5 နှစ်စာ Career Plan ကဘာ့ကြောင့်ပိုအကျိုးများတာလဲ(၂)

အရင်နေ့က 5 နှစ်စာ Career Plan ဘာ့ကြောင့်ထားရှိသင့်တယ်ဆိုတာကိုပြောပြခဲ့ပါတယ်။ဒီနေ့မှာတော့ 5 နှစ်စာ Career Plan တစ်ခုကိုဘယ်လို ပုံစံတကျ Develop လုပ်ရမယ်ဆိုတာကိုမျှဝေပေးချင်ပါတယ်။

5 Year Career Plan အတွက် Brainstorm လုပ်တဲ့နေရာမှာကိုယ့်ကိုယ်ကိုယ်မေးသင့်တဲ့မေးခွန်းတွေကတော့
-ငါဘာကိုတကယ်လုပ်ချင်တာလဲ
-ငါစိတ်ကူးယဥ်ထားတဲ့အလုပ်ကဘာလဲ
-ငါ့ရဲ့နောက်ခံ Background နဲ့ Skills ကဘာတွေလဲ
-ငါတိုးတက်ဖို့ ဘာတွေဖြည့်ဆည်းဖို့လိုသလဲ
-ဘယ်အရာကငါ့ကိုတားဆီးထားသလဲ ဆိုတဲ့မေးခွန်းတွေမေးရမှာဖြစ်ပါတယ်။

ဒီအဖြေတွေကိုရပြီဆိုတဲ့အခါ ကိုယ်ပြင်ဆင်သင့်တာတွေကို လက်တွေ့ထုတ်နုတ်ရတော့မှာဖြစ်ပါတယ်။ဒီအဆင့်မှာတော့ ကိုယ့်စီနီယာတွေ၊ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ၊ လူကြီးတွေဆီကနေလမ်းညွှန်မှုတွေရယူတာကပိုပြီးပြည့်စုံပါလိမ့်မယ်။
-ငါ့ရဲ့ Career တိုးတက်ဖို့ ဘယ်အပြုအမူတွေကိုချန်ထားခဲ့ရမလဲ၊ ဘာတွေကိုထပ်ဖြည့်ရမယ်လို့ထင်လဲ
-ငါ့နေရာမှာဆို မင်းဘာလုပ်မလဲ
-နောက်ထပ် Career အတွက် ငါ့မှာကျွမ်းကျင်တဲ့ Skill တစ်ခုခုကိုပြပါဆိုရင်မင်းကဘယ်ဟာဖြစ်မယ်ထင်လဲစတာတွေကို မေးကြည့်နိုင်ပါတယ်။

လမ်းပြမြေပုံဆွဲပါ
လမ်းပြမြေပုံဆွဲတဲ့နေရာမှာတော့…
နံပါတ် ၁ – ကိုယ့်ရဲ့ Passion နဲ့စိတ်ဝင်စားမှုတွေကိုချရေးပါ
နံပါတ် ၂ – အချိန်နဲ့ငွေကိုဂရုစိုက်ဖို့မလိုဘူးဆိုရင် ကုမ္ပဏီထဲမှာ မင်းဘာလုပ်ချင်လဲဆိုတာတွေရေးပါ
နံပါတ် ၃ – ကိုယ့်ရည်မှန်းချက်က တိကျပြီးရှင်းလင်းပြတ်သားပါစေစတဲ့အချက်တွေနဲ့ စတင်နိုင်ပါတယ်။

နောက်တစ်ဆင့်ကတော့ …
ရှိပြီးသား Skills နဲ့ ဖြည့်ဆည်းရမယ့် Skills တွေကိုချရေးဖို့ပါ။

တတိယအဆင့်ကတော့
နှစ်တစ်နှစ်ချင်းအလိုက်ကိုယ်ဘာတွေဖြည့်ဆည်းမယ်၊ ဘယ်သင်တန်းတွေတက်မယ်၊ဘာစာအုပ်တွေဖတ်မယ် စတဲ့အရာတွေကို နှစ်နဲ့ပိုင်းခြားပြီး 5 နှစ်စာရေးရမှာဖြစ်ပါတယ်။-နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်ကိုပန်းတိုင်မရောက်အောင် ကန့်သတ်ထားတဲ့အရာတွေနဲ့
အဲဒါတွေကိုဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့အချက်တွေကိုချရေးဖို့ဖြစ်ပါတယ်။

ဒီဇယားနဲ့ ဒီအဖြေတွေကို အပြန်ပြန်သုံးသပ်လိုက်ရင် ကိုယ်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ရမယ်ဆိုတာတွေကောင်းကောင်းထွက်ပေါ်လာမှာဖြစ်ပါတယ်။အားလုံးပဲ ကိုယ်ရချင်တဲ့အလုပ်နဲ့လုပ်နေရတဲ့အလုပ်ထပ်တူကျကြပါစေ၊ ခိုင်မာတဲ့ ဝင်ငွေကောင်းတဲ့ Career တစ်ခုကိုရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Ju Ju

zawgyi

အရင္ေန႔က 5 ႏွစ္စာ Career Plan ဘာ့ေၾကာင့္ထားရွိသင့္တယ္ဆိုတာကိုေျပာျပခဲ့ပါတယ္။ဒီေန႔မွာေတာ့ 5 ႏွစ္စာ Career Plan တစ္ခုကိုဘယ္လို ပုံစံတက် Develop လုပ္ရမယ္ဆိုတာကိုမွ်ေဝေပးခ်င္ပါတယ္။

5 Year Career Plan အတြက္ Brainstorm လုပ္တဲ့ေနရာမွာကိုယ့္ကိုယ္ကိုယ္ေမးသင့္တဲ့ေမးခြန္းေတြကေတာ့
-ငါဘာကိုတကယ္လုပ္ခ်င္တာလဲ
-ငါစိတ္ကူးယဥ္ထားတဲ့အလုပ္ကဘာလဲ
-ငါ့ရဲ႕ေနာက္ခံ Background နဲ႔ Skills ကဘာေတြလဲ
-ငါတိုးတက္ဖို႔ ဘာေတြျဖည့္ဆည္းဖို႔လိုသလဲ
-ဘယ္အရာကငါ့ကိုတားဆီးထားသလဲ ဆိုတဲ့ေမးခြန္းေတြေမးရမွာျဖစ္ပါတယ္။

ဒီအေျဖေတြကိုရၿပီဆိုတဲ့အခါ ကိုယ္ျပင္ဆင္သင့္တာေတြကို လက္ေတြ႕ထုတ္ႏုတ္ရေတာ့မွာျဖစ္ပါတယ္။ဒီအဆင့္မွာေတာ့ ကိုယ့္စီနီယာေတြ၊ အလုပ္လုပ္ေနတဲ့ သူငယ္ခ်င္းေတြ၊ လူႀကီးေတြဆီကေနလမ္းၫႊန္မႈေတြရယူတာကပိုၿပီးျပည့္စုံပါလိမ့္မယ္။
-ငါ့ရဲ႕ Career တိုးတက္ဖို႔ ဘယ္အျပဳအမူေတြကိုခ်န္ထားခဲ့ရမလဲ၊ ဘာေတြကိုထပ္ျဖည့္ရမယ္လို႔ထင္လဲ
-ငါ့ေနရာမွာဆို မင္းဘာလုပ္မလဲ
-ေနာက္ထပ္ Career အတြက္ ငါ့မွာကြၽမ္းက်င္တဲ့ Skill တစ္ခုခုကိုျပပါဆိုရင္မင္းကဘယ္ဟာျဖစ္မယ္ထင္လဲစတာေတြကို ေမးၾကည့္ႏိုင္ပါတယ္။

လမ္းျပေျမပုံဆြဲပါ
လမ္းျပေျမပုံဆြဲတဲ့ေနရာမွာေတာ့…
နံပါတ္ ၁ – ကိုယ့္ရဲ႕ Passion နဲ႔စိတ္ဝင္စားမႈေတြကိုခ်ေရးပါ
နံပါတ္ ၂ – အခ်ိန္နဲ႔ေငြကိုဂ႐ုစိုက္ဖို႔မလိုဘူးဆိုရင္ ကုမၸဏီထဲမွာ မင္းဘာလုပ္ခ်င္လဲဆိုတာေတြေရးပါ
နံပါတ္ ၃ – ကိုယ့္ရည္မွန္းခ်က္က တိက်ၿပီးရွင္းလင္းျပတ္သားပါေစစတဲ့အခ်က္ေတြနဲ႔ စတင္ႏိုင္ပါတယ္။

ေနာက္တစ္ဆင့္ကေတာ့ …
ရွိၿပီးသား Skills နဲ႔ ျဖည့္ဆည္းရမယ့္ Skills ေတြကိုခ်ေရးဖို႔ပါ။

တတိယအဆင့္ကေတာ့
ႏွစ္တစ္ႏွစ္ခ်င္းအလိုက္ကိုယ္ဘာေတြျဖည့္ဆည္းမယ္၊ ဘယ္သင္တန္းေတြတက္မယ္၊ဘာစာအုပ္ေတြဖတ္မယ္ စတဲ့အရာေတြကို ႏွစ္နဲ႔ပိုင္းျခားၿပီး 5 ႏွစ္စာေရးရမွာျဖစ္ပါတယ္။-ေနာက္ဆုံးတစ္ခ်က္ကေတာ့ ကိုယ့္ကိုပန္းတိုင္မေရာက္ေအာင္ ကန႔္သတ္ထားတဲ့အရာေတြနဲ႔
အဲဒါေတြကိုဘယ္လိုေျဖရွင္းႏိုင္မလဲဆိုတဲ့အခ်က္ေတြကိုခ်ေရးဖို႔ျဖစ္ပါတယ္။

ဒီဇယားနဲ႔ ဒီအေျဖေတြကို အျပန္ျပန္သုံးသပ္လိုက္ရင္ ကိုယ္ဘာျဖစ္ခ်င္တယ္၊ ဘာလုပ္ရမယ္ဆိုတာေတြေကာင္းေကာင္းထြက္ေပၚလာမွာျဖစ္ပါတယ္။အားလုံးပဲ ကိုယ္ရခ်င္တဲ့အလုပ္နဲ႔လုပ္ေနရတဲ့အလုပ္ထပ္တူက်ၾကပါေစ၊ ခိုင္မာတဲ့ ဝင္ေငြေကာင္းတဲ့ Career တစ္ခုကိုရရွိပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*