Aespa က Karina က သူမရဲ့အချစ်ရေးသတင်းအတွက်ပြန်လည်တောင်းပန်

Aespa က Karina နဲ့ မင်းသား Lee Jae Wook တို့ချစ်ကြိုက်နေပြီဆိုတဲ့သတင်းက ဖေဖော်ဝါရီလ 27 ရက်နေ့ကမှ Public မှာထုတ်ဖော်ပြောဆိုခဲ့တာပါ။ဒါပေမဲ့ မတ်လ 6 ရက်နေ့မှာတော့ ဒီသတင်းထွက်ပေါ်ခဲ့တဲ့အပေါ် Karina ဘက်ကတောင်းပန်စာရေးသားလာခဲ့ပါတယ်။ Karina ရဲ့လက်ရေးနဲ့ရေးထားတဲ့တောင်းပန်စာထဲမှာ“ခံစားချက်တချို့ကိုထုတ်ဖော်နိုင်မယ်လို့မျှော်လင့်ပြီး ဒီစာကိုရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ထပ်နာကျင်စရာတွေဖြစ်မှာကိုစိုးရိမ်နေပေမယ့်လည်းပွဲဦးထွက်ကတည်းကနေအခုချိန်ထိအားပေးလာတဲ့ ပရိသတ်တွေကိုတောင်းပန်ချင်မိပါတယ်။နောက်ပိုင်းမှာ ပိုပြီးရင့်ကျက်လာစေရမယ်၊ ပိုပြီးတော့အလုပ်ကြိုးစားမယ်”ဆိုတာမျိုးရေးသားထားတာဖြစ်ပါတယ်။

သူမရဲ့စာကအချစ်ရေးအပေါ်တိုက်ရိုက်ပြောဆိုတာမျိုးမဟုတ်ဘဲ Fan တွေကို‌တောင်းပန်တာမျိုးရေးထားတာမို့ တချို့သောပရိသတ်တွေကစိတ်ဆိုးခဲ့ကြတယ်လို့ဆိုပါတယ်။တချို့သောပရိသတ်တွေကလည်း သူမဘက်ကနေအားမလိုအားမရဖြစ်နေခဲ့ကြပါတယ်။ “တစ် ယောက်ယောက်နဲ့ချစ်သူဖြစ်တာဘာမှားလို့လဲ၊ ဘာလို့တောင်းပန်ရတာလဲ၊သူတို့ကတော်တော်ထူးဆန်းတာပဲ၊ အပိုတွေ”၊ “အမျိုးသမီး Idol ဖြစ်ရတာလည်းမလွယ်ပါလားနော်၊တောင်းပန်စာပါရေးနေရတယ်” “ရည်းစားထားတာကိုဘာလို့တောင်းပန်ရတာလဲဟင်”စတဲ့မှတ်ချက်မျိုးတွေ ရေးခဲ့ကြတာတွေ့ရပါတယ်။

Ju Ju

zawgyi

Aespa က Karina နဲ႔ မင္းသား Lee Jae Wook တို႔ခ်စ္ႀကိဳက္ေနၿပီဆိုတဲ့သတင္းက ေဖေဖာ္ဝါရီလ 27 ရက္ေန႔ကမွ Public မွာထုတ္ေဖာ္ေျပာဆိုခဲ့တာပါ။ဒါေပမဲ့ မတ္လ 6 ရက္ေန႔မွာေတာ့ ဒီသတင္းထြက္ေပၚခဲ့တဲ့အေပၚ Karina ဘက္ကေတာင္းပန္စာေရးသားလာခဲ့ပါတယ္။ Karina ရဲ႕လက္ေရးနဲ႔ေရးထားတဲ့ေတာင္းပန္စာထဲမွာ“ခံစားခ်က္တခ်ိဳ႕ကိုထုတ္ေဖာ္ႏိုင္မယ္လို႔ေမွ်ာ္လင့္ၿပီး ဒီစာကိုေရးဖို႔ဆုံးျဖတ္လိုက္ပါတယ္။ေနာက္ထပ္နာက်င္စရာေတြျဖစ္မွာကိုစိုးရိမ္ေနေပမယ့္လည္းပြဲဦးထြက္ကတည္းကေနအခုခ်ိန္ထိအားေပးလာတဲ့ ပရိသတ္ေတြကိုေတာင္းပန္ခ်င္မိပါတယ္။ေနာက္ပိုင္းမွာ ပိုၿပီးရင့္က်က္လာေစရမယ္၊ ပိုၿပီးေတာ့အလုပ္ႀကိဳးစားမယ္”ဆိုတာမ်ိဳးေရးသားထားတာျဖစ္ပါတယ္။
သူမရဲ႕စာကအခ်စ္ေရးအေပၚတိုက္႐ိုက္ေျပာဆိုတာမ်ိဳးမဟုတ္ဘဲ Fan ေတြကို‌ေတာင္းပန္တာမ်ိဳးေရးထားတာမို႔ တခ်ိဳ႕ေသာပရိသတ္ေတြကစိတ္ဆိုးခဲ့ၾကတယ္လို႔ဆိုပါတယ္။တခ်ိဳ႕ေသာပရိသတ္ေတြကလည္း သူမဘက္ကေနအားမလိုအားမရျဖစ္ေနခဲ့ၾကပါတယ္။ “တစ္ ေယာက္ေယာက္နဲ႔ခ်စ္သူျဖစ္တာဘာမွားလို႔လဲ၊ ဘာလို႔ေတာင္းပန္ရတာလဲ၊သူတို႔ကေတာ္ေတာ္ထူးဆန္းတာပဲ၊ အပိုေတြ”၊ “အမ်ိဳးသမီး Idol ျဖစ္ရတာလည္းမလြယ္ပါလားေနာ္၊ေတာင္းပန္စာပါေရးေနရတယ္” “ရည္းစားထားတာကိုဘာလို႔ေတာင္းပန္ရတာလဲဟင္”စတဲ့မွတ္ခ်က္မ်ိဳးေတြ ေရးခဲ့ၾကတာေတြ႕ရပါတယ္။
Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*