Nick Jonas အတွက်အပြည့်အဝပံ့ပိုးပေးနေတဲ့ချိုပရာနဲ့သမီးလေး

Jonas Brother ရဲ့ World Tour အတွက်ပြင်ဆင်နေတဲ့ Nick Jonas ဆီကို ဇနီးဖြစ်သူပရီရန်ကာချိုပရာနဲ့၁၈ လသမီးလေး Malti တို့လာရောက်အားပေးကြတဲ့ပုံရိပ်တွေကပရိသတ်တွေအတွက်ကြည်နူးစရာဖြစ်နေခဲ့ပါတယ်။Nick က သူနဲ့ချိုပရာတို့ လက်ချင်းချိတ်ပြီးလျှောက်လာကြပုံတွေနဲ့ သမီးလေးကိုဖက်ထားပြီးသမီးလေးကဒရမ်တီးခတ်နေပုံကို အင်စတာဂရမ်မှာမျှဝေထားတာပဲဖြစ်ပါတယ်။

“အသံစစ်ဆေးမှုမှသည် စင်ပေါ်သို့ … ငါ့ရဲ့ချစ်သောအမျိုးသမီးလေးများနဲ့”ဆိုတဲ့စာသားနဲ့အတူမျှဝေထားခဲ့ပြီး ချိုပရာကလည်း အနက်နဲ့ငွေရောင် Crop top ပေါ်မှာလည်သာအနက်ရောင်ကုတ်အကျီနဲ့ဆွဲဆောင်မှုရှိရှိလှပနေပုံကိုတွေ့မြင်ရပါတယ်။ချိုပရာက “မင်းကိုပိုင်ဆိုင်ရတာငါအရမ်းကံကောင်းတာပဲ။ မင်းအတွက်ဂုဏ်ယူပါတယ်။တကယ့်ကိုအံ့မခန်းပါပဲ JB Team” ဆိုတဲ့စာသားတွေနဲ့ အားပေးခဲ့ပါသေးတယ်။Nick နဲ့ ချိုပရာတို့ဟာ ၂၀၁၈ ခုနစ် ဒီဇင်ဘာလကလက်ထပ်ခဲ့ကြပြီး သမီးဖြစ်သူ Malti Marie ChopraJonas ကို အငှားကိုယ်ဝန်နဲ့ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

Jonas Brother ရဲ႕ World Tour အတြက္ျပင္ဆင္ေနတဲ့ Nick Jonas ဆီကို ဇနီးျဖစ္သူပရီရန္ကာခ်ိဳပရာနဲ႔၁၈ လသမီးေလး Malti တို႔လာေရာက္အားေပးၾကတဲ့ပုံရိပ္ေတြကပရိသတ္ေတြအတြက္ၾကည္ႏူးစရာျဖစ္ေနခဲ့ပါတယ္။Nick က သူနဲ႔ခ်ိဳပရာတို႔ လက္ခ်င္းခ်ိတ္ၿပီးေလွ်ာက္လာၾကပုံေတြနဲ႔ သမီးေလးကိုဖက္ထားၿပီးသမီးေလးကဒရမ္တီးခတ္ေနပုံကို အင္စတာဂရမ္မွာမွ်ေဝထားတာပဲျဖစ္ပါတယ္။

“အသံစစ္ေဆးမႈမွသည္ စင္ေပၚသို႔ … ငါ့ရဲ႕ခ်စ္ေသာအမ်ိဳးသမီးေလးမ်ားနဲ႔”ဆိုတဲ့စာသားနဲ႔အတူမွ်ေဝထားခဲ့ၿပီး ခ်ိဳပရာကလည္း အနက္နဲ႔ေငြေရာင္ Crop top ေပၚမွာလည္သာအနက္ေရာင္ကုတ္အက်ီနဲ႔ဆြဲေဆာင္မႈရွိရွိလွပေနပုံကိုေတြ႕ျမင္ရပါတယ္။ခ်ိဳပရာက “မင္းကိုပိုင္ဆိုင္ရတာငါအရမ္းကံေကာင္းတာပဲ။ မင္းအတြက္ဂုဏ္ယူပါတယ္။တကယ့္ကိုအံ့မခန္းပါပဲ JB Team” ဆိုတဲ့စာသားေတြနဲ႔ အားေပးခဲ့ပါေသးတယ္။Nick နဲ႔ ခ်ိဳပရာတို႔ဟာ ၂၀၁၈ ခုနစ္ ဒီဇင္ဘာလကလက္ထပ္ခဲ့ၾကၿပီး သမီးျဖစ္သူ Malti Marie ChopraJonas ကို အငွားကိုယ္ဝန္နဲ႔ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*