G-Dragon ရဲ့အေဂျင်စီက အချစ်ရေးသတင်းကိုချက်ချင်းငြင်းဆို

G-Dragon နဲ့ Miss Korea ပြိုင်ပွဲဝင်ဟောင်း Kim Go Eun တို့ချစ်ကြိုက်နေပါတယ်ဆိုတဲ့သတင်းကို G-Dragon ရဲ့အေဂျင်စီကချက် ချင်းငြင်းဆိုလိုက်ပါတယ်။ G-Dragon ရဲ့ အေဂျင်စီဖြစ်တဲ့ Galaxy Corporation က ‘သူတို့နှစ်ယောက်ကတစ်ဦးကိုတစ်ဦးသိရုံသိကြတဲ့ မိတ်ဆွေတွေပါ။ ချစ်သူတွေမဟုတ်ပါဘူး’ လို့ထုတ်ပြန်ခဲ့ပါတယ်။ဒီရက်ပိုင်းမှာ သူတို့နှစ်ယောက်ချစ်သူတွေဖြစ်တယ်ဆိုတဲ့သတင်းက ကြီးကြီးမားမားထွက်ပေါ်လာသလိုပြီးခဲ့တဲ့နှစ်နွေရာသီကတည်းက နိုင်ငံတကာက Fan တွေရော ကိုရီးယားက Fan တွေကြားမှာပါဒီသ တင်းကထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ဂျပန်နိုင်ငံ၊ အိုဆာကာမှာ PSG ပွဲကို အတူကြည့်ခဲ့ကြတာတွေ့ရပါတယ်။အ ချိန်မတူပေမယ့် အဆောက်အဦတူ၊ နေရာတူတဲ့ဓာတ်ပုံတွေကိုသူတို့ရဲ့လူမှုကွန်ရက်မှာတင်ခဲ့ကြတာပါ။ဘယ်လိုပဲသတင်းတွေထွက်လာပေမယ့် G-Dragon ဘက်ကတော့ ဒီသတင်းကိုချက်ချင်းငြင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

Ju Ju

zawgyi


Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*