အလုပ်တစ်ခုရဖို့ကြိုးစားနေချိန်၊ အလုပ်သစ်ရှာဖွေရတဲ့အချိန်တွေဆိုတာ စိန်ခေါ်မှုတစ်ခုပါ။ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်နေရင် တောင် သူတကယ်လိုချင်တဲ့ရာထူးနဲ့လစာကိုရနိုင်ဖို့အများကြီးစောင့်ဆိုင်းရ ရှာဖွေရပါတယ်။ကိုယ်ကအလုပ်လက်မဲ့ဖြစ်နေချိန်မှာ အလုပ်ရှာဖွေမှုကိုပဲအာရုံစိုက်ထားတယ်ဆိုတာကမှန်ကန်ပေမယ့်တစ်ဖက်မှာလည်းကိုယ့် Lifestyle အတွက်ကောင်းမွန်တဲ့အရာတွေအများကြီးကိုလုပ်ဆောင်နိုင်ပါသေးတယ်။ အလုပ်လက်မဲ့ဖြစ်နေလို့ဆိုပြီးလုံးလုံးကြီးစိတ်ဓာတ်ကျနေစရာမလိုဘဲ အလုပ်လည်းရှာ၊ကိုယ်ပိုင်အချိန်တွေကိုလည်းအကျိုးရှိအောင်သုံးဆိုတာမျိုးလုပ်သင့်ပါတယ်။လူတော်တော်များများလည်း ဒီလိုလုပ်ဆောင်ကြတာတွေ့ရပါတယ်။ကိုယ်စိတ်ပါတာလေးတွေလုပ်ဆောင်ရတဲ့အတွက် စိတ်လည်းပျော်ရွှင်ပြီးအလုပ်ရှာဖွေနေချိန်ကာလမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတာစိတ်ဓာတ်ကျတာတွေကိုလည်းလျော့ပါးစေပါတယ်။စိတ်ကူးကောင်းတွေကိုလည်းဖြစ်ပေါ်လာစေပါတယ်။ဒီလိုမျိုး အလုပ်မရှိလို့ကိုယ်ပိုင်အချိန်လေးရတုန်း ဘာတွေလုပ်သင့်လဲဆိုတာကို Career အကြံပေးပညာရှင်တွေက အခုလိုရွေးထုတ်ပြောပြထားပါတယ်။ ဝါသနာပါတာလေးတွေလုပ်ဖြစ်အောင်လုပ်ပါ နေ့စဥ်အလုပ်တက်စရာမလိုတဲ့အချိန်၊ အလုပ်ကိစ္စတွေစဥ်းစားစရာမလိုသေးချိန်မှာကိုယ်ဝါသနာပါတာလေးတွေလုပ်ကြည့်ဖို့လိုပါတယ်။ ကိုယ်စိတ်ဝင်စားပြီးမလုပ်ဖူးသေးတဲ့တချို့သောအရာလေးတွေကိုလည်း လုပ်ကြည့်နိုင်ပါတယ်။ ဥပမာ […]