K-Pop လောကထဲကနာမည်အရှည်ဆုံးကောင်မလေး

K-Pop လောကမှာ အနုပညာရှင်အဖြစ်စတင်လုပ်ဆောင်ပြီဆိုတာနဲ့ မူရင်းနာမည်ထက် Stage Nameသီးသန့်ပေးကြတာကသဘာဝဖြစ်ပါတယ်။ဒီအထဲမှာမှ ထပ်မံထွက်ပေါ်လာတော့မယ့်အမျိုးသမီးအဖွဲ့ QWER ဟာဆိုရင်အဖွဲ့ဝင်တွေရဲ့နာမည်ကြောင့် စိတ်ဝင်စားခြင်းခံနေရပါတယ်။QWER အဖွဲ့ထဲက ဂစ်တာနဲ့ကီးဘုတ်တီးခတ်မယ့်ကောင်မလေးရဲ့ Stage Nameကတော်တော်လေးရှည်လျားပါတယ်။ သူမရဲ့နာမည်က Nyangnyongnyeongnyang ဖြစ်ပြီး စာလုံး ၂၁လုံးပါဝင်နေတာပါတယ်။

QWER အနေနဲ့တရားဝင်ပွဲဦးထွက်လှုပ်ရှားမှုတွေမလုပ်သေးပေမယ့် YouTubeနဲ့တခြားသောလူမှုကွန်ရက်တွေမှာတော့ အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ကျွမ်းကျင်မှုတွေအကြောင်းနဲ့Teaser တချို့ကိုတင်ထားပြီးဖြစ်ပါတယ်။3Y Corporation အနေနဲ့ QWER အဖွဲ့ကို Projectအသစ်အနေနဲ့ပရိသတ်တွေဆီပို့ဆောင်သွားမှာဖြစ်ပါတယ်။ သူမတို့အဖွဲ့မှာအဖွဲ့ဝင်လေးဦးပါဝင်ပြီးMagenta ၊ Chodan ၊ Lee Siyeon နဲ့ Nyangnyongnyeongnyang တို့ဖြစ်ကြပါတယ်။

Ju Ju

zawgyi



Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*