Cate Blanchett ရဲ့ပရိသတ်အကြီးစားဖြစ်ကြောင်းပြောခဲ့တဲ့ Lily Gladstone

Elizabeth ရုပ်ရှင်ကားမှာ Cate Blanchett အော်စကာဆုမရရှိခဲ့ခြင်းအပေါ် ဝမ်းနည်းခဲ့ဖူးကြောင်း၊သူမက Cate Blanchett ရဲ့ပရိသတ်ဖြစ်ကြောင်း Lily Gladstone ကပြောခဲ့ပါတယ်။ Cate Blanchett ဟာ 1998 ခုနစ်က Elizabeth ရုပ်ရှင်ကားအတွက်အကောင်းဆုံးအ မျိုးသမီးသရုပ်ဆောင်ဆု လျာထားခြင်းခံခဲ့ရပေမယ့် အဲဒီနှစ်ကထိုဆုကို Gwyneth Paltrow ကရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲဒီအတွက် ဝမ်းနည်းခဲ့ဖူးတယ်လို့ Lily Gladstone ကပြောလာတာဖြစ်ပါတယ်။“ကျွန်မဆယ်ကျော်သက်အရွယ်ကတည်းက Cate Blanchett ကိုအရမ်းကြိုက်ခဲ့တာ၊ သူမက ကျွန်မရဲ့ Idol ပါ။ Elizabeth ရုပ်ရှင်အတွက်သူအော်စကာမရတော့ ကျွန်မတကယ့်ကိုဝမ်းနည်းခဲ့ဖူးတယ်။ သူမကအဲဒီခေတ်မှာ တကယ့်ကိုအတော်ဆုံးသရုပ်ဆောင်လို့ ကျွန်မထင်တယ်” ဆိုပြီး ပြောခဲ့တာဖြစ်ပါတယ်။

Cate Blanchett က အလွန်ကြင်နာတတ်သူဖြစ်ကြောင်း၊ အကြံဉာဏ်ကောင်းတွေလည်းပေးကြောင်းသူမကပြောခဲ့ပါသေးတယ်။ “မင်းလိုက်လျောညီထွေဖြစ်အောင်နေပြီး အောင်မြင်မှုတွေကိုဆက်ထိန်းထားလို့ပြောခဲ့တယ်၊ သူမပေးတဲ့အကြံဉာဏ်တွေကကျွန်မအတွက်တ ကယ်အထောက်အကူပြုပါတယ်”လို့ Lily Gladstone ကပြောခဲ့တာပါ။ Lily Gladstone ဟာ Killers of the Flower Moon ဇာတ် ကားနဲ့ 2024 ခုနစ်အော်စကာအတွက်အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု ဆန်ခါတင်စာရင်းမှာပါဝင်နေပြီးဒါဟာသူမအတွက်ပထမဆုံးသော အော်စကာဆန်ခါတင်စာရင်းမှာပါဝင်ခြင်းဖြစ်ပါတယ်။

Ju Ju

zawgyi

Elizabeth ႐ုပ္ရွင္ကားမွာ Cate Blanchett ေအာ္စကာဆုမရရွိခဲ့ျခင္းအေပၚ ဝမ္းနည္းခဲ့ဖူးေၾကာင္း၊သူမက Cate Blanchett ရဲ႕ပရိသတ္ျဖစ္ေၾကာင္း Lily Gladstone ကေျပာခဲ့ပါတယ္။ Cate Blanchett ဟာ 1998 ခုနစ္က Elizabeth ႐ုပ္ရွင္ကားအတြက္အေကာင္းဆုံးအ မ်ိဳးသမီးသ႐ုပ္ေဆာင္ဆု လ်ာထားျခင္းခံခဲ့ရေပမယ့္ အဲဒီႏွစ္ကထိုဆုကို Gwyneth Paltrow ကရရွိသြားခဲ့တာျဖစ္ပါတယ္။ အဲဒီအတြက္ ဝမ္းနည္းခဲ့ဖူးတယ္လို႔ Lily Gladstone ကေျပာလာတာျဖစ္ပါတယ္။“ကြၽန္မဆယ္ေက်ာ္သက္အ႐ြယ္ကတည္းက Cate Blanchett ကိုအရမ္းႀကိဳက္ခဲ့တာ၊ သူမက ကြၽန္မရဲ႕ Idol ပါ။ Elizabeth ႐ုပ္ရွင္အတြက္သူေအာ္စကာမရေတာ့ ကြၽန္မတကယ့္ကိုဝမ္းနည္းခဲ့ဖူးတယ္။ သူမကအဲဒီေခတ္မွာ တကယ့္ကိုအေတာ္ဆုံးသ႐ုပ္ေဆာင္လို႔ ကြၽန္မထင္တယ္” ဆိုၿပီး ေျပာခဲ့တာျဖစ္ပါတယ္။

Cate Blanchett က အလြန္ၾကင္နာတတ္သူျဖစ္ေၾကာင္း၊ အႀကံဉာဏ္ေကာင္းေတြလည္းေပးေၾကာင္းသူမကေျပာခဲ့ပါေသးတယ္။ “မင္းလိုက္ေလ်ာညီေထြျဖစ္ေအာင္ေနၿပီး ေအာင္ျမင္မႈေတြကိုဆက္ထိန္းထားလို႔ေျပာခဲ့တယ္၊ သူမေပးတဲ့အႀကံဉာဏ္ေတြကကြၽန္မအတြက္တ ကယ္အေထာက္အကူျပဳပါတယ္”လို႔ Lily Gladstone ကေျပာခဲ့တာပါ။ Lily Gladstone ဟာ Killers of the Flower Moon ဇာတ္ ကားနဲ႔ 2024 ခုနစ္ေအာ္စကာအတြက္အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆု ဆန္ခါတင္စာရင္းမွာပါဝင္ေနၿပီးဒါဟာသူမအတြက္ပထမဆုံးေသာ ေအာ္စကာဆန္ခါတင္စာရင္းမွာပါဝင္ျခင္းျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*