အော်စကာဆု 7 ဆုသိမ်းပိုက်သွားနိုင်တဲ့ Oppenheimer

2024 ခုနစ်၊ အော်စကာဆုပေးပွဲအတွက် အားလုံးခန့်မှန်းထားကြတဲ့အတိုင်း Oppenheimer ကဆုတွေအများကြီးသိမ်းပိုက်သွားတာပဲဖြစ်ပါတယ်။ Category 13 ခုရဲ့ ဆန်ခါတင်စာရင်းမှာ Oppenheimer ပါဝင်ခဲ့ပြီး Winner ဆုကိုတော့ 7 ဆုပိုင်ဆိုင်နိုင်ခဲ့တာပါ။ Oppenheimer ဟာ Best Picture ဆု၊ Best Actor ဆု၊ Best Supporting Actor ဆု၊ Best Directing ဆု၊ Best Cinematography ဆု၊ Best Film Editing ဆု၊ Best Original Score ဆုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။ Best Directing ဆုကိုရရှိခဲ့တဲ့ ဒါရိုက်တာခရစ္စတိုဖာနိုလန်အတွက်တော့ဒီဆုဟာ ပထမဆုံးအော်စကာဆုဖြစ်ပြီး အနုပညာခရီးတစ်လျှောက်မှာသူ့ကိုအပြည့်အဝယုံကြည်ပေးခဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ သူကပြောသွားခဲ့ပါတယ်။

ဒီနှစ်ရဲ့ အော်စကာဆုပေးပွဲမှာနောက်ထပ်ဆုတွေသိမ်းပိုက်သွားတာက Poor Things ရုပ်ရှင်ပဲဖြစ်ပါတယ်။ Poor Things ဇာတ်ကားနဲ့
အမ်မာစတုန်းကအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိသွားခဲ့ပြီး ဒါဟာသူမအတွက်ဒုတိယမြောက်အော်စကာဆုရရှိခြင်းပဲဖြစ်ပါတယ်။ သူမဟာ La La Land နဲ့အော်စကာဆုရရှိခဲ့ပြီးပါပြီ။ Poor Things ဟာ Best Actress ဆုအပြင် Best Costume Design၊ Best Makeup and Hairstyling၊ Best Production Design စတဲ့ဆုတွေကိုရယူသွားနိုင်တာပဲဖြစ်ပါတယ်။ ဒီနှစ်အော်စကာအတွက်နောက် ထပ်နာမည်ကြီးခဲ့တဲ့ရုပ်ရှင် Killers of the flower moon ကတော့ ဆုတစ်ဆုမှမရရှိခဲ့ပါဘူး။

Ju Ju

zawgyi

2024 ခုနစ္၊ ေအာ္စကာဆုေပးပြဲအတြက္ အားလုံးခန႔္မွန္းထားၾကတဲ့အတိုင္း Oppenheimer ကဆုေတြအမ်ားႀကီးသိမ္းပိုက္သြားတာပဲျဖစ္ပါတယ္။ Category 13 ခုရဲ႕ ဆန္ခါတင္စာရင္းမွာ Oppenheimer ပါဝင္ခဲ့ၿပီး Winner ဆုကိုေတာ့ 7 ဆုပိုင္ဆိုင္ႏိုင္ခဲ့တာပါ။ Oppenheimer ဟာ Best Picture ဆု၊ Best Actor ဆု၊ Best Supporting Actor ဆု၊ Best Directing ဆု၊ Best Cinematography ဆု၊ Best Film Editing ဆု၊ Best Original Score ဆုေတြကိုရရွိခဲ့တာျဖစ္ပါတယ္။ Best Directing ဆုကိုရရွိခဲ့တဲ့ ဒါ႐ိုက္တာခရစၥတိုဖာႏိုလန္အတြက္ေတာ့ဒီဆုဟာ ပထမဆုံးေအာ္စကာဆုျဖစ္ၿပီး အႏုပညာခရီးတစ္ေလွ်ာက္မွာသူ႔ကိုအျပည့္အဝယုံၾကည္ေပးခဲ့သူေတြအားလုံးကို ေက်းဇူးတင္တယ္လို႔ သူကေျပာသြားခဲ့ပါတယ္။

ဒီႏွစ္ရဲ႕ ေအာ္စကာဆုေပးပြဲမွာေနာက္ထပ္ဆုေတြသိမ္းပိုက္သြားတာက Poor Things ႐ုပ္ရွင္ပဲျဖစ္ပါတယ္။ Poor Things ဇာတ္ကားနဲ႔
အမ္မာစတုန္းကအေကာင္းဆုံးအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုရရွိသြားခဲ့ၿပီး ဒါဟာသူမအတြက္ဒုတိယေျမာက္ေအာ္စကာဆုရရွိျခင္းပဲျဖစ္ပါတယ္။ သူမဟာ La La Land နဲ႔ေအာ္စကာဆုရရွိခဲ့ၿပီးပါၿပီ။ Poor Things ဟာ Best Actress ဆုအျပင္ Best Costume Design၊ Best Makeup and Hairstyling၊ Best Production Design စတဲ့ဆုေတြကိုရယူသြားႏိုင္တာပဲျဖစ္ပါတယ္။ ဒီႏွစ္ေအာ္စကာအတြက္ေနာက္ ထပ္နာမည္ႀကီးခဲ့တဲ့႐ုပ္ရွင္ Killers of the flower moon ကေတာ့ ဆုတစ္ဆုမွမရရွိခဲ့ပါဘူး။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*