အော်စကာဆုပေးပွဲမှာ Ariana Grande နဲ့ Ryan Gosling ဖျော်ဖြေမယ်

မတ်လ ၁၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ Ariana Grande ၊ Ryan Gosling နဲ့ Melissa Carthy တို့ဟာ အော်စကာဆုပေးပွဲမှာဖျော်ဖြေကြမယ်လို့ သိရပါတယ်။ Grande ဟာ အရင်ကတင်ဆက်သူတွေဖြစ်တဲ့ Bad Bunny ၊ Zendaya တို့နဲ့ပူးပေါင်းပြီးပျော်စရာကောင်းအောင် ဂီတနဲ့ပေါင်းစပ်တင်ဆက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ဒီနှစ်အတွက် နောက်ထပ် Presenter အသစ်တွေကတော့ Emily Blunt ၊ Cynthia Erivo ၊ America Ferrera ၊ Sally Field ၊ Ben Kingsley ၊ Issa Rae ၊ Tim Robbins ၊ Steven Spielberg ၊ Mary Steenburgen ၊ Anya Taylor-Joy ၊ Charlize Theron ၊ Christoph Waltz နဲ့ Forest Whitaker တို့ဖြစ်ကြပါတယ်။

Ryan Gosling ဟာ I’m Just Ken သီချင်းနဲ့ဖျော်ဖြေမှာဖြစ်ပြီး Ryan ဟာအကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုအတွက် ဆန်ခါတင်စာ ရင်းမှာပါနေပါတယ်။ ၉၆ ကြိမ်မြောက်အော်စကာဆုပေးပွဲကို ABC လိုင်းကနေတိုက်ရိုက်ပြသမှာဖြစ်ပြီး အမေရိကန်စံတော်ချိန်မတ်လ ၁၀ ရက်နေ့ ည ၇ နာရီမှာစတင်ကျင်းပမှာဖြစ်ပါတယ်။ဒီပွဲကိုခါတိုင်းကျင်းပနေကျ Ovation Hollywood – Dolby Theatre မှာပဲကျင်းပမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*