Psychological Safety ဆိုတာဘာလဲ၊ဘာ့ကြောင့်လုပ်ငန်းခွင်အတွက်အရေးကြီးတာလဲ

Psychological Safety ဆိုတာကတော့ လုပ်ငန်းခွင်အတွင်းမှာ ဝန်ထမ်းအားလုံးဟာ သူတို့ရဲ့ဖြစ်တည်မှု၊သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို ကြောက်ရွံ့မှုမရှိ၊ စိုးရိမ်မှုမရှိဘဲ ဖော်ပြနိုင်ခြင်းပဲဖြစ်ပါတယ်။Psychological Safety ရှိတဲ့လုပ်ငန်းခွင်ဟာ ဝန်ထမ်းအချင်းချင်းပွင့်လင်းချစ်ခင်မှုနဲ့တစ်ဦးအပေါ်တစ်ဦးလေးစားမှုရှိကြပြီး သူတို့ရဲ့အိုင်ဒီယာနဲ့ Personality ကိုလွတ်လပ်စွာထုတ်ဖော်နိုင်မှာဖြစ်ပါတယ်။
Psychological Safety အတွက် ဝန်ထမ်းတွေဟာ ဒီအဆင့်တွေကိုဖြတ်ကျော်ရမှာဖြစ်ပါတယ်။Inclusion Safety – Inclusion Safety ဆိုတာကတော့ အဖွဲ့ထဲမှာအသားတကျရှိလာြခင်းဖြစ်ပါတယ်။ဝန်ထမ်းအနေနဲ့ ကိုယ့်အကြောင်းကိုဖော်ပြဖို့သက်သောင့်သက်သာဖြစ်နေရမယ့်အပြင် သူ့ကိုTeamတစ်ခုလုံးက တန်ဖိုးထားလက်ခံဖို့လိုပါတယ်။Learner Safety – ဒီအဆင့်မှာတော့ ဝန်ထမ်းဟာတခြားသောလုပ်ဖော်ကိုင်ဖက်တွေဆီကနေ သင်ယူခွင့်နဲ့လေ့လာနိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။ မေးခွန်းမေးရဲတာ၊ သူများတွေကို Feedback ပေးတတ်လာတာ၊အမှားလုပ်မိမှာမကြောက်ဘဲလုပ်ကိုင်ရဲလာတာတွေအပြင်တခြားသောအဖွဲ့သားတွေရဲ့မှတ်ချက်တွေကိုလည်း လက်ခံနိုင်စွမ်းရှိလာမှာဖြစ်ပါတယ်။

Contributor Safety – သူတို့ရဲ့တတ်သိနားလည်မှုတွေကို အခြေခံပြီး အဖွဲ့အတွင်းအများကြီးမျှဝေလာနိုင်ပြီဖြစ်ပါတယ်။ အလုပ်ခွင်အတွက်သူ့ရဲ့မျှော်မှန်းချက်တွေကိုပြောဆိုလာနိုင်ပြီးတန်ဖိုးရှိတဲ့ရလဒ်တွေကိုလည်းပေးစွမ်းလာနိုင်ပါတယ်။Challenger Safety – ဒီအဆင့်မှာတော့ ဝန်ထမ်းတစ်ဦးချင်းစီဟာကုမ္ပဏီရဲ့စံနှုန်းနဲ့လက်ရှိအနေအထားတွေကို မေးခွန်းထုတ်လာနိုင်ပြီဖြစ်ပါတယ်။ သူတို့ရဲ့တက်ကြွတဲ့စိတ်၊ ဆန္ဒပြင်းပြမှုစတာတွေက ကုမ္ပဏီအတွက်၊ အဖွဲ့အစည်းတစ်ခုလုံးအတွက်ကောင်းစေပါတယ်။အလုပ်ရှင်ကိုမေးခွန်းထုတ်ရဲလာတာ ၊ ကောင်းစေချင်တဲ့စိတ်နဲ့ဝေဖန်ပြောဆိုမိတဲ့အတွက်အလုပ်ရှင်မငြိုငြင်ဘူးဆိုတာကို ယုံကြည်လာတဲ့အဆင့်ဖြစ်ပါတယ်။ဒီလို Psychological Safety ရှိတယ်ဆိုရင် လုပ်ငန်းခွင်အတွင်းမှာတစ်ဦိးနဲ့တစ်ဦိးစိတ်ဖိစီးမှုမရှိဆက်သွယ်နိုင်ကြပါတယ်။ ပြဿနာတစ်ခုခုပေါ်လာချိန်တိုင်းချက်ချင်းAction ယူလုပ်ဆောင်လာကြပါတယ်။ တစ်ဦးနဲ့တစ်ဦိး လွှဲချနေတာမျိုးတွေလည်းမရှိကြတော့ပါဘူး။အသစ်စတင်မယ့် Projectတိုင်းကို သွက်လက်တက်ကြွစွာပါဝင်လာကြတယ်။ဖန်တီးမှုအားကောင်းလာပြီးဝန်ထမ်းတိုင်းဟာအလုပ်မှာပျော်ရွှင်ကြတယ်ဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ပါတယ်။

ကိုယ်က HR ဒါမှမဟုတ် Manager ဒါမှမဟုတ် Supervisor ဆိုရင် လုပ်ငန်းခွင်ကို Psychological Safety ရအောင်ဖန်တီးပေးဖို့ကအရေးကြီးလှပါတယ်။ဒီ့အတွက် ကိုယ်ကရှေ့ကနေ စံပြအနေနဲ့ပြောဆိုနေထိုင်ပြပါ။ ဝန်ထမ်းတစ်ယောက်ချင်းစီကိုတန်ဖိုးထားကြောင်းပြသပါ။ သူတို့နဲ့များများစကားပြောပါ။ သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့အားသာချက်တွေကိုထုတ်ဖော်ချီးကျူးပေးပါ။Team Meeting တွေမှာ ဝန်ထမ်းတွေရဲ့ထင်မြင်ချက်တွေကိုထုတ်ဖော်မေးမြန်းပါ။ပြောဆိုဆွေးနွေးရဲလာအောင်လုပ်ပေးပါ။ အများကြားမှာတစ်ဦးချင်းရဲ့ အားသာချက်တွေကိုထုတ်ဖော်ပြောဆိုပေးနိုင်ပါတယ်။သူတို့ရဲ့ ထင်မြင်ချက်နဲ့ Feedback တွေကိုလှောင်ပြောင်တာတန်ဖိုးမဲ့သလိုပြောဆိုမိတာမျိုးလုံးဝမလုပ်သင့်ပါဘူး။အားလုံးရဲ့အမြင်ကိုလေးစားပေးဖို့လိုအပ်ပါတယ်။အလုပ်မှာတစ်စုံတစ်ရာပြဿနာဖြစ်လာခဲ့ရင်လည်း တစ်ဦိးတည်းကိုအပြစ်မတင်ဘဲအဖွဲ့တစ်ခုလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ခံစားချက်ကိုပေးဖို့လိုပါတယ်။

ဒီလိုအချက်တွေနဲ့သာလုပ်ဆောင်မယ်ဆိုရင် ဝန်ထမ်းအားလုံးကတက်ကြွပျော်ရွှင်ပြီးအလုပ်တွေလည်းပြီးမြောက်အောင်မြင်ပါတယ်။ ဝန်ထမ်းအတွက်လည်းသူ့ဘဝတစ်လျှောက်လုံးလွမ်းနေရမယ့်အကောင်းဆုံးအဖွဲ့အစည်းတစ်ခုအဖြစ်စွဲထင်သွားစေမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

Psychological Safety ဆိုတာကေတာ့ လုပ္ငန္းခြင္အတြင္းမွာ ဝန္ထမ္းအားလုံးဟာ သူတို႔ရဲ႕ျဖစ္တည္မႈ၊သူတို႔ရဲ႕ထင္ျမင္ယူဆခ်က္ေတြကို ေၾကာက္႐ြံ႕မႈမရွိ၊ စိုးရိမ္မႈမရွိဘဲ ေဖာ္ျပႏိုင္ျခင္းပဲျဖစ္ပါတယ္။Psychological Safety ရွိတဲ့လုပ္ငန္းခြင္ဟာ ဝန္ထမ္းအခ်င္းခ်င္းပြင့္လင္းခ်စ္ခင္မႈနဲ႔တစ္ဦးအေပၚတစ္ဦးေလးစားမႈရွိၾကၿပီး သူတို႔ရဲ႕အိုင္ဒီယာနဲ႔ Personality ကိုလြတ္လပ္စြာထုတ္ေဖာ္ႏိုင္မွာျဖစ္ပါတယ္။
Psychological Safety အတြက္ ဝန္ထမ္းေတြဟာ ဒီအဆင့္ေတြကိုျဖတ္ေက်ာ္ရမွာျဖစ္ပါတယ္။Inclusion Safety – Inclusion Safety ဆိုတာကေတာ့ အဖြဲ႕ထဲမွာအသားတက်ရွိလာျခင္းျဖစ္ပါတယ္။ဝန္ထမ္းအေနနဲ႔ ကိုယ့္အေၾကာင္းကိုေဖာ္ျပဖို႔သက္ေသာင့္သက္သာျဖစ္ေနရမယ့္အျပင္ သူ႔ကိုTeamတစ္ခုလုံးက တန္ဖိုးထားလက္ခံဖို႔လိုပါတယ္။Learner Safety – ဒီအဆင့္မွာေတာ့ ဝန္ထမ္းဟာတျခားေသာလုပ္ေဖာ္ကိုင္ဖက္ေတြဆီကေန သင္ယူခြင့္နဲ႔ေလ့လာႏိုင္စြမ္းရွိလာမွာျဖစ္ပါတယ္။ ေမးခြန္းေမးရဲတာ၊ သူမ်ားေတြကို Feedback ေပးတတ္လာတာ၊အမွားလုပ္မိမွာမေၾကာက္ဘဲလုပ္ကိုင္ရဲလာတာေတြအျပင္တျခားေသာအဖြဲ႕သားေတြရဲ႕မွတ္ခ်က္ေတြကိုလည္း လက္ခံႏိုင္စြမ္းရွိလာမွာျဖစ္ပါတယ္။

Contributor Safety – သူတို႔ရဲ႕တတ္သိနားလည္မႈေတြကို အေျခခံၿပီး အဖြဲ႕အတြင္းအမ်ားႀကီးမွ်ေဝလာႏိုင္ၿပီျဖစ္ပါတယ္။ အလုပ္ခြင္အတြက္သူ႔ရဲ႕ေမွ်ာ္မွန္းခ်က္ေတြကိုေျပာဆိုလာႏိုင္ၿပီးတန္ဖိုးရွိတဲ့ရလဒ္ေတြကိုလည္းေပးစြမ္းလာႏိုင္ပါတယ္။Challenger Safety – ဒီအဆင့္မွာေတာ့ ဝန္ထမ္းတစ္ဦးခ်င္းစီဟာကုမၸဏီရဲ႕စံႏႈန္းနဲ႔လက္ရွိအေနအထားေတြကို ေမးခြန္းထုတ္လာႏိုင္ၿပီျဖစ္ပါတယ္။ သူတို႔ရဲ႕တက္ႂကြတဲ့စိတ္၊ ဆႏၵျပင္းျပမႈစတာေတြက ကုမၸဏီအတြက္၊ အဖြဲ႕အစည္းတစ္ခုလုံးအတြက္ေကာင္းေစပါတယ္။အလုပ္ရွင္ကိုေမးခြန္းထုတ္ရဲလာတာ ၊ ေကာင္းေစခ်င္တဲ့စိတ္နဲ႔ေဝဖန္ေျပာဆိုမိတဲ့အတြက္အလုပ္ရွင္မၿငိဳျငင္ဘူးဆိုတာကို ယုံၾကည္လာတဲ့အဆင့္ျဖစ္ပါတယ္။ဒီလို Psychological Safety ရွိတယ္ဆိုရင္ လုပ္ငန္းခြင္အတြင္းမွာတစ္ဦိးနဲ႔တစ္ဦိးစိတ္ဖိစီးမႈမရွိဆက္သြယ္ႏိုင္ၾကပါတယ္။ ျပႆနာတစ္ခုခုေပၚလာခ်ိန္တိုင္းခ်က္ခ်င္းAction ယူလုပ္ေဆာင္လာၾကပါတယ္။ တစ္ဦးနဲ႔တစ္ဦိး လႊဲခ်ေနတာမ်ိဳးေတြလည္းမရွိၾကေတာ့ပါဘူး။အသစ္စတင္မယ့္ Projectတိုင္းကို သြက္လက္တက္ႂကြစြာပါဝင္လာၾကတယ္။ဖန္တီးမႈအားေကာင္းလာၿပီးဝန္ထမ္းတိုင္းဟာအလုပ္မွာေပ်ာ္႐ႊင္ၾကတယ္ဆိုတဲ့အက်ိဳးေက်းဇူးေတြကိုရရွိမွာျဖစ္ပါတယ္။

ကိုယ္က HR ဒါမွမဟုတ္ Manager ဒါမွမဟုတ္ Supervisor ဆိုရင္ လုပ္ငန္းခြင္ကို Psychological Safety ရေအာင္ဖန္တီးေပးဖို႔ကအေရးႀကီးလွပါတယ္။ဒီ့အတြက္ ကိုယ္ကေရွ႕ကေန စံျပအေနနဲ႔ေျပာဆိုေနထိုင္ျပပါ။ ဝန္ထမ္းတစ္ေယာက္ခ်င္းစီကိုတန္ဖိုးထားေၾကာင္းျပသပါ။ သူတို႔နဲ႔မ်ားမ်ားစကားေျပာပါ။ သူတို႔ရဲ႕ ကြၽမ္းက်င္မႈနဲ႔အားသာခ်က္ေတြကိုထုတ္ေဖာ္ခ်ီးက်ဴးေပးပါ။Team Meeting ေတြမွာ ဝန္ထမ္းေတြရဲ႕ထင္ျမင္ခ်က္ေတြကိုထုတ္ေဖာ္ေမးျမန္းပါ။ေျပာဆိုေဆြးေႏြးရဲလာေအာင္လုပ္ေပးပါ။ အမ်ားၾကားမွာတစ္ဦးခ်င္းရဲ႕ အားသာခ်က္ေတြကိုထုတ္ေဖာ္ေျပာဆိုေပးႏိုင္ပါတယ္။သူတို႔ရဲ႕ ထင္ျမင္ခ်က္နဲ႔ Feedback ေတြကိုေလွာင္ေျပာင္တာတန္ဖိုးမဲ့သလိုေျပာဆိုမိတာမ်ိဳးလုံးဝမလုပ္သင့္ပါဘူး။အားလုံးရဲ႕အျမင္ကိုေလးစားေပးဖို႔လိုအပ္ပါတယ္။အလုပ္မွာတစ္စုံတစ္ရာျပႆနာျဖစ္လာခဲ့ရင္လည္း တစ္ဦိးတည္းကိုအျပစ္မတင္ဘဲအဖြဲ႕တစ္ခုလုံးနဲ႔သက္ဆိုင္တယ္ဆိုတဲ့ခံစားခ်က္ကိုေပးဖို႔လိုပါတယ္။

ဒီလိုအခ်က္ေတြနဲ႔သာလုပ္ေဆာင္မယ္ဆိုရင္ ဝန္ထမ္းအားလုံးကတက္ႂကြေပ်ာ္႐ႊင္ၿပီးအလုပ္ေတြလည္းၿပီးေျမာက္ေအာင္ျမင္ပါတယ္။ ဝန္ထမ္းအတြက္လည္းသူ႔ဘဝတစ္ေလွ်ာက္လုံးလြမ္းေနရမယ့္အေကာင္းဆုံးအဖြဲ႕အစည္းတစ္ခုအျဖစ္စြဲထင္သြားေစမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*