Zombie ဇာတ်လမ်းကြိုက်သူတွေကြည့်သင့်တဲ့ Parasite:The Grey

Netflix ရဲ့ ဇာတ်လမ်းတွဲသစ်ဖြစ်တဲ့ Parasite:The Grey Season 1 ကိုဧပြီလအတွင်းမှာကြည့်ရှုရတော့မှာပါ။ဒီဇာတ်လမ်းတွဲဟာ အာ ကာသထဲကနေရောက်ရှိလာတဲ့ကပ်ပါးကောင်တွေက လူတွေရဲ့ဦးနှောက်ထဲကိုဖောက်ထွင်းဝင်ရောက်ပြီး ထူးဆန်းသတ္တဝါတွေအဖြစ်ပြောင်းလဲကာ လူသားတွေကိုချိန်းခြောက်မယ့် Horror ၊ Thriller ဇာတ်လမ်းဖြစ်ပါတယ်။ သူတို့လူ့ဦးနှောက်ထဲကိုရောက်သွားတာနဲ့
ခန္ဓာကိုယ်ကလူအဖြစ်ပဲရှိနေပြီး လူတွေလိုပဲပြုမူလှုပ်ရှားရာကနေ ထူးဆန်းတဲ့သတ္တဝါကြီးအဖြစ်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ဒီဇာတ် လမ်းတွဲဟာ Parasite ဆိုတဲ့ ဂျပန်ကာတွန်းကိုပုံဖော်ရိုက်ကူးတာဖြစ်ပြီး anime ၊ live-actionအနေနဲ့လည်းအောင်မြင်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်။

သရုပ်ဆောင်များအဖြစ် Jeon Sonee ၊ KooKyoHwan တို့အဓိကပါဝင်ပြီး ဧပြီလ ၅ ရက်နေ့စတင်ပြသသွားမှာဖြစ်ပါတယ်။ KooKyoHwan ရဲ့ ကာရိုက်တာကတော့လူအုပ်ကြားထဲမှာပျောက်ဆုံးသွားတဲ့ ညီမလေးကိုရှာဖွေနေရတဲ့ ကာရိုက်တာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲကို Train to Busan ၊ Hellbound တို့ကိုရိုက်ကူးတဲ့ ဒါရိုက်တာ Yeon Sang Ho ကရိုက်ကူးထားတာဖြစ်ပြီး Episode ၆ ခုပါဝင်မှာဖြစ်ပါတယ်။ Parasite: The Grey ရဲ့ ကြော်ငြာဗီဒီယိုကို YouTube မှာ ကြည့်ရှုလို့ရနေပါပြီ။

Ju Ju

zawgyi

Netflix ရဲ႕ ဇာတ္လမ္းတြဲသစ္ျဖစ္တဲ့ Parasite:The Grey Season 1 ကိုဧၿပီလအတြင္းမွာၾကည့္ရႈရေတာ့မွာပါ။ဒီဇာတ္လမ္းတြဲဟာ အာ ကာသထဲကေနေရာက္ရွိလာတဲ့ကပ္ပါးေကာင္ေတြက လူေတြရဲ႕ဦးေႏွာက္ထဲကိုေဖာက္ထြင္းဝင္ေရာက္ၿပီး ထူးဆန္းသတၱဝါေတြအျဖစ္ေျပာင္းလဲကာ လူသားေတြကိုခ်ိန္းေျခာက္မယ့္ Horror ၊ Thriller ဇာတ္လမ္းျဖစ္ပါတယ္။ သူတို႔လူ႔ဦးေႏွာက္ထဲကိုေရာက္သြားတာနဲ႔
ခႏၶာကိုယ္ကလူအျဖစ္ပဲရွိေနၿပီး လူေတြလိုပဲျပဳမူလႈပ္ရွားရာကေန ထူးဆန္းတဲ့သတၱဝါႀကီးအျဖစ္ထြက္ေပၚလာမွာျဖစ္ပါတယ္။ဒီဇာတ္ လမ္းတြဲဟာ Parasite ဆိုတဲ့ ဂ်ပန္ကာတြန္းကိုပုံေဖာ္႐ိုက္ကူးတာျဖစ္ၿပီး anime ၊ live-actionအေနနဲ႔လည္းေအာင္ျမင္ခဲ့တဲ့ဇာတ္လမ္းျဖစ္ပါတယ္။

သ႐ုပ္ေဆာင္မ်ားအျဖစ္ Jeon Sonee ၊ KooKyoHwan တို႔အဓိကပါဝင္ၿပီး ဧၿပီလ ၅ ရက္ေန႔စတင္ျပသသြားမွာျဖစ္ပါတယ္။ KooKyoHwan ရဲ႕ ကာ႐ိုက္တာကေတာ့လူအုပ္ၾကားထဲမွာေပ်ာက္ဆုံးသြားတဲ့ ညီမေလးကိုရွာေဖြေနရတဲ့ ကာ႐ိုက္တာျဖစ္ပါတယ္။ဒီဇာတ္လမ္းတြဲကို Train to Busan ၊ Hellbound တို႔ကို႐ိုက္ကူးတဲ့ ဒါ႐ိုက္တာ Yeon Sang Ho က႐ိုက္ကူးထားတာျဖစ္ၿပီး Episode ၆ ခုပါဝင္မွာျဖစ္ပါတယ္။ Parasite: The Grey ရဲ႕ ေၾကာ္ျငာဗီဒီယိုကို YouTube မွာ ၾကည့္ရႈလို႔ရေနပါၿပီ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*