အလုပ်လက်မဲ့ဖြစ်နေချိန် ဘာတွေလုပ်သင့်လဲ

အလုပ်တစ်ခုရဖို့ကြိုးစားနေချိန်၊ အလုပ်သစ်ရှာဖွေရတဲ့အချိန်တွေဆိုတာ စိန်ခေါ်မှုတစ်ခုပါ။ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်နေရင် တောင် သူတကယ်လိုချင်တဲ့ရာထူးနဲ့လစာကိုရနိုင်ဖို့အများကြီးစောင့်ဆိုင်းရ ရှာဖွေရပါတယ်။ကိုယ်ကအလုပ်လက်မဲ့ဖြစ်နေချိန်မှာ အလုပ်ရှာဖွေမှုကိုပဲအာရုံစိုက်ထားတယ်ဆိုတာကမှန်ကန်ပေမယ့်တစ်ဖက်မှာလည်းကိုယ့် Lifestyle အတွက်ကောင်းမွန်တဲ့အရာတွေအများကြီးကိုလုပ်ဆောင်နိုင်ပါသေးတယ်။ အလုပ်လက်မဲ့ဖြစ်နေလို့ဆိုပြီးလုံးလုံးကြီးစိတ်ဓာတ်ကျနေစရာမလိုဘဲ အလုပ်လည်းရှာ၊ကိုယ်ပိုင်အချိန်တွေကိုလည်းအကျိုးရှိအောင်သုံးဆိုတာမျိုးလုပ်သင့်ပါတယ်။လူတော်တော်များများလည်း ဒီလိုလုပ်ဆောင်ကြတာတွေ့ရပါတယ်။ကိုယ်စိတ်ပါတာလေးတွေလုပ်ဆောင်ရတဲ့အတွက် စိတ်လည်းပျော်ရွှင်ပြီးအလုပ်ရှာဖွေနေချိန်ကာလမှာဖြစ်တတ်တဲ့ စိတ်ပင်ပန်းတာစိတ်ဓာတ်ကျတာတွေကိုလည်းလျော့ပါးစေပါတယ်။စိတ်ကူးကောင်းတွေကိုလည်းဖြစ်ပေါ်လာစေပါတယ်။ဒီလိုမျိုး အလုပ်မရှိလို့ကိုယ်ပိုင်အချိန်လေးရတုန်း ဘာတွေလုပ်သင့်လဲဆိုတာကို Career အကြံပေးပညာရှင်တွေက အခုလိုရွေးထုတ်ပြောပြထားပါတယ်။

ဝါသနာပါတာလေးတွေလုပ်ဖြစ်အောင်လုပ်ပါ
နေ့စဥ်အလုပ်တက်စရာမလိုတဲ့အချိန်၊ အလုပ်ကိစ္စတွေစဥ်းစားစရာမလိုသေးချိန်မှာကိုယ်ဝါသနာပါတာလေးတွေလုပ်ကြည့်ဖို့လိုပါတယ်။ ကိုယ်စိတ်ဝင်စားပြီးမလုပ်ဖူးသေးတဲ့တချို့သောအရာလေးတွေကိုလည်း လုပ်ကြည့်နိုင်ပါတယ်။ ဥပမာ – ဟင်းချက်တာ၊ ပန်းချီဆွဲတာ၊
အပင်စိုက်တာ၊ ကော်ဖီကောင်းကောင်းဖျော်တာ၊ Vlog လေးတွေရိုက်ကြည့်တာစသဖြင့်စမ်းကြည့်နိုင်ပါတယ်။ ဒါလေးတွေကကိုယ့်ရဲ့ဝင်ငွေရရှိမယ့်လမ်းကြောင်းလေးတွေဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေနော်။

လေ့ကျင့်ခန်းလုပ်ပါ
ခန္ဓာကိုယ်ကျန်းမာရေးအတွက်အချိန်ပေးနိုင်တဲ့ကာလမျိုးမှာ ယောဂလေ့ကျင့်တာ၊ Gym သွားတာ၊လမ်းလျှောက်တာ၊ စက်ဘီးစီးတာလိုမျိုး တစ်ခုခုကိုမဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။ဒီလို ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်တာက စိတ်ဖိစီးမှု၊ စိတ်မပျော်ရွှင်မှု၊စိတ်ဓာတ်ကျမှုတွေကိုဖယ်ရှားပေးပြီး Energy တွေပြည့်လာစေပါတယ်။အလုပ်ရလို့နောက်နေ့အလုပ်ဆင်းရတော့မယ်ဆိုရင်တောင် ခန္ဓာကိုယ်က Ready ဖြစ်ပြီးသွက်လက်တက်ကြွနေစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အလုပ်ကနေအနားရချိန်မှာ Physical Activity တစ်ခုခုလုပ်ဖို့ကို ဘယ်တော့မှမတွန့်ဆုတ်သင့်ပါဘူး။

ပညာရပ်တစ်ခုခုသင်ယူပါ
ဘာသာစကားအသစ်တစ်ခုခုသင်ယူတာ၊ ဒါမှမဟုတ် English ကိုပဲပိုကောင်းအောင်လုပ်တာ၊ကိုယ်မကျွမ်းကျင်သေးတဲ့ Software တစ် ခုခုကိုကျွမ်းကျင်အောင်သင်ယူတာ၊ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ Skill တစ်ခုခုကိုထပ်တိုးသင်ယူတာမျိုးတွေကိုလည်းခုလို အလုပ်မရှိဖြစ်နေချိန်မှာလုပ်သင့်ပါတယ်။ ကိုယ့်အလုပ်နဲ့ဆိုင်တဲ့ Workshop တွေတက်ရောက်တာ၊ NGO တစ်ခုခုမှာ Volunteer သွားလုပ်တာမျိုးကလည်းကိုယ့်အတွက်ကောင်းမွန်တဲ့မှတ်တမ်းတွေကျန်စေပါတယ်။

ခရီးသွားပါ
ဒါကတော့ အခြေအနေအချိန်အခါကိုကြည့်ပြီးလုပ်ဆောင်သင့်တာမျိုးပါ။ကိုယ့်အတွက်တကယ်ကိုအဓိပ္ပါယ်ရှိစေမယ့် လုံခြုံမှုလည်းရှိမယ့်ခရီးမျိုးဆိုသွားသင့်ပါတယ်။အလုပ်တစ်ခုစလုပ်လိုက်ပြီဆိုတာနဲ့ စိတ်အေးလက်အေးခရီးသွားဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။ဒါ့ကြောင့်အချိန်အားရတုန်းခရီးထွက်ဖို့ကိုတိုက်တွန်းကြတာဖြစ်ပါတယ်။ဒါလေးတွေကတော့ ကိုယ်အလုပ်မရှိဖြစ်နေချိန် တစ်ဖက်ကလည်းအလုပ်တွေလျှောက်ထားချိန်မှာကိုယ့်အတွက်ရော အလုပ်ရှာဖွေမှုအတွက်ပါ အကျိုးရှိအောင် လုပ်ဆောင်နိုင်တာလေးတွေဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္တစ္ခုရဖို႔ႀကိဳးစားေနခ်ိန္၊ အလုပ္သစ္ရွာေဖြရတဲ့အခ်ိန္ေတြဆိုတာ စိန္ေခၚမႈတစ္ခုပါ။ပေရာ္ဖက္ရွင္နယ္တစ္ေယာက္ျဖစ္ေနရင္ ေတာင္ သူတကယ္လိုခ်င္တဲ့ရာထူးနဲ႔လစာကိုရႏိုင္ဖို႔အမ်ားႀကီးေစာင့္ဆိုင္းရ ရွာေဖြရပါတယ္။ကိုယ္ကအလုပ္လက္မဲ့ျဖစ္ေနခ်ိန္မွာ အလုပ္ရွာေဖြမႈကိုပဲအာ႐ုံစိုက္ထားတယ္ဆိုတာကမွန္ကန္ေပမယ့္တစ္ဖက္မွာလည္းကိုယ့္ Lifestyle အတြက္ေကာင္းမြန္တဲ့အရာေတြအမ်ားႀကီးကိုလုပ္ေဆာင္ႏိုင္ပါေသးတယ္။ အလုပ္လက္မဲ့ျဖစ္ေနလို႔ဆိုၿပီးလုံးလုံးႀကီးစိတ္ဓာတ္က်ေနစရာမလိုဘဲ အလုပ္လည္းရွာ၊ကိုယ္ပိုင္အခ်ိန္ေတြကိုလည္းအက်ိဳးရွိေအာင္သုံးဆိုတာမ်ိဳးလုပ္သင့္ပါတယ္။လူေတာ္ေတာ္မ်ားမ်ားလည္း ဒီလိုလုပ္ေဆာင္ၾကတာေတြ႕ရပါတယ္။ကိုယ္စိတ္ပါတာေလးေတြလုပ္ေဆာင္ရတဲ့အတြက္ စိတ္လည္းေပ်ာ္႐ႊင္ၿပီးအလုပ္ရွာေဖြေနခ်ိန္ကာလမွာျဖစ္တတ္တဲ့ စိတ္ပင္ပန္းတာစိတ္ဓာတ္က်တာေတြကိုလည္းေလ်ာ့ပါးေစပါတယ္။စိတ္ကူးေကာင္းေတြကိုလည္းျဖစ္ေပၚလာေစပါတယ္။ဒီလိုမ်ိဳး အလုပ္မရွိလို႔ကိုယ္ပိုင္အခ်ိန္ေလးရတုန္း ဘာေတြလုပ္သင့္လဲဆိုတာကို Career အႀကံေပးပညာရွင္ေတြက အခုလိုေ႐ြးထုတ္ေျပာျပထားပါတယ္။

ဝါသနာပါတာေလးေတြလုပ္ျဖစ္ေအာင္လုပ္ပါ
ေန႔စဥ္အလုပ္တက္စရာမလိုတဲ့အခ်ိန္၊ အလုပ္ကိစၥေတြစဥ္းစားစရာမလိုေသးခ်ိန္မွာကိုယ္ဝါသနာပါတာေလးေတြလုပ္ၾကည့္ဖို႔လိုပါတယ္။ ကိုယ္စိတ္ဝင္စားၿပီးမလုပ္ဖူးေသးတဲ့တခ်ိဳ႕ေသာအရာေလးေတြကိုလည္း လုပ္ၾကည့္ႏိုင္ပါတယ္။ ဥပမာ – ဟင္းခ်က္တာ၊ ပန္းခ်ီဆြဲတာ၊
အပင္စိုက္တာ၊ ေကာ္ဖီေကာင္းေကာင္းေဖ်ာ္တာ၊ Vlog ေလးေတြ႐ိုက္ၾကည့္တာစသျဖင့္စမ္းၾကည့္ႏိုင္ပါတယ္။ ဒါေလးေတြကကိုယ့္ရဲ႕ဝင္ေငြရရွိမယ့္လမ္းေၾကာင္းေလးေတြျဖစ္မလာႏိုင္ဘူးလို႔ မေျပာႏိုင္ဘူးေလေနာ္။

ေလ့က်င့္ခန္းလုပ္ပါ
ခႏၶာကိုယ္က်န္းမာေရးအတြက္အခ်ိန္ေပးႏိုင္တဲ့ကာလမ်ိဳးမွာ ေယာဂေလ့က်င့္တာ၊ Gym သြားတာ၊လမ္းေလွ်ာက္တာ၊ စက္ဘီးစီးတာလိုမ်ိဳး တစ္ခုခုကိုမျဖစ္မေနလုပ္ေဆာင္သင့္ပါတယ္။ဒီလို ကိုယ္လက္လႈပ္ရွားမႈတစ္ခုခုလုပ္တာက စိတ္ဖိစီးမႈ၊ စိတ္မေပ်ာ္႐ႊင္မႈ၊စိတ္ဓာတ္က်မႈေတြကိုဖယ္ရွားေပးၿပီး Energy ေတြျပည့္လာေစပါတယ္။အလုပ္ရလို႔ေနာက္ေန႔အလုပ္ဆင္းရေတာ့မယ္ဆိုရင္ေတာင္ ခႏၶာကိုယ္က Ready ျဖစ္ၿပီးသြက္လက္တက္ႂကြေနေစမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ အလုပ္ကေနအနားရခ်ိန္မွာ Physical Activity တစ္ခုခုလုပ္ဖို႔ကို ဘယ္ေတာ့မွမတြန႔္ဆုတ္သင့္ပါဘူး။

ပညာရပ္တစ္ခုခုသင္ယူပါ
ဘာသာစကားအသစ္တစ္ခုခုသင္ယူတာ၊ ဒါမွမဟုတ္ English ကိုပဲပိုေကာင္းေအာင္လုပ္တာ၊ကိုယ္မကြၽမ္းက်င္ေသးတဲ့ Software တစ္ ခုခုကိုကြၽမ္းက်င္ေအာင္သင္ယူတာ၊ကိုယ့္အသက္ေမြးဝမ္းေက်ာင္းနဲ႔ဆိုင္တဲ့ Skill တစ္ခုခုကိုထပ္တိုးသင္ယူတာမ်ိဳးေတြကိုလည္းခုလို အလုပ္မရွိျဖစ္ေနခ်ိန္မွာလုပ္သင့္ပါတယ္။ ကိုယ့္အလုပ္နဲ႔ဆိုင္တဲ့ Workshop ေတြတက္ေရာက္တာ၊ NGO တစ္ခုခုမွာ Volunteer သြားလုပ္တာမ်ိဳးကလည္းကိုယ့္အတြက္ေကာင္းမြန္တဲ့မွတ္တမ္းေတြက်န္ေစပါတယ္။

ခရီးသြားပါ
ဒါကေတာ့ အေျခအေနအခ်ိန္အခါကိုၾကည့္ၿပီးလုပ္ေဆာင္သင့္တာမ်ိဳးပါ။ကိုယ့္အတြက္တကယ္ကိုအဓိပၸါယ္ရွိေစမယ့္ လုံၿခဳံမႈလည္းရွိမယ့္ခရီးမ်ိဳးဆိုသြားသင့္ပါတယ္။အလုပ္တစ္ခုစလုပ္လိုက္ၿပီဆိုတာနဲ႔ စိတ္ေအးလက္ေအးခရီးသြားဖို႔ဆိုတာမျဖစ္ႏိုင္ေတာ့ပါဘူး။ဒါ့ေၾကာင့္အခ်ိန္အားရတုန္းခရီးထြက္ဖို႔ကိုတိုက္တြန္းၾကတာျဖစ္ပါတယ္။ဒါေလးေတြကေတာ့ ကိုယ္အလုပ္မရွိျဖစ္ေနခ်ိန္ တစ္ဖက္ကလည္းအလုပ္ေတြေလွ်ာက္ထားခ်ိန္မွာကိုယ့္အတြက္ေရာ အလုပ္ရွာေဖြမႈအတြက္ပါ အက်ိဳးရွိေအာင္ လုပ္ေဆာင္ႏိုင္တာေလးေတြျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*