုက်ကူးထုတ်လွှင့်မှာဖြစ်ပြီး ပြင်သစ်ဇာတ်လမ်းတွဲဖြစ်တဲ့ Philharmonia ကိုမှီငြမ်းရိုက်ကူးထားတာဖြစ်တယ်လို့သိရပါတယ်။

Ju Ju

zawgyi

နန္းတြင္းရတနာဇာတ္ကားနဲ႔ ခ်န္ဂင္လို႔လူသိမ်ားေက်ာ္ၾကားခဲ့တဲ့ Lee Young Aee ကဇာတ္လမ္းတြဲအသစ္႐ိုက္ကူးေတာ့မယ္လို႔သိရပါတယ္။Eun Su Good Day လို႔နာမည္ေပးထားတဲ့ ထိတ္လန႔္တုန္လႈပ္ဖြယ္ဇာတ္ကားအမ်ိဳးအစားအတြက္အဓိကဇာတ္ေဆာင္ေနရာမွာ Lee Young Aee ပါဝင္မယ္လို႔ JTBC ကတရားဝင္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။သူမရဲ႕ ေအဂ်င္စီကလည္းဒီသတင္းကိုမွန္ကန္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။

ဒီဇာတ္လမ္းတြဲမွာ သူမက လမ္းေပၚကေကာက္ရတဲ့ေဆးတစ္မ်ိဳးေၾကာင့္နာမက်န္းျဖစ္သြားတဲ့ခင္ပြန္းကိုျပဳစုေစာင့္ေရွာက္ေနရတဲ့ အသက္ ၄၀ အ႐ြယ္အမ်ိဳးသမီးတစ္ေယာက္အျဖစ္ သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။လက္ရွိမွာလည္း ခ်န္ဂင္ဟာ ဒီဇင္ဘာလမွာထုတ္လႊင့္မယ့္ Maestra ဆိုတဲ့ဇာတ္လမ္းတြဲအတြက္႐ိုက္ကူးမႈမ်ားျပဳလုပ္ေနဆဲျဖစ္ပါတယ္။ Maestra ဇာတ္လမ္းတြဲကိုေတာ့ tvN က႐ိုက္ကူးထုတ္လႊင့္မွာျဖစ္ၿပီး ျပင္သစ္ဇာတ္လမ္းတြဲျဖစ္တဲ့ Philharmonia ကိုမွီျငမ္း႐ိုက္ကူးထားတာျဖစ္တယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*